ဘုရားနီ ေဂါပကအဖြဲ႕ အသစ္ဖြဲ႕စည္းမႈ ယခင္ေဂါပက အဖြဲ႕ဝင္မ်ား ဆႏၵျပ

0
26

ဘုရားနီ ဂေါပကအဖွဲ့ အသစ်ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ယခင်ဂေါပက အဖွဲ့ဝင်များ ဆန္ဒပြ

နိုဝင်ဘာ – ၄
နိုင်လင်းဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်ရှိ ဘုရားနီ ဂေါပကအဖွဲ့ အသစ်ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ယခင်ဂေါပက အဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူအချို့ စုပေါင်းပြီး နိုဝင်ဘာလ ၄ ရက်နေ့က ဆန္ဒပြခဲ့သည် ။

ထိုသို့ဆန္ဒပြရာတွင် မဟန ညွှန်ကြားလွှာအမှတ် (၃၆) ကို ဆန့်ကျင်သူ ပြည်သူ့ရန်သူ ၊ ဘက်လိုက်ဆောင်ရွက်သော မယက အလိုမရှိ၊ မြို့နယ်သာသနာရေးမှူးပါ (၆) ဦးနှင့် ဖွဲ့စည်းထားသည့် ဂေါပကအဖွဲ့သစ် အလိုမရှိ စသည့်ကြွေးကြော်သံများဖြင့် လှည့်လည်ဆန္ဒထုတ်ထုတ်ခဲ့သည် ။

“ဘုရားမှာ ကျွန်တော်တို့ ရပ်ရွာက လူတွေကပဲ ဂေါပကအဖွဲ့မှာ ပါဝင်ပြီး တစ်ယောက်မရှိ တစ်အစားထိုးနဲ့ လုပ်လာတာပါ။ ဒါကို မိုးကျရွှေကိုယ် ဂေါပကအဖွဲ့အနေနဲ့ လာနေရာယူတယ်။ သူများခင်းပြီးသားကို နေရာဝင်ယူတဲ့သဘောပါ။ ဒါကိုမကျေနပ်လို့ ဆန္ဒပြတာပါ။´´ ဟု ဦးဆောင်ဆန္ဒပြသူ ယခင်ဘုရားဂေါပကအဖွဲ့ မှ ဦးခင်မောင်သဲ က ပြောသည် ။

ဂေါပကအသစ်ရွေးချယ်မှုပြုလုပ်ရန်အတွက် ဇွန်လထဲက စတင် ဆောင်ရွက်ခဲ့ပြီး ပွင့်လင်းမြင်သာစွာ ရွေးကောက်၍ စက်တင်ဘာလထဲ က ဂေါပကအသစ်ဖွဲ့စည်းခဲ့ကြောင်း သိရသည် ။

“နိုင်ငံတော်ရော တာဝန်ရှိသူတွေကရော သူတို့ကို အတက်နိုင်ဆုံး ညင်ညင်သာသာဖြစ်အောင် လုပ်ပေးခဲ့ပါတယ် ။ သူတို့ကလက်မခံပဲ ဒီဘက်လမ်းကြောင်းကိုရွေးတယ်။ ဒါသူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပေါ့။´´ ဟု ရပ်မိရပ်ဖအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင့်လွင် က ပြောသည် ။

ဘုရားနီ ဂေါပကအဖွဲ့သစ်တွင် အခြားဘုရားများနှင့် ဓမ္မရုံများမှ ဂေါပကအဟောင်းများပါဝင်သည့်အပြင် ဂေါပကအဖွဲ့ဟောင်းမှ လူတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

_______________________________________

(Zawgyi)

ဘုရားနီ ေဂါပကအဖြဲ႕ အသစ္ဖြဲ႕စည္းမႈ ယခင္ေဂါပက အဖြဲ႕ဝင္မ်ား ဆႏၵျပ

ႏိုဝင္ဘာ – ၄
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ ပုလဲေငြေရာင္ရပ္ကြက္ရွိ ဘုရားနီ ေဂါပကအဖြဲ႕ အသစ္ဖြဲ႕စည္းမႈႏွင့္ပတ္သက္၍ ယခင္ေဂါပက အဖြဲ႕ဝင္မ်ားႏွင့္ ရပ္ကြက္ေနျပည္သူအခ်ိဳ႕ စုေပါင္းၿပီး ႏိုဝင္ဘာလ ၄ ရက္ေန႔က ဆႏၵျပခဲ့သည္ ။

ထိုသို႔ဆႏၵျပရာတြင္ မဟန ညႊန္ၾကားလႊာအမွတ္ (၃၆) ကို ဆန္႔က်င္သူ ျပည္သူ႔ရန္သူ ၊ ဘက္လိုက္ေဆာင္ရြက္ေသာ မယက အလိုမရွိ၊ ၿမိဳ႕နယ္သာသနာေရးမွဴးပါ (၆) ဦးႏွင့္ ဖြဲ႕စည္းထားသည့္ ေဂါပကအဖြဲ႕သစ္ အလိုမရွိ စသည့္ေႂကြးေၾကာ္သံမ်ားျဖင့္ လွည့္လည္ဆႏၵထုတ္ထုတ္ခဲ့သည္ ။

“ဘုရားမွာ ကြၽန္ေတာ္တို႔ ရပ္ရြာက လူေတြကပဲ ေဂါပကအဖြဲ႕မွာ ပါဝင္ၿပီး တစ္ေယာက္မရွိ တစ္အစားထိုးနဲ႔ လုပ္လာတာပါ။ ဒါကို မိုးက်ေရႊကိုယ္ ေဂါပကအဖြဲ႕အေနနဲ႔ လာေနရာယူတယ္။ သူမ်ားခင္းၿပီးသားကို ေနရာဝင္ယူတဲ့သေဘာပါ။ ဒါကိုမေက်နပ္လို႔ ဆႏၵျပတာပါ။´´ ဟု ဦးေဆာင္ဆႏၵျပသူ ယခင္ဘုရားေဂါပကအဖြဲ႕ မွ ဦးခင္ေမာင္သဲ က ေျပာသည္ ။

ေဂါပကအသစ္ေရြးခ်ယ္မႈျပဳလုပ္ရန္အတြက္ ဇြန္လထဲက စတင္ ေဆာင္ရြက္ခဲ့ၿပီး ပြင့္လင္းျမင္သာစြာ ေရြးေကာက္၍ စက္တင္ဘာလထဲ က ေဂါပကအသစ္ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္ ။

“ႏိုင္ငံေတာ္ေရာ တာဝန္ရွိသူေတြကေရာ သူတို႔ကို အတက္ႏိုင္ဆံုး ညင္ညင္သာသာျဖစ္ေအာင္ လုပ္ေပးခဲ့ပါတယ္ ။ သူတို႔ကလက္မခံပဲ ဒီဘက္လမ္းေၾကာင္းကိုေရြးတယ္။ ဒါသူတို႔ရဲ႕ ဆံုးျဖတ္ပိုင္ခြင့္ေပါ့။´´ ဟု ရပ္မိရပ္ဖအဖြဲ႕ ဒုတိယ ဥကၠ႒ ဦးတင့္လြင္ က ေျပာသည္ ။

ဘုရားနီ ေဂါပကအဖြဲ႕သစ္တြင္ အျခားဘုရားမ်ားႏွင့္ ဓမၼရံုမ်ားမွ ေဂါပကအေဟာင္းမ်ားပါဝင္သည့္အျပင္ ေဂါပကအဖြဲ႕ေဟာင္းမွ လူတစ္ဦးလည္း ပါဝင္ေၾကာင္း သိရသည္။

Leave a Reply