AA ဖမ္းဆီးခံ NLD အမတ္​ တပ္မေတာ္ႏွင့္ ပတ္သတ္မႈမရွိ၊ ရွာေဖြကယ္ဆယ္ေရး တပ္​မ​ေတာ္​ ေဆာင္႐ြက္ေန

0
26

AA ဖမ်းဆီးခံ NLD အမတ် တပ်မတော်နှင့် ပတ်သတ်မှုမရှိ၊ ရှာဖွေကယ်ဆယ်ရေး တပ်မတော် ဆောင်ရွက်နေ

နိုဝင်ဘာ ၁၉
ကျော်သူမြင့်

AA အဖွဲ့မှ ဖမ်းဆီးထားသည့် NLD ပါတီဝင် ချင်းပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၁၁) အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် AA၏ သတင်းများကို တပ်မတော်ထံသတင်း ပေးပို့ခြင်းနှင့် တပ်မတော်နှင့် ပတ်သတ်ဆက်နွယ်မှုမရှိဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအမျိုးသားလွှတ်တော်အမတ်က NLD လွှတ်တော်အမတ်ပါ။ အမျိုး သားလွှတ်တော်အမတ်က တပ်မတော်နဲ့ နီးစပ်မှုလည်းမရှိဘူး ပတ်သတ်ဆက်နွယ်မှုလည်းမရှိဘူး။ ဒါက စွပ်စွဲချက်သပ်သပ်ပါ”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

ဦးဝှေ့တင်းသည် ပလက်ဝမြို့တွင် ရုံးခန်းဖွင့်လှစ်၍ AA ၏ သတင်းအချက်အလက်များကို စုဆောင်းကာ တပ်မတော်ထံသို့ သတင်းပေးပို့နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယနေ့နံနက်ပိုင်းက BBC သတင်းဌာန၏ ဆက်သွယ် မေးမြန်းမှုတစ်ခုတွင် ပြောဆိုထားသည်။

နိုဝင်ဘာ(၃)ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း) ဆောင်ရွက်နေသည့် အိန္ဒိယနိုင်ငံသား(၅)ဦး၊ စကားပြန်(၂)ဦးနှင့် စပိဘုတ်မောင်းနှင်သူ(၂)ဦး တို့ အား ပလက်ဝမှ ကျောက်တော်မြို့သို့ ထွက်ခွာလာစဉ် AA အဖွဲ့ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများထဲမှ ၈ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံသားတစ်ဦး အမောဖောက် သေဆုံးခဲ့သည်ဟု AA က ယနေ့ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

လွှတ်တော်ကိုယ်စားလှယ်အား ဖမ်းဆီးထိန်းသိမ်းရသည့်အကြောင်းကို သီးခြားထုတ်ပြန်မည်ဟု AA ကပြောဆိုသည်။

“သူတို့ခေါင်းဆောင်ကိုယ်တိုင်က ပြောပြီးသား သူတို့ဒီလိုမျိုးလုပ်နေတာသည် နိုင်ငံတော်ရဲ့အုပ် ချုပ်ရေးကိုထိပါးဖို့ ရယူဖို့ဖြစ်တယ်။ ဒါကြောင့်မလို့လည်း သူတို့နဲ့မတည့်တဲ့ ဆယ်အိမ်မှူး၊ရာအိမ် မှူးတွေ အုပ်ချုပ်ရေးမှူးတွေကို လိုက်သတ်နေတာ စစ်မှုထမ်းဟောင်းတွေကို လိုက်သတ်နေတာရှိ တယ်။ ခုနောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်ပါ ပါလာတာဖြစ်တယ် ဒါနဲ့ပတ်သတ်ပြီး အဖွဲ့အ စည်းတွေရော အစိုးရ လွှတ်တော်ဘက်ကရော ပြတ်ပြတ်သားသားဆောင်ရွက်သင့်ပြီလို့ ကျွန်တော်မြင်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အား ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းများလုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျောက်ဆုံးခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိပါးမှုဖြစ်ပြီး သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ ပူးပေါင်းဆောင်ရွက်မည်ဟု လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ယနေ့နံနက်ပိုင်းတွင် ပြောဆိုသည်။

စစ်ဖက်နှင့် မသတ်ဆိုင်ပဲ ဖမ်းဆီးထားသည့် မီးသတ်တပ်ဖွဲ့ဝင်(၁၈)ဦးကို မကြာမီ ပြန်လည်လွှတ် ပေးမည်ဟု AA က ယနေ့ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

#TheFifthWave #AANLD

_______________________________________

(Zawgyi)

AA ဖမ္းဆီးခံ NLD အမတ္​ တပ္မေတာ္ႏွင့္ ပတ္သတ္မႈမရွိ၊ ရွာေဖြကယ္ဆယ္ေရး တပ္​မ​ေတာ္​ ေဆာင္႐ြက္ေန

