တိုင္းအစိုးရေရာင္းခ်သည့္ ေျမကြက္မ်ားအနက္ အမ်ားျပည္သူပိုင္ ပန္းၿခံ ပါဝင္ေနျခင္းကို ျပန္စဥ္းစားမည္

0
82

တိုင်းအစိုးရရောင်းချသည့် မြေကွက်များအနက် အများပြည်သူပိုင် ပန်းခြံ ပါဝင်နေခြင်းကို ပြန်စဉ်းစားမည်

နိုဝင်ဘာ ၄
ဝေဝေဖြိုး

ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် မြေကွက်များအနက် ရွှေပြည်သာမြို့နယ်ရှိ အများပြည်သူပိုင် ပန်းခြံတစ်ခု ပါဝင်နေခြင်းကို ပြန်လည်စဉ်းစားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ပုသိမ်လမ်းနှင့် ဧကရီ(၁)လမ်းကြား စက်မှုလမ်းမကြီးအနီး (၁၀) ရပ်ကွက်ရှိ ဧကရီပန်းခြံမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရောင်းချမည့် မြေကွက်များထဲတွင် ပါဝင်နေသည့် အတွက် ရပ်ကွက်နေပြည်သူများက အောက်တိုဘာလ ၁၈ ရက်တွင် ဆိုင်းဘုတ် ထောင်ကာ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

“ရွှေပြည်သာက ပန်းခြံလုပ်ဖို့ ရည်ရွယ်ထားတဲ့ သူတို့မြို့နယ် အစီစဉ်အရ ဆောင်ရွက်ထားတဲ့ မြေကွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ပန်းဥယျာဉ်ဌာနအမည် မပေါက်သေးပါဘူး။ ဒီမြေကွက်ကို ရောင်းချတဲ့အခါမှာ ကျွန်တော်တို့အဖွဲ့ အစည်းအဝေးထိုင်တဲ့အခါ ဒါကို လွှတ်တော်မှာ ပန်းခြံအဖြစ် လုပ်ဖို့ လျာထားချက်ပါပြီး ဖြစ်နေတဲ့အတွက် ပြန်လည်စဉ်းစားသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များကလည်း လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အဆိုပါ မြေကွက်ကို ပန်းခြံအဖြစ် အများပိုင် ဧရိယာအနေဖြင့် လုပ်ဆောင်ရန် စီစဉ်ထားသည်ဟုဆိုသည်။

ထိုကဲ့သို့ လုပ်ဆောင်ရန် ရန်ပုံငွေ လျာထားချက် လည်း လွှတ်တော်တွင် ပါဝင်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေကွက်သည် YCDC က စီမံခန့်ခွဲ၍ ရသော မြေကွက်ဖြစ်ပြီး ရပ်ကွက်နေ ပြည်သူများက ပန်းခြံအနေဖြင့် လုပ်ဆောင်ချင်သည့်အတွက် တခြားမြေအဖြစ် မသုံးတော့ဘဲ ပန်းခြံမြေအဖြစ် အသုံးပြုရန် ဘတ်ဂျက်တင်သွင်းမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

“ပန်းခြံမြေကွက်ကို ရောင်းမှာမဟုတ်ဘူး။ မြေယာဌာနကနေ ပန်းခြံမြေကွက်ကို အဲ့လို သတ်မှတ်ထားတဲ့ မြေကွက်ကို ထည့်ရောင်းမှာ မဟုတ်ဘူး။ ရပ်ကွက်က ဘာလုပ်ချင်လဲဆိုတော့ ဒီဟာကို ပန်းခြံလုပ်ချင်တော့ ကျွန်တော်တို့က အစိုးရရုံးကို ပြန်တင်ပြီးတော့ မြေကို ပြောင်းပေးရမယ်။ ပန်းခြံမြေကို ရောင်းတာတော့ မဟုတ်ဘူး ၊ သူတို့က ပန်းခြံအနေနဲ့ ဖြစ်ချင်တယ်ဆိုတဲ့အတွက်ကြောင့် ဒီနေရာကလဲ ဘာမှ မလုပ်ရသေးတော့ ပြည်သူ့ဆန္ဒအရ ဒါကိုတင်ဖို့ပါ။”ဟု ၎င်းကဆိုသည်။

