ဘာစီလိုနာအတွက် ပထမဆုံးဝင်ရောက်ကစားခဲ့တဲ့ ကော်တင်ဟို

0
151

ဇန်န၀ါရီ ၂၆ ၊ ၂၀၁၈

ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းနဲ့ ဘာစီလိုနာကို ရောက်ရှိလာတဲ့ ကော်တင်ဟိုဟာ စပိန်ကိုပါဒယ်ရေး ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်စပန်ညိုတို့ပွဲစဉ်ကို လူစားဝင်ကစားသမားအဖြစ် ပထမဆုံး ၀င်ရောက် ကစားပေးခဲ့ပါတယ်။

ပထမအကျော ပွဲစဉ်မှာ အက်စပန်ညိုက ၁-၀ ရလဒ်နဲ့ အနိုင်ရထားပြီး ဘာစီလိုနာအသင်းဟာ ယနေ့နံနက်မှာ ကစားတဲ့ ဒုတိယအကျော့ ပွဲစဉ်မှာလည်း ၂-၀ ရလဒ်နဲ့ ပြန်လည် အနိုင်ရရှိခဲ့ပါတယ်။ယနေ့ နံနက်ပိုင်း ပွဲစဉ်မှာ ကော်တင်ဟိုဟာ ဘာစီလိုနာအတွက် ၂၂ မိနစ်ခန့် ၀င်ရောက် ကစားပေးခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပထမပိုင်း ၉မိနစ်မှာ လူးဝစ်ဆွာရက်ဇ်ရဲ့ ဦးဆောင်ဂိုးနဲ့ အက်စပန်ညိုကို ကစားခဲ့ပြီး ပထမပိုင်း ၂၅ မိနစ်မှာတော့ မက်ဆီက ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ကော်တင်ဟိုဟာ အဆိုပါပွဲစဉ်ရဲ့ ဒုတိယပိုင်း ၆၈ မိနစ်မှာ အင်နီယေစတာနဲ့ လူစားလဲပြီး ၀င်ရောက်ကစား ခဲ့တာ ဖြစ်ပါတယ်။

စပိန်ကိုပါဒယ်ရေး ဖလားရဲ့ နောက်တဆင့် ရှုံးထွက်ပြိုင်ပွဲတွေကို ဆီဗီးလား ၊ ဗလင်စီယာ ၊ လီဂါနက် နဲ့ ဘာစီလိုနာတို့ တက်ရောက်ခဲ့ပြီး နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းကတော့ လီဂါနက်ကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

NN

Leave a Reply