“ေျခ/ဥ ျပင္ဆင္ေရး ၄၅ ဦး ေကာ္မတီမွ ႏုတ္ထြက္သြားသူမ်ား ျပန္လည္ပါဝင္ႏိုင္ရန္ တံခါးဖြင့္ထား” ဟု ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဆို

0
2

“ခြေ/ဥ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီမှ နုတ်ထွက်သွားသူများ ပြန်လည်ပါဝင်နိုင်ရန် တံခါးဖွင့်ထား” ဟု ပြည်ထောင်စုလွှတ်တော် နာယက ဆို

နိုဝင်ဘာ ၄
ယဉ်ကေနွယ်

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ၄၅ ဦးကော်မတီတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၂ ဦးနှင့် အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီ မှ ကိုယ်စားလှယ် တစ်ဦး တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ပိုင်း အတွင်းက နှုတ်ထွက်ခဲ့ကြသည်။

ထိုသို့ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်မှုများကို ခွင့်ပြုကြောင်းလည်း ပြည်ထောင်စုလွှတ်တော်မှ နှုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် ကော်မတီမှ နှုတ်ထွက်သွားသူများ အနေဖြင့် ပြန်လည်ပါဝင်မည်ဆိုပါက တံခါးဖွင့် ထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ကပြောကြားခဲ့သည်။

“အဖွဲ့ဝင် ၃ ယောက် နှုတ်ထွက်ပေမဲ့ လွှတ်တော်ရဲ့ အတည်ပြုဖွဲ့စည်းမှု အရေအတွက် ၄၅ ယောက်ကတော့ မပြောင်းလဲပါဘူး။ နှုတ်ထွက်သွားတဲ့ ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားပြုနေရာအတွက် ကော်မတီ သက်တမ်းကုန်တဲ့ အထိ ထားရှိမှာဖြစ်ပါတယ်။ အချိန်မရွေးပြန်လည်ပါဝင်နိုင်ဖို့ တံခါးဖွင့်ထားမှာ ဖြစ်ပါတယ်”ဟု ဦးတီခွန်မြတ်ကပြောသည်။

ယနေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယက ဦးတီခွန်မြတ်မှ နှုတ်ခွန်းဆက် အမှာ စကားပြောကြားရာတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြန်လည်ပါဝင်လာမည်ဆိုပါက လွှတ်တော်၏ သဘောတူညီချက် ရယူဆောင်ရွက်ဖို့ မဖြစ်မနေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးတီခွန်မြတ်ကပြောသည်။

ယခု လက်ရှိ ၄၅ ဦးကော်မတီ သည် ၄၂ ဦးသာ ရှိနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအားပြင်ဆင်နိုင်ရေးအတွက် အစည်းအဝေးများ ကျင်းပပြုလုပ် လျက်ရှိသည်။

#TheFifthWave #ခြေဥပြင်ဆင်ရေး

________________________________________

“ေျခ/ဥ ျပင္ဆင္ေရး ၄၅ ဦး ေကာ္မတီမွ ႏုတ္ထြက္သြားသူမ်ား ျပန္လည္ပါဝင္ႏိုင္ရန္ တံခါးဖြင့္ထား” ဟု ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဆို

နို၀င္ဘာ ၄
ယဥ္ေကႏြယ္

၂၀၀၈ ခုႏွစ္ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအတြက္ ျပည္ေထာင္စုလႊတ္ေတာ္မွ ဖြဲ႔စည္းေပးထားသည့္ ၄၅ ဦးေကာ္မတီတြင္ ရခိုင္အမ်ိဳးသားပါတီမွ ကို္ယ္စားလွယ္ ၂ ဦးႏွင့္ အမ်ိဳးသားညီညႊတ္ေသာဒီမိုကရက္တစ္ပါတီ မွ ကိုယ္စားလွယ္ တစ္ဦး တို႔သည္ ၿပီးခဲ့သည့္ စက္တင္ဘာလ ပိုင္း အတြင္းက ႏႈတ္ထြက္ခဲ့ၾကသည္။

ထိုသို႔ မိမိသေဘာဆႏၵအေလ်ာက္ ႏႈတ္ထြက္မႈမ်ားကို ခြင့္ျပဳေၾကာင္းလည္း ျပည္ေထာင္စုလႊတ္ေတာ္မွ ႏႈတ္ထြက္ခြင့္ျပဳေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။

သို႔ရာတြင္ ေကာ္မတီမွ ႏႈတ္ထြက္သြားသူမ်ား အေနျဖင့္ ျပန္လည္ပါ၀င္မည္ဆိုပါက တံခါးဖြင့္ ထားေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္ ကေျပာၾကားခဲ့သည္။

“အဖြဲ႔၀င္ ၃ ေယာက္ နႈတ္ထြက္ေပမဲ့ လႊတ္ေတာ္ရဲ႕ အတည္ျပဳဖြဲ႔စည္းမႈ အေရအတြက္ ၄၅ ေယာက္ကေတာ့ မေျပာင္းလဲပါဘူး။ ႏႈတ္ထြက္သြားတဲ့ ကိုယ္စားလွယ္ေတြရဲ႕ ကိုယ္စားျပဳေနရာအတြက္ ေကာ္မတီ သက္တမ္းကုန္တဲ့ အထိ ထားရွိမွာျဖစ္ပါတယ္။ အခ်ိန္မေရြးျပန္လည္ပါ၀င္နိုင္ဖို႔ တံခါးဖြင့္ထားမွာ ျဖစ္ပါတယ္”ဟု ဦးတီခြန္ျမတ္ကေျပာသည္။

ယေန႔ ေန႔လည္ပိုင္းက က်င္းပျပဳလုပ္ခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းတြင္ နာယက ဦးတီခြန္ျမတ္မွ နႈတ္ခြန္းဆက္ အမွာ စကားေျပာၾကားရာတြင္ အထက္ပါအတိုင္းထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပန္လည္ပါ၀င္လာမည္ဆိုပါက လႊတ္ေတာ္၏ သေဘာတူညီခ်က္ ရယူေဆာင္ရြက္ဖို႔ မျဖစ္မေန လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဦးတီခြန္ျမတ္ကေျပာသည္။

ယခု လက္ရွိ ၄၅ ဦးေကာ္မတီ သည္ ၄၂ ဦးသာ ရွိေနၿပီး ဖြဲ႕စည္းပံု အေျခခံဥပေဒအားျပင္ဆင္နိုင္ေရးအတြက္ အစည္းအေ၀းမ်ား က်င္းပျပဳလုပ္ လ်က္ရွိသည္။

#TheFifthWave #​ေျခဥျပင္​ဆင္​​ေရး

Leave a Reply