0
9

`

ဆန္ဒထုတ်ဖော်ပွဲများတွင် စင်မြင့်မသုံးဘဲ မြေပြင်မှဟောပြောရန် ကန့်သတ်ချက် မှန်ကန်ရဲ့လား´ ဟု ပြည်ခိုင်ဖြိုးအမတ်မေးခွန်းထုတ်

နိုဝင်ဘာ ၅
ယဉ်ကေနွယ်

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ အရ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ နယ်များက ထုတ်ပြန်ထားသော ဒေသန္တရ စည်းကမ်းချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေများနှင့် သဘောထားကွဲလွှဲဆန့်ကျင်မှု များကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိမရှိ အား ပျော်ဘွယ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသောင်းအေး ကမေးမြန်းခဲ့သည်။

“စုဝေးဟောပြောတဲ့ အခါမှာ စင်မြင့် မသုံးရမြေပြင်မှာ ဟောပြောရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ဆန္ဒဖော်ထုတ်ပွဲများမှာ လူထုဟာ ထောင်ကျော် အထိ ရှိတတ်တာဖြစ်လို့ ဒီလူစုလူဝေးကို မြေပြင်ကနေ ဟောပြောရမယ်ဆိုတဲ့ အဆင့် သတ်မှတ်ချက်ဟာ သင့်တော်မှန်ကန်ပါ့မလား စဉ်းစားသင့်ပါတယ်။ဒါဟာ ဟောပြောမှုမထိရောက်အောင် ဟန့်တားချုပ်ချယ်သလိုဖြစ်စေပါတယ်”ဟု ဦးသောင်းအေးကမေးခွန်းမေးမြန်းရာတွင် ထည့်သွင်ပြောကြားခဲ့သည်။

ထို့ပြင် ရုံးတက်၊ရုံးဆင်း အလုပ်သွား အလုပ်ပြန်ချိန်တွင် မလုပ်ရ၊ နေ့ကြီးရက်ကြီး ပြန်တမ်းဝင် ရုံးပိတ်ရက်များတွင် မလုပ်ရဟု ကန့်သတ်ထားခြင်းသည် ဆန္ဒထုတ်ဖော်မည့် အချိန်သည် မရှိသလောဖြစ်နေတာတွေ့ရကြောင်း ဦးသောင်းအေး ကထည့်သွင်းပြောကြားခဲ့သည်။

ထို့အတူ ဥပဒေများ ခိုင်မာစွာ ပြဌာန်းထားသော်လည်း မန္တလေးတိုင်းဒေသကြီးအတွင်း တွင် အမျိုးမျိုးသော စည်းကမ်းချက်များထုတ်ပြန်ထားသည့် အတွက် ပြည်သူများသည် ငြိမ်းစုစီ လုပ်ဆောင်ခွင့်ကို ပေးကားပေး၏ မရသည့် သဘောဖြစ်နေကြောင်း ဦးသောင်းအေးက ထောက်ပြပြောဆိုခဲ့သည်။

ဦးသောင်းအေး၏ မေးမြန်းချက်အပေါ် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် မှ တည်ဆဲဥပဒေနှင့် မညီညွှတ်ဟု ယူဆပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၆) တရားစီရင်ရေး ပုဒ်မ၂၉၆ ၊ပုဒ်မခွဲ(က) (ခ) တို့အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ စာချွန်တော်ထုတ်ဆင့် ပယ်ဖျက်ပေးနိုင်ပါရန် လျှောက်ထားခွင့်ရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ၏ ဖြေကြားမှုနျင့် ပတ်သက်ပြီး ဦးသောင်းအေးမှ မှားနေတာကို မပြင်ရဲလို့ စာချွန်တော်ထုတ်ဆင့် တက်ခိုင်းတယ်လို့ တွေးကြောင်း ၎င်း က ပြောသည်။

