ေအာင္ႀကီးေရွ႕ေနအားတရားစြဲဆိုထားသည့္ အမႈ BBC သတင္းေထာက္အပါအ၀င္ လိုျပ သက္ေသ ၂ ဦး စစ္ေဆး

0
6

အောင်ကြီးရှေ့နေအားတရားစွဲဆိုထားသည့် အမှု BBC သတင်းထောက်အပါအဝင် လိုပြ သက်သေ ၂ ဦး စစ်ဆေး

နိုဝင်ဘာ ၅
ယဉ်ကေနွယ်

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေးအမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု ယူဆထားသည့် တရားခံအောင်ကြီး ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၁၀၁ ဖြင့် ပုပ္ပသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းသို့ တရားစွဲဆိုရခြင်းသည် ဗစ်တိုးရီးယားလေး၏ ဒုတိယအကြိမ်မြောက်ရုံးချိန်းအပြီးတွင် ဒေါ်စုဒါလီအောင်မှ BBC သတင်းဌာနအား အင်တာဗျူးဖြေဆိုရာတွင် ကိုကိုညီညီ ဟု သုံးနှုန်းခဲ့ခြင်းကြောင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ အမှု မှ ယနေ့ တွင် နေပြည်တော် အခြေစိုက် BBC သတင်းထောက်ဖြစ်သူ ကိုအောင်သူရနှင့် လိုပြ သက်သေ ၂ ဦးဖြစ်သည့် ကျေးရွာမှ ရာအိမ်မှူး ၂ ဦးတို့ ကို နှစ်ဖက်ရှေ့နေများမှ ပြန်အလှန်စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“သတင်းထောက်ကလည်း သူ့လုပ်ဆောင်ချက်ပဲ သူထွက်ဆိုထားတာပေါ့။ BBC သတင်းဌာန က ထုတ်လွင့်တာက သူတို့ ဌာန အကြီးအကဲတွေကို ဌာနရဲ့ အရင်းအမြစ်တွေကို တင်ပြတဲ့ အခါမှာ သူတို့ဌာန ကနေပြီးတော့ မီဒီယာကျင့်ဝတ် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ အင်တာဗျူးတွေဆို တစ်ဖိုင်လုံး လုံး၀ မတင်တဲ့ အနေအထားတွေလည်းရှိတယ်ပေါ့နော်။ ကျွန်မနဲ့ အင်တာဗျူးကို တင်ခဲ့တာက သူတို့ သတင်းမီဒီယာမှာ ပြဌာန်းထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ညီတဲ့ ပြဌာန်းချက်ကြောင့်သာ ဒီလိုမျိုး ဗွီဒီယိုဖိုင်ကို တင်ခဲ့ခြင်းဖြစ်တယ်ဆိုတာ ထွက်ဆိုသွားတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကပြောသည်။

ယမန်နေ့က စစ်ဆေးမေးမြန်းမှုသည် အားရကျေနပ်မှုရှိပြီး ဒေါ်ဥမ္မာလှိုင်တရားစွဲဆိုထားသည့် ၎င်း ၏ သားနှစ်ယောက်သည် ကိုကိုညီညီ မဟုတ်ကြောင်း သက်သေများမှ ထွက်ဆိုခဲ့ကြောင်း ဒေါ်စုဒါလီအောင်ကပြောသည်။

၎င်း အမှုနှင့် ပတ်သက်ပြီး လာမည့် ရုံးချိန်းကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် လုပ်ဆောင်သွားမည်ဖြစ်ပြိး ယင်းနေ့ တွင် ထပ်မံ၍ လိုပြ သက်သေ ၂ ဦးကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

_______________________________________

(Zawgyi)

ေအာင္ႀကီးေရွ႕ေနအားတရားစြဲဆိုထားသည့္ အမႈ BBC သတင္းေထာက္အပါအ၀င္ လိုျပ သက္ေသ ၂ ဦး စစ္ေဆး

