သာသနာ့​ေျမ​ေပၚ ​ေနထိုင္​သူမ်ား ဖယ္​႐ွားျခင္​း ႐ွိ၊ မ႐ွိ စစ္​​ေဆး

0
5

သာသနာ့မြေပေါ် နေထိုင်သူများ ဖယ်ရှားခြင်း ရှိ၊ မရှိ စစ်ဆေး

နိုဝင်ဘာ – ၄
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ သာသနာ့ မြေပေါ်တွင် အခြေချ နေထိုင်သူများကို ဖယ်ရှားပေးရန် စစ်ဆေးသတိပေးမှုများ ပြုလုပ်ထားသည့် ကျောင်းတိုက်များသို့ နိုဝင်ဘာလ ၄ ရက်နေ့က မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်များ က စစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ။

သင်္ဂဇာကျောင်းတိုက် ၊ အကောက်ဝန်ကျောင်းတိုက် နှင့် ဒက္ခိဏဝန်ကျောင်းတိုက်များရှိ ကျောင်းပေါင်း ၄၀ ကျော်အား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လူနေထိုင်မှုများ ဖယ်ရှားပြီးသည့်အနေအထားတွင်တွေ့ရှိခဲ့ရသည် ။

“ကျောင်းတော်တော်များများတော့ လူနေထိုင်တာမရှိတော့ဘူး။ အတော်လေးကြည်နူးစရာကောင်းပါတယ်။ ကြည်ညိုစရာကောင်းပါတယ်။ ဒီလိုဖြစ်ပေါ်လာတာကလည်း နိုင်ငံတော် သံဃနာယက ညွှန်ကြားခဲ့တာကြာပါပြီ ။ ခုမှ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ အားပေးမှုနဲ့ အာဏာစက် ဓမ္မစက်ညီမျှလို့သာ အောင်မြင်တာပါ။´´ ဟု ချမ်းအေးသာစံမြို့နယ် သာသာနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရ က မိန့်ကြားသည် ။

ထို့အပြင် ကျောင်းတိုက်များတွင် မြေလွတ်မြေလပ်များ ပြန်လည်ရရှိခဲ့ပြီး ထပ်မံနေထိုင်မှုများမရှိစေရန်နှင့် ကျူးကျော်မှုများမရှိစေရန် အုတ်တံတိုင်းကာရံခြင်းများ ပြုလုပ်သွားရန် ချမ်းအေးသာစံမြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် က ကျောင်းတိုက်ဆရာတော်များအား မိန့်ကြားခဲ့သည် ။

သင်္ဂဇာကျောင်းတိုက်အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် အခြေချနေထိုင်သူအများအပြားတွေ့ရပြီး သစ်စက်၊ ကျော်ဖြတ်စက် ၊ ကာဝပ်ရှော့ နှင့် ကျူရှင်သင်ကြားမှုဟစသည်တို့ကို စစ်ဆေးတွေ့ရှိခဲ့ကာ ခံဝန်လက်မှတ်များထိုး၍ သတင်းကျွတ်လပြည့်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အောက်တိုဘာလ ၁ ရက်နေ့က အသိပေးခဲ့ခြင်းဖြစ်သည် ။

သာသနာ့နယ်မြေများဖြစ်သည့် ဘုန်းကြီးကျောင်းများတွင် ရာဇဝတ်မှုမကင်းသော လုပ်ငန်းများဆောင်ရွက်မှုမရှိစေရန် ဆောင်ရွက်လျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က သိရသည် ။

အချို့ ရာဇဝတ်မှုများ၊ လောင်းကစားဒိုင်များ၊ စာရွက် စာတမ်း အတုပြုလုပ်မှုများ စသည်တို့ကို ဘုန်းကြီးကျောင်းမျာအတွင်းမှ ဖမ်းဆီးရမိသည့်အတွက် စာရင်းကောက်ခံမှုများပြုလုပ်ရန် သံဃာ့နာယက သို့ လျှောက်ထားတင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

ဘုန်းကြီးကျောင်း (သာသနာ့နယ်မြေ) နှင့် ဘုန်းကြီးကျောင်းအနီးရှိ မီးတားမြေအဖြစ် သတ်မှတ်ထားသော မြေနေရာမျာပေါ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ မြေနေရာငှားရမ်း၍ လုပ်ငန်းများဆောင်ရွက်ခြင်း ၊ ခွင့်ပြုထားရှိမှုအား အမြန်ရှင်းလင်းဆောင်ရွက်ပေးရေး မြို့နယ်သံဃာ့နာယက မှ တဆင့် ဘုန်းကြီးကျောင်း တစ်ကျောင်းချင်းစာထွက်ရန် နှင့် လိုက်နာမှုမရှိပါက ရှင်းလင်းဖယ်ရှားနိုင်ရေး စီမံဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည် ။

________________________________________

(Zawgyi)

သာသနာ့​ေျမ​ေပၚ ​ေနထိုင္​သူမ်ား ဖယ္​႐ွားျခင္​း ႐ွိ၊ မ႐ွိ စစ္​​ေဆး

ႏိုဝင္ဘာ – ၄
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္းရွိ သာသနာ့ ေျမေပၚတြင္ အေျခခ် ေနထိုင္သူမ်ားကို ဖယ္ရွားေပးရန္ စစ္ေဆးသတိေပးမႈမ်ား ျပဳလုပ္ထားသည့္ ေက်ာင္းတိုက္မ်ားသို႔ ႏိုဝင္ဘာလ ၄ ရက္ေန႔က ၿမိဳ႕နယ္သံဃနာယက ဥကၠ႒ ဆရာေတာ္ႏွင့္ သံဃာေတာ္မ်ား က စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္ ။

