အေျခခံေစ်းျဖင့္ စပါးဝယ္ရန္ တိုင္း ၂ ခုကို က်ပ္ ၁၃ ဘီလီယံ ထုတ္ေပးမည္

0
7

အခြေခံဈေးဖြင့် စပါးဝယ်ရန် တိုင်း ၂ ခုကို ကျပ် ၁၃ ဘီလီယံ ထုတ်ပေးမည်

နိုဝင်ဘာ ၅
ဝေဝေဖြိုး

အခြေခံဈေးဖြင့် စပါးဝယ်ရန် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကို ကျပ် ၁၃ ဘီလီယံ ထုတ်ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောသည်။

“ဝယ်ယူရေးအစီစဉ်ကို လုပ်တဲ့အခါ ပြည်နယ်တိုင်းက ဝန်ကြီးတွေအကုန်ဖိတ်ပြီး ဘယ်တိုင်းက ဝယ်ယူဖို့လိုမလဲဆိုတာ ဆွေးနွေးပါတယ်။သူတို့ပြောတာ ၃ ခုပဲရှိတယ် ရန်ကုန် ၊ ဧရာဝတီနဲ့ ပဲခူးတိုင်းပါ။ ရန်ကုန်တိုင်း ကတော့ အစိတ်အပိုင်းလေးတစ်ခုပဲ အကုန်လုံး မဟုတ်ဘူး။ဒါပေမယ့် ဝန်ကြီးချုပ်နဲ့တွေ့တဲ့အခါမှာ ရန်ကုန်တိုင်းမှာတော့ ဝယ်ဖို့ မလိုလောက်ဘူး ဆိုပြီးပြောပါတယ်။ အဲ့တော့ ၂ ခုကျန်တယ်။”ဟု ၎င်းကပြောသည်။

လက်ရှိတွင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ထံသို့ အခြေခံဈေးဖြင့် စပါးဝယ်ယူပေးရန် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့က တင်ပြထားကြောင်းသိရသည်။

ယခုနှစ် မိုးစပါးနှင့် ၂၀၂၀ နွေစပါးအတွက် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ သတ်မှတ်ထားသည့် စပါးတင်း (၁၀၀) လျှင် (၅)သိန်းနှုန်းအောက် ကျဆင်းမည်ဆိုပါက အစိုးရက ငွေစိုက်ထုတ် ဝယ်ယူပေးရန် ကျပ် ၁၅ ဘီလီယံ သတ်မှတ်လျာထားပြီး အဆိုပါ ၁၅ ဘီလီယံကို လည်း ထုတ်ထားပြီးပြီ ဖြစ်သောကြောင့် အဆင်သင့်ရှိသည်ဟုဆိုသည်။

စပါးဝယ်ယူပေးရန် လိုအပ်သောသောကြောင့်
ပဲခူးတိုင်းက ပြီးခဲ့သည့် အပတ်ထဲတွင် စပါးဝယ်ယူရန်အတွက် ၈ ဘီလီယံ ခွဲပေးရန် တောင်းဆိုထားသည်ဟုဆိုသည်။

” ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ စည်းမျဉ်းစည်းကမ်းတွေချဖို့ဆိုပြီးတော့ မကြာခင်ကာလ တစ်ပတ်လောက်အတွင်းမှာပဲ အစည်းအဝေးခေါ်ပါမယ်။ သူတို့ လိုချင်တဲ့ပိုက်ဆံကို ကျွန်တော်တို့ ထုတ်ပေးမယ်၊ ဒါကို ဘယ်လို ပြန်ဆပ်ရမယ်ဆိုတာတော့ ကျွန်တော်တို့ လုပ်ပါ့မယ်၊ လုပ်ပြီးတဲ့အခါ ဒီပဲခူးတိုင်းရဲ့ အစီအစဉ်နဲ့ ဝယ်ယူဖို့ပါ။ ဧရာဝတီတိုင်းကတော့ အခုထိတော့ မဆက်သွယ်လာသေးဘူး၊ အကြမ်းမျဉ်းတော့ သူတို့အတွက်က ၅ ဘီလီယံလောက် လိုမယ်ဆိုပြီး ပြောပါတယ်၊ အဲ့တော့ ၈ ဘီလီယံနဲ့ ၅ ဘီလီယံ ဆိုတော့ ၁၃ ဘီလီယံ ကျွန်တော်တို့ ထုတ်ထားတဲ့ ပိုက်ဆံနဲ့တော့ လုံလောက်မှုရှိပါတယ်၊ လုံလောက်မှုရှိတော့ တကယ်ဖြစ်လာရင် ကျွန်တော်တို့ ဝယ်ဖို့ကတော့ အဆင်သင့်ပါဘဲ”ဟု ဦးအောင်ထူး က ပြောသည်။