“ကိုယ်မှားနေတာ ကိုယ်ပြင်ပေါ့ ကိုယ်မှားနေတာ မပြင်ရဲလို့ ဒီအဖြေ ပေးတာလို့ အန်ကယ်ကတော့ ဒီလိုပဲ တွေးပါတယ် ။တကယ့် တကယ်ကတော့ ဒီမိုကရေစီစစ်စစ်ကို မြတ်နိုးတယ်။ဒီမိုကရေစီကို တန်ဖိုးထားတယ်ဆိုရင် လူထု အခွင့်အရေးကို ပိတ်ပင်တဲ့ လူထု ဆန္ဒသဘောထားတွေကို ထုတ်ဖော်ခွင့်မရတဲ့ ပိတ်ပင်တားဆီးမှုတွေ ဒီကန့်သတ်ချက်တွေက ဖြေလျော့ပေးဖို့ ပြောချင်ပါတယ်”ဟု ဦးသောင်းအေးကပြောသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီ တန်းလှည့်လည်ခြင်းအခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသား(သို့မဟုတ်) အဖွဲ့အစည်း များသည် မိမိသဘောထားဆန္ဒကိုဖော်ပြန်ရန်အလို့ငှာ အသိပေးတင်ပြ ချက်ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ် ဖွဲ့မှူးများထံ ဆောင်ရွက်မည့်နေ့မတိုင်မှီ အနည်းဆုံး(၄၈)နာရီကြို တင်၍ စာဖြင့် ပေးပို့တင်ပြရမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင်စီတန်းလှည့်လည်ရာတွင် ဖြတ်သန်းလိုသည့် မြို့နယ်များရှိပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ (၄၈)နာရီကြိုတင်၍ အသိပေး တင်ပြချက်မိတ္တူကို ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

_______________________________________

(Zawgyi)

`ဆႏၵထုတ္​​ေဖာ္​ပြဲမ်ားတြင္​ စင္​ျမင္​့မသံုးဘဲ ​ေျမျပင္​မွ​ေဟာ​ေျပာရန္​ ကန္​႔သတ္​ခ်က္​ မွန္​ကန္​ရဲ႕လား´ ဟု ျပည္​ခိုင္​ၿဖိဳးအမတ္​​ေမးခြန္​းထုတ္​

နို၀င္ဘာ ၅
ယဥ္ေကႏြယ္

ယေန႔ က်င္းပျပဳလုပ္ခဲ့သည့္ ျပည္သူ႔ လႊတ္ေတာ္ အစည္းအေ၀းတြင္ ၿငိမ္းခ်မ္းစြာစုေ၀းျခင္းႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒ အရ မႏၱေလးတိုင္းေဒသႀကီး အတြင္းရွိ နယ္မ်ားက ထုတ္ျပန္ထားေသာ ေဒသႏၱရ စညး္ကမ္းခ်က္မ်ားသည္ ဖြဲ႔စည္းပံု အေျခခံဥပေဒ အပါအ၀င္ တည္ဆဲဥပေဒမ်ားႏွင့္ သေဘာထားကြဲလႊဲဆန္႔က်င္မႈ မ်ားကို ပယ္ဖ်က္ေပးရန္ အစီအစဥ္ရွိမရွိ အား ေပ်ာ္ဘြယ္မဲဆႏၵနယ္မွ ကိုယ္စားလွယ္ ဦးေသာင္းေအး ကေမးျမန္းခဲ့သည္။

“စုေ၀းေဟာေျပာတဲ့ အခါမွာ စင္ျမင့္ မသံုးရေျမျပင္မွာ ေဟာေျပာရမယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။ဆႏၵေဖာ္ထုတ္ပြဲမ်ားမွာ လူထုဟာ ေထာင္ေက်ာ္ အထိ ရွိတတ္တာျဖစ္လို႔ ဒီလူစုလူေ၀းကို ေျမျပင္ကေန ေဟာေျပာရမယ္ဆိုတဲ့ အဆင့္ သတ္မွတ္ခ်က္ဟာ သင့္ေတာ္မွန္ကန္ပါ့မလား စဥ္းစားသင့္ပါတယ္။ဒါဟာ ေဟာေျပာမႈမထိေရာက္ေအာင္ ဟန္႔တားခ်ဳပ္ခ်ယ္သလိုျဖစ္ေစပါတယ္”ဟု ဦးေသာင္းေအးကေမးခြန္းေမးျမန္းရာတြင္ ထည့္သြင္ေျပာၾကားခဲ့သည္။

ထို႔ျပင္ ရံုးတက္၊ရံုးဆင္း အလုပ္သြား အလုပ္ျပန္ခ်ိန္တြင္ မလုပ္ရ၊ ေန႔ႀကီးရက္ၾကီး ျပန္တမ္း၀င္ ရံုးပိတ္ရက္မ်ားတြင္ မလုပ္ရဟု ကန္႔သတ္ထားျခင္းသည္ ဆႏၵထုတ္ေဖာ္မည့္ အခ်ိန္သည္ မရွိသေလာျဖစ္ေနတာေတြ႔ရေၾကာင္း ဦးေသာင္းေအး ကထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔အတူ ဥပေဒမ်ား ခိုင္မာစြာ ျပဌာန္းထားေသာ္လည္း မႏၱေလးတိုင္းေဒသႀကီးအတြင္း တြင္ အမ်ိဳးမ်ိဳးေသာ စည္းကမ္းခ်က္မ်ားထုတ္ျပန္ထားသည့္ အတြက္ ျပည္သူမ်ားသည္ ၿငိမ္းစုစီ လုပ္ေဆာင္ခြင့္ကို ေပးကားေပး၏ မရသည့္ သေဘာျဖစ္ေနေၾကာင္း ဦးေသာင္းေအးက ေထာက္ျပေျပာဆိုခဲ့သည္။

