0
2

မြေကွက်လျှောက်လွှာ ရောင်းရငွေ အချို့ကို မြေယာ လျော်ကြေးတွင် ထည့်သွင်း သုံးစွဲမည်

နိုဝင်ဘာ ၅
ဝေဝေဖြိုး

ရန်ကုန်တိုင်းအစိုးရက ပထမအဆင့် ရောင်းချမည့် မြေကွက် ၅၀၀ ကျော်အတွက် လျှောက်လွှာ ရောင်းချငွေအချို့ကို မြေယာလျော်ကြေးတွင် ထည့်သွင်း သုံးစွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

“မြေကွက်ရောင်းရတဲ့ ငွေအပေါ်ကနေ မြေယာလျော်ကြေး ပြန်ပေးမှာ ဒီလျှောက်လွှာကြေး ၁ သောင်းဆိုတာက ဘာရံပုံငွေ ရချင်လို့မှ မဟုတ်ဘူး။ သို့သော်လည်း ဒီအပေါ်မှာ တန်ဖိုးထားစေချင်တဲ့ အတွက်ရော လေးလေး နက်နက်ရှိစေချင်တဲ့ အတွက်ရော ၁ သောင်း ရောင်းပေးတာပါ။ဒီဟာက မြေယာလျော်ကြေး ပေးတဲ့အခါ အဲ့လောက် သုံးလောက်အောင်လဲ မရပါဘူး။ အဓိကတော့ မြေယာ လျော်ကြေး အတွက်က ဘတ်ဂျက်မှာ လျာထားပြီးတော့ ပြန်လျော်ရတာ သို့သော် ဒီအစိုးရ ဘတ်ဂျက်က နေကြီးပဲ တင်ပြီးလျော်မယ့်အစား ရှိနေသေးတဲ့ မြေကွက် အလွတ်တွေကို ပြန်ရောင်းခြင်း အားဖြင့်လဲ မြေယာ လျော်ကြေးအတွက် တစ်စိတ်တစ်ဒေသအားဖြင့် အထောက်အကူ ရတယ်။”ဟု ၎င်းကပြောသည်။

မြေကွက်များအတွက် လျှောက်လွှာများ စတင်ရောင်းချသည့် အောက်တိုဘာလ ၇ ရက်မှ ၂၉ ရက်အထိ စောင်ရေ ၁၁၅၉၁ စောင်ရှိပြီး ၂၁၀၀ ကျော်အထိ ပြန်လည် လာရောက် တင်ပြ ထားကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ မြေစီမံခန့်ခွဲမှုကော်မတီက အောက်တိုဘာ ၇ ရက်မှ စတင်ပြီး နိုဝင်ဘာလ ၈ ရက်အထိ မြေကွက် လျှောက်ထား လိုသူများကို လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၁၀၀၀၀ ဖြင့်
ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးတွင် ရောင်းချပေးနေခြင်း ဖြစ်သည်။

လက်ရှိတွင် လျှောက်လွှာအစောင်ရေ ၁ သောင်းကျော် ရောင်းချထားပြီး ဖြစ်သည့်အတွက် လျှောက်လွှာရောင်းရငွေ ပမာဏသည် ကျပ်သိန်း ၁ထောင်ကျော် ရရှိပြီးဖြစ်သည်။

” ဒီအတွက်ကုန်ကျစရိတ်တွေရှိတယ် ဝန်ထမ်းတွေ အာ့နေရာမှာ လနဲ့ချီပြီးတော့ အယောက် ၂၀ လောက် တာဝန်ပေးထားရှိတယ်။ လျှောက်လွှာ ပုံစံတွေကို ပြန်ရိုက်ရသေးတယ်။ လိုအပ်တဲ့ အသုံးစရိတ်လေးတွေလဲ ရှိတယ်။
ဒါတွေအတွက်ကို ဒီထဲကနေ ပြန်ပြီး စနစ်တကျ ပြန်သုံးစွဲရမှာပါ ။ ပိုရင်တော့ မြေယာလျော်ကြေး ထဲမှာပဲ ထည့်သွင်း သုံးစွဲရမှာပါ “ဟု ဦးသန်းက ပြောသည်။

လျှောက်လွှာရောင်းရငွေများကို ယင်းအတွက် ကုန်ကျသည့် စရိတ်များ၊ ဝန်ထမ်းစရိတ်များနှင့် လိုအပ်သည့် အသုံးစရိတ်များအတွက် အဆိုပါ ငွေများထဲမှ စနစ်တကျ ပြန်လည်သုံးစွဲ သွားမည်ဖြစ်ပြီး ထိုမှ ပိုသည့်ငွေများကို မြေယာ လျော်ကြေးထဲတွင် ထည့်သွင်း သုံးစွဲသွားမည် ဟုဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းအစိုးရက ရောင်းချသော မြေကွက်များ အပေါ် အလေးထားစေချင် သည့်အတွက် လျှောက်လွှာကြေးကို ကျပ် တစ်သောင်း သတ်မှတ် ရောင်းချပေးခြင်း ဖြစ်သည်ဟုဆိုသည်။