စပါးဈေး အစိုးရ သတ်မှတ်ထားသည့် နှုန်းအောက် ရောက်ရှိနေသော ဒေသများတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ ဝယ်ယူရေး အစီအစဉ်များ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် အစိုးရက ငွေစိုက်ထုတ်၍ စပါးဝယ်ယူမည့် အစီအစဉ်တွင် ဝယ်ယူပြီး ပါကလည်း ယင်းစိုက်ထုတ်ထားသည့်
ရန်ပုံငွေ ပြန်ဆပ်ရမည့် စည်းမျဉ်းစည်းကမ်းများအား ဆွေးနွေးသွားမည်ဖြစ်ပြီး ပြန်ဆပ်ရမည့်ကာလကို သတ်မှတ်သွားမည်ဟုဆိုသည်။

“ဝယ်တာကတော့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးကနေ ဝယ်ဖို့ ဖြစ်ပါတယ်၊ ဝယ်ယူခွင့်နဲ့ပတ်သက်လို့လည်း သူတို့ကို စီမံချက်နဲ့ ပတ်သက်လို့ တင်ခိုင်းထားတာရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက စီမံချက်တွေ အကုန်လုံး တင်ထားတာ ရှိပါတယ်။ အဲ့ဒီ စီမံချက်အတိုင်း သူတို့က အကောင်အထည် ဖော်သွားမှာပါ”ဟု ဆိုသည်။

လက်ရှိ အခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန် အခက်အခဲရှိသော နေရာဒေသများတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင် စီစဉ်မှုဖြင့် ဦးဆောင်အဖွဲ့က ဖွဲ့စည်းပေးထားသော လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့နှင့် ဆန်စပါးဝယ်ယူရေးအဖွဲ့များမှ ဝယ်ယူရေးကို ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့်လည်း ယင်းနှင့် ဆက်စပ်သော ဝယ်ယူရေးနှင့် သိုလှောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

_______________________________________

(Zawgyi)

အေျခခံေစ်းျဖင့္ စပါးဝယ္ရန္ တိုင္း ၂ ခုကို က်ပ္ ၁၃ ဘီလီယံ ထုတ္ေပးမည္

နိုဝင္ဘာ ၅
ေဝေဝၿဖိဳး

အေျခခံေစ်းျဖင့္ စပါးဝယ္ရန္ ပဲခူးတိုင္းႏွင့္ ဧရာဝတီတိုင္းကို က်ပ္ ၁၃ ဘီလီယံ ထုတ္ေပးမည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူး က ေျပာသည္။

“ဝယ္ယူေရးအစီစဥ္ကို လုပ္တဲ့အခါ ျပည္နယ္တိုင္းက ဝန္ႀကီးေတြအကုန္ဖိတ္ၿပီး ဘယ္တိုင္းက ဝယ္ယူဖို႔လိုမလဲဆိုတာ ေဆြးေႏြးပါတယ္။သူတို႔ေျပာတာ ၃ ခုပဲရွိတယ္ ရန္ကုန္ ၊ ဧရာဝတီနဲ႔ ပဲခူးတိုင္းပါ။ ရန္ကုန္တုိင္း ကေတာ့ အစိတ္အပိုင္းေလးတစ္ခုပဲ အကုန္လံုး မဟုတ္ဘူး။ဒါေပမယ့္ ဝန္ႀကီးခ်ဳပ္နဲ႔ေတြ႕တဲ့အခါမွာ ရန္ကုန္တိုင္းမွာေတာ့ ဝယ္ဖို႔ မလိုေလာက္ဘူး ဆိုၿပီးေျပာပါတယ္။ အဲ့ေတာ့ ၂ ခုက်န္တယ္။”ဟု ၎ကေျပာသည္။

လက္ရွိတြင္ ေတာင္သူလယ္သမား အခြင့္အေရး ကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရး ဦးေဆာင္အဖြဲ႕ထံသို႔ အေျခခံေစ်းျဖင့္ စပါးဝယ္ယူေပးရန္ ပဲခူးတိုင္း၊ ဧရာဝတီတိုင္းႏွင့္ ရန္ကုန္တိုင္းတို႔က တင္ျပထားေၾကာင္းသိရသည္။

ယခုႏွစ္ မိုးစပါးႏွင့္ ၂၀၂၀ ေႏြစပါးအတြက္ ေအာက္တိုဘာ ၁၅ ရက္တြင္ အစိုးရ သတ္မွတ္ထားသည့္ စပါးတင္း (၁၀၀) လွ်င္ (၅)သိန္းႏႈန္းေအာက္ က်ဆင္းမည္ဆိုပါက အစိုးရက ေငြစိုက္ထုတ္ ဝယ္ယူေပးရန္ က်ပ္ ၁၅ ဘီလီယံ သတ္မွတ္လ်ာထားၿပီး အဆိုပါ ၁၅ ဘီလီယံကို လည္း ထုတ္ထားၿပီးၿပီ ျဖစ္ေသာေၾကာင့္ အဆင္သင့္ရွိသည္ဟုဆိုသည္။