ႏိုဝင္ဘာ ၁၉
ေက်ာ္သူျမင့္

AA အဖဲြ႕မွ ဖမ္းဆီးထားသည့္ NLD ပါတီဝင္ ခ်င္းျပည္နယ္ မဲဆႏၵနယ္ေျမအမွတ္(၁၁) အမ်ိဳး သားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႕တင္းသည္ AA၏ သတင္းမ်ားကို တပ္မေတာ္ထံသတင္း ေပးပို႔ျခင္းႏွင့္ တပ္မေတာ္ႏွင့္ ပတ္သတ္ဆက္ႏြယ္မႈမရွိဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အဖဲြ႕ အတြင္းေရးမွဴးဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုသည္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒီအမ်ိဳးသားလႊတ္ေတာ္အမတ္က NLD လႊတ္ေတာ္အမတ္ပါ။ အမ်ိဳး သားလႊတ္ေတာ္အမတ္က တပ္မေတာ္နဲ႔ နီးစပ္မႈလည္းမရွိဘူး ပတ္သတ္ဆက္ႏြယ္မႈလည္းမရွိဘူး။ ဒါက စြပ္စဲြခ်က္သပ္သပ္ပါ”ဟု ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

ဦးေ၀ွ႕တင္းသည္ ပလက္ဝၿမိဳ႕တြင္ ႐ံုးခန္းဖြင့္လွစ္၍ AA ၏ သတင္းအခ်က္အလက္မ်ားကို စုေဆာင္းကာ တပ္မေတာ္ထံသို႔ သတင္းေပးပို႔ေနေၾကာင္း AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ယေန႔နံနက္ပိုင္းက BBC သတင္းဌာန၏ ဆက္သြယ္ ေမးျမန္းမႈတစ္ခုတြင္ ေျပာဆိုထားသည္။

ႏိုဝင္ဘာ(၃)ရက္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ အပါအဝင္ ကုလားတန္စီမံကိန္း (ပလက္ဝ-ဇိုရမ္ပြီလမ္းပိုင္း) ေဆာင္႐ြက္ေနသည့္ အိႏၵိယႏိုင္ငံသား(၅)ဦး၊ စကားျပန္(၂)ဦးႏွင့္ စပိဘုတ္ေမာင္းႏွင္သူ(၂)ဦး တို႔ အား ပလက္ဝမွ ေက်ာက္ေတာ္ၿမိဳ႕သို႔ ထြက္ခြာလာစဥ္ AA အဖဲြ႕ က ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ဖမ္းဆီးခံရသူမ်ားထဲမွ ၈ ဦးကို ျပန္လည္လႊတ္ေပးခဲ့ၿပီး အိႏိၵယႏိုင္ငံသားတစ္ဦး အေမာေဖာက္ ေသဆံုးခဲ့သည္ဟု AA က ယေန႔ရက္စဲြျဖင့္ထုတ္ျပန္ထားသည္။

လႊတ္ေတာ္ကိုယ္စားလွယ္အား ဖမ္းဆီးထိန္းသိမ္းရသည့္အေၾကာင္းကို သီးျခားထုတ္ျပန္မည္ဟု AA ကေျပာဆိုသည္။

“သူတို႔ေခါင္းေဆာင္ကိုယ္တိုင္က ေျပာၿပီးသား သူတို႔ဒီလိုမ်ိဳးလုပ္ေနတာသည္ ႏိုင္ငံေတာ္ရဲ႕အုပ္ ခ်ဳပ္ေရးကိုထိပါးဖို႔ ရယူဖို႔ျဖစ္တယ္။ ဒါေၾကာင့္မလို႔လည္း သူတို႔နဲ႔မတည့္တဲ့ ဆယ္အိမ္မွဴး၊ရာအိမ္ မွဴးေတြ အုပ္ခ်ဳပ္ေရးမွဴးေတြကို လိုက္သတ္ေနတာ စစ္မႈထမ္းေဟာင္းေတြကို လိုက္သတ္ေနတာရွိ တယ္။ ခုေနာက္ပိုင္းမွာ လႊတ္ေတာ္ကိုယ္စားလွယ္ပါ ပါလာတာျဖစ္တယ္ ဒါနဲ႔ပတ္သတ္ၿပီး အဖဲြ႕အ စည္းေတြေရာ အစိုးရ လႊတ္ေတာ္ဘက္ကေရာ ျပတ္ျပတ္သားသားေဆာင္႐ြက္သင့္ၿပီလို႔ ကၽြန္ေတာ္ျမင္တယ္”ဟု ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္အား ရွာေဖြေရး၊ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေန ၿပီး နယ္ေျမစိုးမိုးေရး လုပ္ငန္းမ်ားလုပ္ေဆာင္ေနေၾကာင္း ၎ကေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး ေပ်ာက္ဆံုးျခင္းသည္ ႏိုင္ငံေတာ္လံုၿခံဳေရးကို ထိပါးမႈျဖစ္ၿပီး သမၼတႏွင့္ လႊတ္ေတာ္ဥကၠ႒ ပူးေပါင္းေဆာင္႐ြက္မည္ဟု လႊတ္ေတာ္အခြင့္အေရးေကာ္မတီ အတြင္းေရးမွဴး ေဒါက္တာလွမိုးက ယေန႔နံနက္ပိုင္းတြင္ ေျပာဆိုသည္။

စစ္ဖက္ႏွင့္ မသတ္ဆိုင္ပဲ ဖမ္းဆီးထားသည့္ မီးသတ္တပ္ဖဲြ႕ဝင္(၁၈)ဦးကို မၾကာမီ ျပန္လည္လႊတ္ ေပးမည္ဟု AA က ယေန႔ထုတ္ျပန္ခ်က္တြင္ ေျပာဆိုထားသည္။

#TheFifthWave #AANLD

Leave a Reply