“တိုင်းအစိုးရအဖွဲ့အနေနဲ့ ၁စောင် ၁သောင်း ရောင်းချခြင်းဟာ ဒီပေါ်ကနေ ရံပုံငွေရချင်လို့ ရောင်းတာမဟုတ်ဘူး။ ဒီလိုလေး ဈေးနှုန်းလေး သတ်မှတ်ပြီး ရောင်းမှ အားလုံးက မြေကွက်ပေါ်မှာ တန်ဖိုးထားလာမယ်။ဒီပေါ်က ရောင်းလို့ မြေတစ်ဧကကို မြေယာ လျော်ကြေး ပြန်ပေးတဲ့အခါမှာ သိန်း ၁၀၀ ပေးရတယ် အဲ့အတွက် ရန်ပုံငွေရဖို့ ရှာတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ မြေကွက် များအား အမှန်တကယ် စီးပွားရေးလုပ်ငန်း ၊ စက်မှုလက်မှု လုပ်ငန်း လုပ်ကိုင်နိုင်ရန်နှင့် လူနေအဆောက်အဦး အဖြစ် အသုံးချနိုင်ရန် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို စိစစ်ပြီး ရောင်းချပေးမည်ဖြစ်သည်။

လျှောက်လွှာများ စတင်ရောင်းချချိန်တွင် လာရောက်လျှောက်ထားသူ အများအပြား ရှိသော်လည်း လက်ရှိအချိန်တွင် တစ်နေ့လျှင် အစောင်ရေ ၅၀၀ ကျော်ခန့်သာ ရောင်းရသည့် အနေအထားဖြစ်သည်ဟုဆိုသည်။

“အခုက ပထမ စရောင်းတဲ့ လလောက်တော့ တန်းစီပြီး တိုးနေတာမျိုး မရှိဘူး။ အဲ့မှာ ကောင်တာ ၅ ခုခွဲပြီးတော့ ရောင်းလိုက်တဲ့အတွက် နေ့စဉ် ၅၀၀ ကျော်လောက်ပဲ အစောင်ရေ ရောင်းရတဲ့ အနေထားဖြစ်တဲ့အတွက် အရင်လို ကြိတ်ကြိတ်တိုး မဟုတ်ပါဘူး။ ဒါကြောင့် လောလောဆယ် အဆင်ပြေပါတယ်။ ဒီနေရာမှာပဲ ဆက်ရောင်း သွားမှာပါ”ဟု ၎င်းကပြောသည်။

လျှောက်လွှာရောင်းရငွေများကို စည်ပင်ဘဏ်အကောင့် တစ်ခုဖြင့် နိုင်ငံတော်ဘတ်ဂျက် အတွင်းသို့သာ ထည့်သွင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဌာနဝန်ကြီး ဦးဟံထွန်းက ပြောဆိုထားသည်။

လျှောက်လွှာ ဝယ်ယူထားသူများ အနေဖြင့် ရောင်းချမည့် မြေကွက် ၅၀၀ ကျော်တွင် မရရှိခဲ့ပါက ထပ်မံဖော်ထုတ် ရောင်းမည့် မြေကွက်များ၏ အကျိုးခံစားခွင့်များအတွက် လျှောက်လွှာအသစ် ဝယ်ယူရန် မလိုအပ်ဘဲ မူလတင်ပြထားသည့် လျှောက်လွှာ၌ လိုအပ်သော စာရွက်စာတမ်း တချို့ကိုသာ ဖြည့်စွက်ပေးရမည် ဖြစ်ကြောင်း သိရသည်။

____________________________________

(Zawgyi)

ေျမကြက္ေလ်ွာက္လႊာ ေရာင္းရေငြ အခ်ိဳ႕ကို ေျမယာ ေလ်ာ္ေၾကးတြင္ ထည့္သြင္း သံုးစြဲမည္

နိုဝင္ဘာ ၅
ေဝေဝၿဖိဳး

ရန္ကုန္တိုင္းအစိုးရက ပထမအဆင့္ ေရာင္းခ်မည့္ ေျမကြက္ ၅၀၀ ေက်ာ္အတြက္ ေလ်ွာက္လႊာ ေရာင္းခ်ေငြအခ်ိဳ႕ကို ေျမယာေလ်ာ္ေၾကးတြင္ ထည့္သြင္း သံုးစြဲသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။