လူနေအိမ်မြေမှ သတ်မှတ်ထားသည့် မြေကွက်ကို ပြန်ယူပြီး ပန်းခြံမြေအဖြစ် ပြောင်းပေးကာ ယင်းပန်းခြံမြေအတွက် ဘတ်ဂျက်တင်ပြီးမှသာ လုပ်ဆောင်ပေး၍ ရမည်ဟုဆိုသည်။

သို့သော် ယင်းမြေကို ပန်းခြံမြေအဖြစ် ထားရှိနိုင်ရေး အတွက်လည်း မြေနာမည် ပြောင်းရမည် ဖြစ်ကြောင်းသိရသည်။

တိုင်းအစိုးရမှ မြေရောင်းချရာတွင် ပထမအဆင့် အနေနှင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံ ၄ မြို့နယ်ရှိ မြေကွက်ပေါင်း ၅၀၀ ကျော်အား ဝယ်ယူနိုင်ရန် အောက်တိုဘာလ ၇ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိ လျှောက်လွှာများ ရောင်းချပေးလျက်ရှိသည်။

_____________________________________

(Zawgyi)

တိုင္းအစိုးရေရာင္းခ်သည့္ ေျမကြက္မ်ားအနက္ အမ်ားျပည္သူပိုင္ ပန္းၿခံ ပါဝင္ေနျခင္းကို ျပန္စဥ္းစားမည္

နိုဝင္ဘာ ၄
ေဝေဝၿဖိဳး

ရန္ကုန္တိုင္းအစိုးရက ေရာင္းခ်မည့္ ေျမကြက္မ်ားအနက္ ေရႊျပည္သာၿမိဳ႔နယ္ရိွ အမ်ားျပည္သူပိုင္ ပန္းၿခံတစ္ခု ပါဝင္ေနျခင္းကို ျပန္လည္စဥ္းစားေပးမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး ေရႊျပည္သာၿမိဳ႔နယ္ ပုသိမ္လမ္းႏွင့္ ဧကရီ(၁)လမ္းၾကား စက္မႈလမ္းမႀကီးအနီး (၁၀) ရပ္ကြက္ရိွ ဧကရီပန္းၿခံမွာ ရန္ကုန္တိုင္းေဒသႀကီး အစိုးရက ေရာင္းခ်မည့္ ေျမကြက္မ်ားထဲတြင္ ပါဝင္ေနသည့္ အတြက္ ရပ္ကြက္ေနျပည္သူမ်ားက ေအာက္တိုဘာလ ၁၈ ရက္တြင္ ဆိုင္းဘုတ္ ေထာင္ကာ ကန႔္ကြက္ခဲ့ေၾကာင္း သိရသည္။

“ေ႐ႊျပည္သာက ပန္းျခံလုပ္ဖို႔ ရည္႐ြယ္ထားတဲ့ သူတို႔ၿမိဳ႕နယ္ အစီစဥ္အရ ေဆာင္႐ြက္ထားတဲ့ ေျမကြက္ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဆီမွာေတာ့ ပန္းဥယ်ာဥ္ဌာနအမည္ မေပါက္ေသးပါဘူး။ ဒီေျမကြက္ကို ေရာင္းခ်တဲ့အခါမွာ ကြၽန္ေတာ္တို႔အဖြဲ႕ အစည္းအေဝးထိုင္တဲ့အခါ ဒါကို လႊတ္ေတာ္မွာ ပန္းၿခံအျဖစ္ လုပ္ဖို႔ လ်ာထားခ်က္ပါၿပီး ျဖစ္ေနတဲ့အတြက္ ျပန္လည္စဥ္းစားသြားမွာ ျဖစ္ပါတယ္”ဟု ၎ကဆိုသည္။