သဂၤဇာေက်ာင္းတိုက္ ၊ အေကာက္ဝန္ေက်ာင္းတိုက္ ႏွင့္ ဒကၡိဏဝန္ေက်ာင္းတိုက္မ်ားရွိ ေက်ာင္းေပါင္း ၄၀ ေက်ာ္အား စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး လူေနထိုင္မႈမ်ား ဖယ္ရွားၿပီးသည့္အေနအထားတြင္ေတြ႕ရွိခဲ့ရသည္ ။

“ေက်ာင္းေတာ္ေတာ္မ်ားမ်ားေတာ့ လူေနထိုင္တာမရွိေတာ့ဘူး။ အေတာ္ေလးၾကည္ႏူးစရာေကာင္းပါတယ္။ ၾကည္ညိဳစရာေကာင္းပါတယ္။ ဒီလိုျဖစ္ေပၚလာတာကလည္း ႏိုင္ငံေတာ္ သံဃနာယက ညႊန္ၾကားခဲ့တာၾကာပါၿပီ ။ ခုမွ မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ရဲ႕ အားေပးမႈနဲ႔ အာဏာစက္ ဓမၼစက္ညီမွ်လို႔သာ ေအာင္ျမင္တာပါ။´´ ဟု ခ်မ္းေအးသာစံၿမိဳ႕နယ္ သာသာနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ ဥကၠ႒ ဆရာေတာ္ ဦးဝိဓူရ က မိန္႔ၾကားသည္ ။

ထို႔အျပင္ ေက်ာင္းတိုက္မ်ားတြင္ ေျမလြတ္ေျမလပ္မ်ား ျပန္လည္ရရွိခဲ့ၿပီး ထပ္မံေနထိုင္မႈမ်ားမရွိေစရန္ႏွင့္ က်ဴးေက်ာ္မႈမ်ားမရွိေစရန္ အုတ္တံတိုင္းကာရံျခင္းမ်ား ျပဳလုပ္သြားရန္ ခ်မ္းေအးသာစံၿမိဳ႕နယ္သံဃနာယက ဥကၠ႒ ဆရာေတာ္ က ေက်ာင္းတိုက္ဆရာေတာ္မ်ားအား မိန္႔ၾကားခဲ့သည္ ။

သဂၤဇာေက်ာင္းတိုက္အတြင္းရွိ ဘုန္းႀကီးေက်ာင္းမ်ားတြင္ အေျခခ်ေနထိုင္သူအမ်ားအျပားေတြ႕ရၿပီး သစ္စက္၊ ေက်ာ္ျဖတ္စက္ ၊ ကာဝပ္ေရွာ့ ႏွင့္ က်ဴရွင္သင္ၾကားမႈဟစသည္တို႔ကို စစ္ေဆးေတြ႕ရွိခဲ့ကာ ခံဝန္လက္မွတ္မ်ားထိုး၍ သတင္းကြၽတ္လျပည့္ေန႔ ေနာက္ဆံုးထား ဖယ္ရွားေပးရန္ ေအာက္တိုဘာလ ၁ ရက္ေန႔က အသိေပးခဲ့ျခင္းျဖစ္သည္ ။

သာသနာ့နယ္ေျမမ်ားျဖစ္သည့္ ဘုန္းႀကီးေက်ာင္းမ်ားတြင္ ရာဇဝတ္မႈမကင္းေသာ လုပ္ငန္းမ်ားေဆာင္ရြက္မႈမရွိေစရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ က သိရသည္ ။

အခ်ိဳ႕ ရာဇဝတ္မႈမ်ား၊ ေလာင္းကစားဒိုင္မ်ား၊ စာရြက္ စာတမ္း အတုျပဳလုပ္မႈမ်ား စသည္တို႔ကို ဘုန္းႀကီးေက်ာင္းမ်ာအတြင္းမွ ဖမ္းဆီးရမိသည့္အတြက္ စာရင္းေကာက္ခံမႈမ်ားျပဳလုပ္ရန္ သံဃာ့နာယက သို႔ ေလွ်ာက္ထားတင္ျပမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္ ။

ဘုန္းႀကီးေက်ာင္း (သာသနာ့နယ္ေျမ) ႏွင့္ ဘုန္းႀကီးေက်ာင္းအနီးရွိ မီးတားေျမအျဖစ္ သတ္မွတ္ထားေသာ ေျမေနရာမ်ာေပၚတြင္ ပုဂၢလိက လုပ္ငန္းရွင္မ်ားသို႔ ေျမေနရာငွားရမ္း၍ လုပ္ငန္းမ်ားေဆာင္ရြက္ျခင္း ၊ ခြင့္ျပဳထားရွိမႈအား အျမန္ရွင္းလင္းေဆာင္ရြက္ေပးေရး ၿမိဳ႕နယ္သံဃာ့နာယက မွ တဆင့္ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းခ်င္းစာထြက္ရန္ ႏွင့္ လိုက္နာမႈမရွိပါက ရွင္းလင္းဖယ္ရွားႏိုင္ေရး စီမံေဆာင္ရြက္ရန္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လံုၿခံဳေရးအစည္းအေဝးတြင္ ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္ ။

Leave a Reply