“ေျမကြက္ေရာင္းရတဲ့ ေငြအေပၚကေန ေျမယာေလ်ာ္ေၾကး ျပန္ေပးမွာ ဒီေလ်ွာက္လႊာေၾကး ၁ ေသာင္းဆိုတာက ဘာရံပံုေငြ ရခ်င္လို႔မွ မဟုတ္ဘူး။ သို႔ေသာ္လည္း ဒီအေပၚမွာ တန္ဖိုးထားေစခ်င္တဲ့ အတြက္ေရာ ေလးေလး နက္နက္ရွိေစခ်င္တဲ့ အတြက္ေရာ ၁ ေသာင္း ေရာင္းေပးတာပါ။ဒီဟာက ေျမယာေလ်ာ္ေၾကး ေပးတဲ့အခါ အဲ့ေလာက္ သံုးေလာက္ေအာင္လဲ မရပါဘူး။ အဓိကေတာ့ ေျမယာ ေလ်ာ္ေၾကး အတြက္က ဘတ္ဂ်က္မွာ လ်ာထားၿပီးေတာ့ ျပန္ေလ်ာ္ရတာ သို႔ေသာ္ ဒီအစိုးရ ဘတ္ဂ်က္က ေနႀကီးပဲ တင္ၿပီးေလ်ာ္မယ့္အစား ရွိေနေသးတဲ့ ေျမကြက္ အလြတ္ေတြကို ျပန္ေရာင္းျခင္း အားျဖင့္လဲ ေျမယာ ေလ်ာ္ေၾကးအတြက္ တစ္စိတ္တစ္ေဒသအားျဖင့္ အေထာက္အကူ ရတယ္။”ဟု ၎ကေျပာသည္။

ေျမကြက္​မ်ားအတြက္ ေလွ်ာက္လႊာမ်ား စတင္ေရာင္းခ်သည့္ ေအာက္တိုဘာလ ၇ ရက္မွ ၂၉ ရက္အထိ ေစာင္ေရ ၁၁၅၉၁ ေစာင္ရွိၿပီး ၂၁၀၀ ေက်ာ္အထိ ျပန္လည္ လာေရာက္ တင္ျပ ထားေၾကာင္း သိရသည္။

ရန္ကုန္တိုင္း ေဒသႀကီးအစိုးရ အဖြဲ႕ ေျမစီမံခန္႔ခြဲမႈေကာ္မတီက ေအာက္တိုဘာ ၇ ရက္မွ စတင္ၿပီး နိုဝင္ဘာလ ၈ ရက္အထိ ေျမကြက္ ေလ်ွာက္ထား လိုသူမ်ားကို ေလ်ွာက္လႊာ တစ္ေစာင္လ်ွင္ က်ပ္ ၁၀၀၀၀ ျဖင့္
ရန္ကုန္အေရွ႕ပိုင္းခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန စုေပါင္းရံုးတြင္ ေရာင္းခ်ေပးေနျခင္း ျဖစ္သည္။

လက္ရွိတြင္ ေလ်ွာက္လႊာအေစာင္ေရ ၁ ေသာင္းေက်ာ္ ေရာင္းခ်ထားၿပီး ျဖစ္သည့္အတြက္ ေလ်ွာက္လႊာေရာင္းရေငြ ပမာဏသည္ က်ပ္သိန္း ၁ေထာင္ေက်ာ္ ရရွိၿပီးျဖစ္သည္။

” ဒီအတြက္ကုန္က်စရိတ္ေတြရွိတယ္ ဝန္ထမ္းေတြ အာ့ေနရာမွာ လနဲ႔ခ်ီၿပီးေတာ့ အေယာက္ ၂၀ ေလာက္ တာဝန္ေပးထားရွိတယ္။ ေလ်ွာက္လႊာ ပံုစံေတြကို ျပန္ရိုက္ရေသးတယ္။ လိုအပ္တဲ့ အသံုးစရိတ္ေလးေတြလဲ ရွိတယ္။
ဒါေတြအတြက္ကို ဒီထဲကေန ျပန္ၿပီး စနစ္တက် ျပန္သံုးစြဲရမွာပါ ။ ပိုရင္ေတာ့ ေျမယာေလ်ာ္ေၾကး ထဲမွာပဲ ထည့္သြင္း သံုးစြဲရမွာပါ “ဟု ဦးသန္းက ေျပာသည္။

ေလ်ွာက္လႊာေရာင္းရေငြမ်ားကို ယင္းအတြက္ ကုန္က်သည့္ စရိတ္မ်ား၊ ဝန္ထမ္းစရိတ္မ်ားနွင့္ လိုအပ္သည့္ အသံုးစရိတ္မ်ားအတြက္ အဆိုပါ ေငြမ်ားထဲမွ စနစ္တက် ျပန္လည္သံုးစြဲ သြားမည္ျဖစ္ၿပီး ထိုမွ ပိုသည့္ေငြမ်ားကို ေျမယာ ေလ်ာ္ေၾကးထဲတြင္ ထည့္သြင္း သံုးစြဲသြားမည္ ဟုဆိုသည္။