ယင္းကိစၥနွင့္ပတ္သက္၍ သက္ဆိုင္ရာ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကလည္း လာမည့္ ၂၀၁၉-၂၀၂၀ ဘ႑ာနွစ္တြင္ အဆိုပါ ေျမကြက္ကို ပန္းၿခံအျဖစ္ အမ်ားပိုင္ ဧရိယာအေနျဖင့္ လုပ္ေဆာင္ရန္ စီစဥ္ထားသည္ဟုဆိုသည္။

ထိုကဲ့သို႔ လုပ္ေဆာင္ရန္ ရန္ပံုေငြ လ်ာထားခ်က္ လည္း လႊတ္ေတာ္တြင္ ပါဝင္ၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေျမကြက္သည္ YCDC က စီမံခန္႔ခြဲ၍ ရေသာ ေျမကြက္ျဖစ္ၿပီး ရပ္ကြက္ေန ျပည္သူမ်ားက ပန္းၿခံအေနျဖင့္ လုပ္ေဆာင္ခ်င္သည့္အတြက္ တျခားေျမအျဖစ္ မသံုးေတာ့ဘဲ ပန္းၿခံေျမအျဖစ္ အသံုးျပဳရန္ ဘတ္ဂ်က္တင္သြင္းမည္ဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာသည္။

“ပန္းၿခံေျမကြက္ကို ေရာင္းမွာမဟုတ္ဘူး။ ေျမယာဌာနကေန ပန္းၿခံေျမကြက္ကို အဲ့လို သတ္မွတ္ထားတဲ့ ေျမကြက္ကို ထည့္ေရာင္းမွာ မဟုတ္ဘူး။ ရပ္ကြက္က ဘာလုပ္ခ်င္လဲဆိုေတာ့ ဒီဟာကို ပန္းၿခံလုပ္ခ်င္ေတာ့ ကြၽန္ေတာ္တို႔က အစိုးရရံုးကို ျပန္တင္ၿပီးေတာ့ ေျမကို ေျပာင္းေပးရမယ္။ ပန္းၿခံေျမကို ေရာင္းတာေတာ့ မဟုတ္ဘူး ၊ သူတို႔က ပန္းၿခံအေနနဲ႔ ျဖစ္ခ်င္တယ္ဆိုတဲ့အတြက္ေၾကာင့္ ဒီေနရာကလဲ ဘာမွ မလုပ္ရေသးေတာ့ ျပည္သူ႔ဆႏၵအရ ဒါကိုတင္ဖို႔ပါ။”ဟု ၎ကဆိုသည္။

လူေနအိမ္ေျမမွ သတ္မွတ္ထားသည့္ ေျမကြက္ကို ျပန္ယူၿပီး ပန္းၿခံေျမအျဖစ္ ေျပာင္းေပးကာ ယင္းပန္းၿခံေျမအတြက္ ဘတ္ဂ်က္တင္ၿပီးမွသာ လုပ္ေဆာင္ေပး၍ ရမည္ဟုဆိုသည္။

သို႔ေသာ္ ယင္းေျမကို ပန္းၿခံေျမအျဖစ္ ထားရွိနိုင္ေရး အတြက္လည္း ေျမနာမည္ ေျပာင္းရမည္ ျဖစ္ေၾကာင္းသိရသည္။

တိုင္းအစိုးရမွ ေျမေရာင္းခ်ရာတြင္ ပထမအဆင့္ အေနႏွင့္ လွိုင္သာယာ၊ ေရႊျပည္သာႏွင့္ ဒဂုံ ၄ ၿမိဳ့နယ္ရွိ ေျမကြက္ေပါင္း ၅၀၀ ေက်ာ္အား ဝယ္ယူနိုင္ရန္ ေအာက္တိုဘာလ ၇ ရက္မွ နိုဝင္ဘာလ ၈ ရက္အထိ ေလၽွာက္လႊာမ်ား ေရာင္းခ်ေပးလ်က္ရွိသည္။

Leave a Reply