စပါးဝယ္ယူေပးရန္ လိုအပ္ေသာေသာေၾကာင့္
ပဲဲခူးတိုင္းက ၿပီးခဲ့သည့္ အပတ္ထဲတြင္ စပါးဝယ္ယူရန္အတြက္ ၈ ဘီလီယံ ခြဲေပးရန္ ေတာင္းဆိုထားသည္ဟုဆိုသည္။

” ဒါနဲ႕ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ စည္းမ်ဥ္းစည္းကမ္းေတြခ်ဖို႔ဆိုၿပီးေတာ့ မၾကာခင္ကာလ တစ္ပတ္ေလာက္အတြင္းမွာပဲ အစည္းအေဝးေခၚပါမယ္။ သူတို႔ လိုခ်င္တဲ့ပိုက္ဆံကို ကြၽန္ေတာ္တို႔ ထုတ္ေပးမယ္၊ ဒါကို ဘယ္လို ျပန္ဆပ္ရမယ္ဆိုတာေတာ့ ကြၽန္ေတာ္တို႔ လုပ္ပါ့မယ္၊ လုပ္ၿပီးတဲ့အခါ ဒီပဲခူးတိုင္းရဲ႕ အစီအစဥ္နဲ႕ ဝယ္ယူဖို႔ပါ။ ဧရာဝတီတိုင္းကေတာ့ အခုထိေတာ့ မဆက္သြယ္လာေသးဘူး၊ အၾကမ္းမ်ဥ္းေတာ့ သူတို႔အတြက္က ၅ ဘီလီယံေလာက္ လိုမယ္ဆိုၿပီး ေျပာပါတယ္၊ အဲ့ေတာ့ ၈ ဘီလီယံနဲ႕ ၅ ဘီလီယံ ဆိုေတာ့ ၁၃ ဘီလီယံ ကြၽန္ေတာ္တို႔ ထုတ္ထားတဲ့ ပိုက္ဆံနဲ႕ေတာ့ လုံေလာက္မႈရွိပါတယ္၊ လုံေလာက္မႈရွိေတာ့ တကယ္ျဖစ္လာရင္ ကြၽန္ေတာ္တို႔ ဝယ္ဖို႔ကေတာ့ အဆင္သင့္ပါဘဲ”ဟု ဦးေအာင္ထူး က ေျပာသည္။

စပါးေစ်း အစိုးရ သတ္မွတ္ထားသည့္ ႏႈန္းေအာက္ ေရာက္ရွိေနေသာ ေဒသမ်ားတြင္ သက္ဆိုင္ရာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မ်ားမွ ဝယ္ယူေရး အစီအစဥ္မ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ထို႔ျပင္ အစိုးရက ေငြစိုက္ထုတ္၍ စပါးဝယ္ယူမည့္ အစီအစဥ္တြင္ ဝယ္ယူၿပီး ပါကလည္း ယင္းစိုက္ထုတ္ထားသည့္
ရန္ပုံေငြ ျပန္ဆပ္ရမည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအား ေဆြးေႏြးသြားမည္ျဖစ္ၿပီး ျပန္ဆပ္ရမည့္ကာလကို သတ္မွတ္သြားမည္ဟုဆိုသည္။

“ဝယ္တာကေတာ့ သက္ဆိုင္ရာျပည္နယ္နဲ႕ တိုင္းေဒသႀကီးကေန ဝယ္ဖို႔ ျဖစ္ပါတယ္၊ ဝယ္ယူခြင့္နဲ႕ပတ္သက္လို႔လည္း သူတို႔ကို စီမံခ်က္နဲ႕ ပတ္သက္လို႔ တင္ခိုင္းထားတာရွိပါတယ္။ ျပည္နယ္နဲ႕ တိုင္းေဒသႀကီးေတြက စီမံခ်က္ေတြ အကုန္လုံး တင္ထားတာ ရွိပါတယ္။ အဲ့ဒီ စီမံခ်က္အတိုင္း သူတို႔က အေကာင္အထည္ ေဖာ္သြားမွာပါ”ဟု ဆိုသည္။

လက္ရွိ အေျခခံရည္ၫႊန္းေစ်းျဖင့္ ေရာင္းခ်ရန္ အခက္အခဲရွိေသာ ေနရာေဒသမ်ားတြင္ နိုင္ငံေတာ္အစိုးရ၏ ဦးေဆာင္ စီစဥ္မႈျဖင့္ ဦးေဆာင္အဖြဲ႕က ဖြဲ႕စည္းေပးထားေသာ လယ္ယာထုတ္ကုန္ စီမံခန႔္ခြဲေရးအဖြဲ႕ႏွင့္ ဆန္စပါးဝယ္ယူေရးအဖြဲ႕မ်ားမွ ဝယ္ယူေရးကို ေဆာင္႐ြက္သြားရန္ ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာနိုင္ငံဆန္စပါးအသင္းခ်ဳပ္ အေနျဖင့္လည္း ယင္းႏွင့္ ဆက္စပ္ေသာ ဝယ္ယူေရးႏွင့္ သိုေလွာင္ေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္ ကူညီေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

Leave a Reply