ထို႔ျပင္ ရန္ကုန္တိုင္းအစိုးရက ေရာင္းခ်ေသာ ေျမကြက္မ်ား အေပၚ အေလးထားေစခ်င္ သည့္အတြက္ ေလ်ွာက္လႊာေၾကးကို က်ပ္ တစ္ေသာင္း သတ္မွတ္ ေရာင္းခ်ေပးျခင္း ျဖစ္သည္ဟုဆိုသည္။

“တိုင္းအစိုးရအဖြဲ႕အေနနဲ႔ ၁ေစာင္ ၁ေသာင္း ေရာင္းခ်ျခင္းဟာ ဒီေပၚကေန ရံပံုေငြရခ်င္လို႔ ေရာင္းတာမဟုတ္ဘူး။ ဒီလိုေလး ေစ်းနႈန္းေလး သတ္မွတ္ၿပီး ေရာင္းမွ အားလံုးက ေျမကြက္ေပၚမွာ တန္ဖိုးထားလာမယ္။ဒီေပၚက ေရာင္းလို႔ ေျမတစ္ဧကကို ေျမယာ ေလ်ာ္ေၾကး ျပန္ေပးတဲ့အခါမွာ သိန္း ၁၀၀ ေပးရတယ္ အဲ့အတြက္ ရန္ပံုေငြရဖို႔ ရွာတာပါ”ဟု ၎ကဆိုသည္။

အဆိုပါ ေျမကြက္ မ်ားအား အမွန္တကယ္ စီးပြားေရးလုပ္ငန္း ၊ စက္မႈလက္မႈ လုပ္ငန္း လုပ္ကိုင္နိုင္ရန္နွင့္ လူေနအေဆာက္အဦး အျဖစ္ အသံုးခ်နိုင္ရန္ အဖြဲ႕အစည္းနွင့္ လူပုဂၢိဳလ္မ်ားကို စိစစ္ၿပီး ေရာင္းခ်ေပးမည္ျဖစ္သည္။

ေလ်ွာက္လႊာမ်ား စတင္ေရာင္းခ်ခ်ိန္တြင္ လာေရာက္ေလ်ွာက္ထားသူ အမ်ားအျပား ရွိေသာ္လည္း လက္ရွိအခ်ိန္တြင္ တစ္ေန႔လ်ွင္ အေစာင္ေရ ၅၀၀ ေက်ာ္ခန္႔သာ ေရာင္းရသည့္ အေနအထားျဖစ္သည္ဟုဆိုသည္။

“အခုက ပထမ စေရာင္းတဲ့ လေလာက္ေတာ့ တန္းစီၿပီး တိုးေနတာမ်ိဳး မရွိဘူး။ အဲ့မွာ ေကာင္တာ ၅ ခုခြဲၿပီးေတာ့ ေရာင္းလိုက္တဲ့အတြက္ ေန႔စဥ္ ၅၀၀ ေက်ာ္ေလာက္ပဲ အေစာင္ေရ ေရာင္းရတဲ့ အေနထားျဖစ္တဲ့အတြက္ အရင္လို ႀကိတ္ႀကိတ္တိုး မဟုတ္ပါဘူး။ ဒါေၾကာင့္ ေလာေလာဆယ္ အဆင္ေျပပါတယ္။ ဒီေနရာမွာပဲ ဆက္ေရာင္း သြားမွာပါ”ဟု ၎ကေျပာသည္။

ေလ်ွာက္လႊာေရာင္းရေငြမ်ားကို စည္ပင္ဘဏ္အေကာင့္ တစ္ခုျဖင့္ ႏိုင္ငံေတာ္ဘတ္ဂ်က္ အတြင္းသို႔သာ ထည့္သြင္းသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဌာနဝန္ႀကီး ဦးဟံထြန္းက ေျပာဆိုထားသည္။

ေလ်ွာက္လႊာ ဝယ္ယူထားသူမ်ား အေနျဖင့္ ေရာင္းခ်မည့္ ေျမကြက္ ၅၀၀ ေက်ာ္တြင္ မရရိွခဲ့ပါက ထပ္မံေဖာ္ထုတ္ ေရာင္းမည့္ ေျမကြက္မ်ား၏ အက်ိဳးခံစားခြင့္မ်ားအတြက္ ေလ်ွာက္လႊာအသစ္ ဝယ္ယူရန္ မလိုအပ္ဘဲ မူလတင္ျပထားသည့္ ေလ်ွာက္လႊာ၌ လိုအပ္ေသာ စာရြက္စာတမ္း တခ်ိဳ႕ကိုသာ ျဖည့္စြက္ေပးရမည္ ျဖစ္ေၾကာင္း သိရသည္။

Leave a Reply