နို၀င္ဘာ ၅
ယဥ္ေကႏြယ္

ေနျပည္ေတာ္တြင္ ျဖစ္ပြားခဲ့သည့္ ဗစ္တိုးရီးယားေလးအမႈနွင့္ ပတ္သက္ၿပီး သံသယ တရားခံဟု ယူဆထားသည့္ တရားခံေအာင္ႀကီး ဘက္မွ အမႈလိုက္ပါေဆာင္ရြက္ေပးေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစုဒါလီေအာင္ကို Wisdom Hill ေက်ာင္းမွ ေက်ာင္းႀကီးၾကပ္ေရးမွဴးျဖစ္သူ ေဒၚဥမၼာလႈိင္မွ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၀၁ ျဖင့္ ပုပၸသီရိၿမိဳ႕နယ္ တရားရံုးတြင္ တရားစြဲဆိုထားျခင္းျဖစ္သည္။

ယင္းသို႔ တရားစြဲဆိုရျခင္းသည္ ဗစ္တိုးရီးယားေလး၏ ဒုတိယအႀကိမ္ေျမာက္ရံုးခ်ိန္းအၿပီးတြင္ ေဒၚစုဒါလီေအာင္မွ BBC သတင္းဌာနအား အင္တာဗ်ဴးေျဖဆိုရာတြင္ ကိုကိုညီညီ ဟု သံုးႏႈန္းခဲ့ျခင္းေၾကာင့္ တရားစြဲဆိုထားျခင္းျဖစ္သည္။

အဆိုပါ အမႈ မွ ယေန႔ တြင္ ေနျပည္ေတာ္ အေျခစိုက္ BBC သတင္းေထာက္ျဖစ္သူ ကိုေအာင္သူရႏွင့္ လိုျပ သက္ေသ ၂ ဦးျဖစ္သည့္ ေက်းရြာမွ ရာအိမ္မွဴး ၂ ဦးတို႔ ကို နွစ္ဖက္္္ေရွ႕ေနမ်ားမွ ျပန္အလွန္စစ္ေဆးေမးျမန္းမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

“သတင္းေထာက္ကလည္း သူ႔လုပ္ေဆာင္ခ်က္ပဲ သူထြက္ဆိုထားတာေပါ့။ BBC သတင္းဌာန က ထုတ္လြင့္တာက သူတို႔ ဌာန အႀကီးအကဲေတြကို ဌာနရဲ႕ အရင္းအျမစ္ေတြကို တင္ျပတဲ့ အခါမွာ သူတို႔ဌာန ကေနၿပီးေတာ့ မီဒီယာက်င့္၀တ္ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစညး္ကမး္နဲ႔ မညီတဲ့ အင္တာဗ်ဴးေတြဆို တစ္ဖိုင္လံုး လံုး၀ မတင္တဲ့ အေနအထားေတြလည္းရွိတယ္ေပါ့ေနာ္။ ကၽြန္မနဲ႔ အင္တာဗ်ဴးကို တင္ခဲ့တာက သူတို႔ သတင္းမီဒီယာမွာ ျပဌာန္းထားတဲ့ စည္းမ်ဥး္စည္းကမ္းေတြနဲ႕ ညီတဲ့ ျပဌာန္းခ်က္ေၾကာင့္သာ ဒီလိုမ်ိဳး ဗီြဒီယိုဖိုင္ကို တင္ခဲ့ျခင္းျဖစ္တယ္ဆိုတာ ထြက္ဆိုသြားတယ္”ဟု တရားလႊတ္ေတာ္ေရွ႔႕ေန ေဒၚစုဒါလီေအာင္ကေျပာသည္။

ယမန္​​ေန႔က စစ္​​ေဆး​ေမးျမန္​းမႈသည္​ အားရေက်နပ္မႈရွိၿပီး ေဒၚဥမၼာလႈိင္တရားစြဲဆိုထားသည့္ ၎ ၏ သားႏွစ္ေယာက္သည္ ကိုကိုညီညီ မဟုတ္ေၾကာင္း သက္ေသမ်ားမွ ထြက္ဆိုခဲ့ေၾကာင္း ေဒၚစုဒါလီေအာင္ကေျပာသည္။

၎ အမႈႏွင့္ ပတ္သက္ၿပီး လာမည့္ ရံုးခ်ိန္းကိုေတာ့ နို၀င္ဘာလ ၁၈ ရက္ေန႔ တြင္ လုပ္ေဆာင္သြားမည္ျဖစ္ၿပိး ယင္းေန႔ တြင္ ထပ္မံ၍ လိုျပ သက္ေသ ၂ ဦးကို စစ္ေဆးေမးျမန္းမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Leave a Reply