ဦးေသာင္းေအး၏ ေမးျမန္းခ်က္အေပၚ ေနျပည္ေတာ္ေကာင္စီ၀င္ ဦးေအးေမာင္စိန္ မွ တည္ဆဲဥပေဒႏွင့္ မညီညႊတ္ဟု ယူဆပါက ဖြဲ႔စည္းပံု အေျခခံဥပေဒ အခန္း(၆) တရားစီရင္ေရး ပုဒ္မ၂၉၆ ၊ပုဒ္မခြဲ(က) (ခ) တို႔အရ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ရံုးသို႔ စာခၽြန္ေတာ္ထုတ္ဆင့္ ပယ္ဖ်က္ေပးနိုင္ပါရန္ ေလွ်ာက္ထားခြင့္ရွိသည္ဟု ျပန္လည္ေျဖၾကားခဲ့သည္။

ေနျပည္ေတာ္ေကာင္စီ၀င္ ၏ ေျဖၾကားမႈႏ်င့္ ပတ္သက္ၿပီး ဦးေသာင္းေအးမွ မွားေနတာကို မျပင္ရဲလို႔ စာခၽြန္ေတာ္ထုတ္ဆင့္ တက္ခိုင္းတယ္လို႔ ေတြးေၾကာင္း ၎ က ေျပာသည္။

“ကို္ယ္မွားေနတာ ကိုယ္ျပင္ေပါ့ ကိုယ္မွားေနတာ မျပင္ရဲလို႔ ဒီအေျဖ ေပးတာလို႔ အန္ကယ္ကေတာ့ ဒီလိုပဲ ေတြးပါတယ္ ။တကယ့္ တကယ္ကေတာ့ ဒီမိုကေရစီစစ္စစ္ကို ျမတ္နိုးတယ္။ဒီမိုကေရစီကို တန္ဖိုးထားတယ္ဆိုရင္ လူထု အခြင့္အေရးကို ပိတ္ပင္တဲ့ လူထု ဆႏၵသေဘာထားေတြကို ထုတ္ေဖာ္ခြင့္မရတဲ့ ပိတ္ပင္တားဆီးမႈေတြ ဒီကန္႔သတ္ခ်က္ေတြက ေျဖေလ်ာ့ေပးဖို႔ ေျပာခ်င္ပါတယ္”ဟု ဦးေသာင္းေအးကေျပာသည္။

ျငိမ္းခ်မ္းစြာစုေ၀းျခင္းနွင့္ ျငိမ္းခ်မ္းစြာ စီ တန္းလွည့္လည္ျခင္းအခြင့္အေရးတို႕ကို သုံးစြဲေဆာင္ရြက္လိုေသာ နိုင္ငံသား(သို႕မဟုတ္) အဖြဲ႕အစည္း မ်ားသည္ မိမိသေဘာထားဆႏၵကိုေဖာ္ျပန္ရန္အလို႕ငွာ အသိေပးတင္ျပ ခ်က္ကို သက္ဆိုင္ရာ ျမိဳ႕နယ္ရဲတပ္ ဖြဲ႕မွဴးမ်ားထံ ေဆာင္ရြက္မည့္ေန႔မတိုင္မီွ အနည္းဆုံး(၄၈)နာရီႀကိဳ တင္၍ စာျဖင့္ ေပးပို႕တင္ျပရမည္ျဖစ္ေႀကာင္းသိရသည္။

ထို႕႔ျပင္စီတန္းလွည့္လည္ရာတြင္ ျဖတ္သန္းလိုသည့္ ျမိဳ႕နယ္မ်ားရွိပါက သက္ဆိုင္ရာျမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးထံ (၄၈)နာရီႀကိဳတင္၍ အသိေပး တင္ျပခ်က္မိတၱဴကို ေပးပို႕ရမည္ျဖစ္ေႀကာင္း သိရသည္။

Leave a Reply