သပိတ္​က်င္​းမွာ ဘုရားဖူးကား​ေမွာက္​၊ ၁၃ ဦး​ေသဆံုး

0
8

သပိတ်ကျင်းမှာ ဘုရားဖူးကားမှောက်၊ ၁၃ ဦးသေဆုံး

နိုဝင်ဘာ – ၅
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ကျောက်ကြီးရွာအနီး တောင်အဆင်းလမ်းတွင် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်အစောပိုင်းအချိန်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ (၁၃) ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) က သိရသည် ။

သေဆုံးသူများတွင် သံဃာတော် နှစ်ပါးအပါအဝင် ကျား (၃) ဦး နှင့် မ ၁၀ ဦးပါဝင်ပြီး ဒဏ်ရာရရှိသူ (၂၇) ဦးရှိကာ ဆေးရုံတင်ပို့မှုများဆောင်ရွက်နေကြောင်း

“ဘုရားဖူးထွက်လာတဲ့ကားပါ ။ အဲ့နားက အဆင်းကော အကွေ့ကောရှိတယ် ။ နှစ်စီးလာတာပါ တစ်စီးက မောက်တယ် တစ်စီးက ဘီးချော်သွားတာပါ။´´ ဟု သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင် က ပြောသည် ။

ယာဉ်တိမ်းမှောက်သော အဖွဲ့သည် မော်လမြိုင်မြို့ မှ ဇလုံတောင်အနီး သို့ ကထိန်ခင်းရန် လာသော ဟိတဓရ ဓမ္မစကူး အဖွဲ့ ဖြစ်ကြောင်း သိရသည် ။

စဥ့်ကူး ၊ သပိတ်ကျင်း နှင့် ရွှေဘို တို့မှ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ အားလုံးပူးပေါင်း ကာ လူနာများ အား ကယ်ဆယ်ခြင်း နှင့် သေဆုံးသူများ၏ ရုပ်အလောင်းများ အား သယ်ထုတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

#TheFifthWave #ဘုရားဖူးကားမှောက်

________________________________________

(Zawgyi)

သပိတ္​က်င္​းမွာ ဘုရားဖူးကား​ေမွာက္​၊ ၁၃ ဦး​ေသဆံုး

ႏိုဝင္ဘာ – ၅
ႏိုင္လင္းဦး

မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္းၿမိဳ႕နယ္ ေက်ာက္ႀကီးရြာအနီး ေတာင္အဆင္းလမ္းတြင္ ႏိုဝင္ဘာလ ၅ ရက္ေန႔ နံနက္အေစာပိုင္းအခ်ိန္က ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ၿပီး လူ (၁၃) ဦးေသဆံုးခဲ့ေၾကာင္း ျမန္မာနိုင္ငံ လူမွုကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္းေဒသႀကီး ေကာ္မတီ) က သိရသည္ ။

ေသဆံုးသူမ်ားတြင္ သံဃာေတာ္ ႏွစ္ပါးအပါအဝင္ က်ား (၃) ဦး ႏွင့္ မ ၁၀ ဦးပါဝင္ၿပီး ဒဏ္ရာရရွိသူ (၂၇) ဦးရွိကာ ေဆးရံုတင္ပို႔မႈမ်ားေဆာင္ရြက္ေနေၾကာင္း

“ဘုရားဖူးထြက္လာတဲ႔ကားပါ ။ အဲ႔နားက အဆင္းေကာ အေကြ႕ေကာရွိတယ္ ။ ႏွစ္စီးလာတာပါ တစ္စီးက ေမာက္တယ္ တစ္စီးက ဘီးေခ်ာ္သြားတာပါ။´´ ဟု သပိတ္က်င္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးလြင္ က ေျပာသည္ ။

ယာဥ္တိမ္းေမွာက္ေသာ အဖြဲ႕သည္ ေမာ္လၿမိဳင္ၿမိဳ႕ မွ ဇလုံေတာင္အနီး သို႔ ကထိန္ခင္းရန္ လာေသာ ဟိတဓရ ဓမၼစကူး အဖြဲ႕ ျဖစ္ေၾကာင္း သိရသည္ ။

စဥ့္ကူး ၊ သပိတ္က်င္း ႏွင့္ ေရႊဘို တို႔မွ ျမန္မာနိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ား အားလုံးပူးေပါင္း ကာ လူနာမ်ား အား ကယ္ဆယ္ျခင္း ႏွင့္ ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းမ်ား အား သယ္ထုတ္ျခင္းတို႔ကို လုပ္ေဆာင္ခဲ့ၾကသည္။

#TheFifthWave #ဘုရားဖူးကား​ေမွာက္

Leave a Reply