ေ႐ႊနဒီအျမန္ေရယာဥ္ေပၚမွ ဖမ္းဆီးထားသူ ၂၅ ဦးကို AA ျပန္လည္လႊတ္ေပး

0
6

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထားသူ ၂၅ ဦးကို AA ပြန်လည်လွှတ်ပေး

နိုဝင်ဘာ ၅

ကျော်သူမြင့်

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထားသူ ၂၅ ဦးကို AA အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း အောင်သိန်းက အတည်ပြုပြောဆိုသည်။

“သူတို့ကို ပြန်လွှတ်ပေးလိုက်တာဟုတ်ပါတယ်။ ကျွန်တော်တို့ ခေါ်ဖို့သွားနေပါတယ် ဘယ်သူတွေ ပါတယ် မပါဘူးဆိုတာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး”ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများကို ဘူးသီးတောင်မြို့နယ်၊ စက်ခေါ်ကျေးရွာသို့ လာရောက်လွှတ် ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လွှတ်မြောက်လာသူများထဲတွင် ဟိန္ဒူလူမျိုး လူမျိုး ၂ဦးပါဝင်ကြောင်း ကနဦးသတင်းများအရ သိရ သည်။

အောက်တိုဘာ ၂၆ ရက်က ရွှေနဒီအမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သား ၅၆ ဦးကို AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်မဲဆန္ဒနယ်မြေ(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA အဖွဲ့ က နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ပြန်လည်စေလွှတ်ပေးခြင်း မရှိသေးပေ။

နိုဝင်ဘာ ၄ ရက်နေ့က AA ၏ထုတ်ပြန်ချက်တွင် စစ်ဖက်နှင့် မသက်ဆိုင်သည့် ဖမ်းဆီးထားသည့် မီးသတ်ဝန်ထမ်းများကို မကြာမှီပြန်လည်စေလွှတ်ပေးမည်ဟု ပြောဆိုထားသည်။

ဓာတ်ပုံ _ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်

_______________________________________

(Zawgyi)

ေ႐ႊနဒီအျမန္ေရယာဥ္ေပၚမွ ဖမ္းဆီးထားသူ ၂၅ ဦးကို AA ျပန္လည္လႊတ္ေပး

ႏိုဝင္ဘာ ၅

ေက်ာ္သူျမင့္

ေ႐ႊနဒီအျမန္ေရယာဥ္ေပၚမွ ဖမ္းဆီးထားသူ ၂၅ ဦးကိ္ု AA အဖဲြ႕မွ ယေန႔နံနက္ပိုင္းတြင္ ျပန္လည္ လႊတ္ေပးလိုက္ၿပီျဖစ္သည္ဟု ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္း ေအာင္သိန္းက အတည္ျပဳေျပာဆိုသည္။

“သူတို႔ကို ျပန္လႊတ္ေပးလိုက္တာဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ ေခၚဖို႔သြားေနပါတယ္ ဘယ္သူေတြ ပါတယ္ မပါဘူးဆိုတာေတာ့ ကၽြန္ေတာ္တို႔ အတည္မျပဳႏိုင္ေသးပါဘူး”ဟု ဦးထြန္းေအာင္သိန္းက ေျပာသည္။

ျပန္လည္လြတ္ေျမာက္လာသူမ်ားကို ဘူးသီးေတာင္ၿမိဳ႕နယ္၊ စက္ေခၚေက်း႐ြာသို႔ လာေရာက္လႊတ္ ေပးခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

လႊတ္ေျမာက္လာသူမ်ားထဲတြင္ ဟိႏၵဴလူမ်ိဳး လူမ်ိဳး ၂ဦးပါဝင္ေၾကာင္း ကနဦးသတင္းမ်ားအရ သိရ သည္။

ေအာက္တိုဘာ ၂၆ ရက္က ေ႐ႊနဒီအျမန္ေရယာဥ္ေပၚတြင္ လိုက္ပါလာသည့္ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖဲြ႕ဝင္မ်ားႏွင့္ အရပ္သား ၅၆ ဦးကို AA အဖဲြ႕မွ ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္သည္။

ခ်င္းျပည္နယ္မဲဆႏၵနယ္ေျမ(၁၁) အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္းအား AA အဖဲြ႕ က ႏိုဝင္ဘာ ၃ ရက္ေန႔က ဖမ္းဆီးခဲ့ၿပီး ျပန္လည္ေစလႊတ္ေပးျခင္း မရွိေသးေပ။

ႏိုဝင္ဘာ ၄ ရက္ေန႔က AA ၏ထုတ္ျပန္ခ်က္တြင္ စစ္ဖက္ႏွင့္ မသက္ဆိုင္သည့္ ဖမ္းဆီးထားသည့္ မီးသတ္ဝန္ထမ္းမ်ားကို မၾကာမွီျပန္လည္ေစလႊတ္ေပးမည္ဟု ေျပာဆိုထားသည္။

ဓာတ္​ပံု _ ထာဝရၿငိမ္​းခ်မ္​း​ေရးသတင္​းကြန္​ရက္

Leave a Reply