တပ္​တြင္​းမဲ႐ံုမ်ား ျပင္​ပတြင္​ထား႐ွိ​ေရး​ျပင္​ဆင္​ခ်က္​ တပ္​မ​ေတာ္​တာဝန္​မ်ားသိမွသာ နည္​းဥပ​ေဒထုတ္​ျပန္​သင္​့ ဟု ျပည္​ခိုင္​ၿဖိဳး အမတ္​​ေျပာ

0
5

တပ်တွင်းမဲရုံများ ပြင်ပတွင်ထားရှိရေးပြင်ဆင်ချက် တပ်မတော်တာဝန်များသိမှသာ နည်းဥပဒေထုတ်ပြန်သင့် ဟု ပြည်ခိုင်ဖြိုး အမတ်ပြော

နိုဝင်ဘာ ၅
ယဉ်ကေနွယ်

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို နိုဝင်ဘာလ ၄ ရက်နေ့ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေပေးထားကြောင်း သိရသည်။

ယင်းဖြန့်ဝေထားသည့် နည်းဥပဒေတွင် “ကော်မရှင်၏ တာဝန်ပေးချက်နှင့် အညီ ယင်းတို့နှင့် အတူနေထိုင်ကြသည့် အိမ်ထောင်စုဝင်များနေထိုင်ရာ တပ်ရင်းတပ်ဖွဲ့များအတွက် မဲရုံနေရာ သတ်မှတ်ရာ၌ သက်ဆိုင်ရာ ရပ်ကွက်(သို့) ကျေးရွာ အုပ်စု အတွင်းရှိ မဲဆန္ဒရှင်များနှင့်အတူ ဆန္ဒမဲပေးရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်သူများလွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မည့် ထို တပ်ရင်းတပ်ဖွဲ့၏ ပြင်ပ သင့်လျော်သည့် နေရာတွင် သတ်မှတ်ပေးရမည်” ဆိုသည့် အချက်ပါရှိသည်။

ထိုကဲ့သို့ ပါရှိနေသည့် အတွက် တပ်မတော်၏ လုပ်ငန်းတာဝန်များကို ထည်ထည်ဝင်ဝင်သိမှသာ နည်းဥပဒေများထုတ်ပြန်သင့်သည်ဟု ပြည်ခိုင်ဖြိုးအမတ် ဖြစ်သူ ပျော်ဘွယ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသောင်းအေးက သုံးသပ်ပြောကြားလိုက်သည်။

“တပ်မတော်ရဲ့ သဘောသဘာ၀ နဲ့ တပ်မတော်ရဲ့ တည်ဆောက်ပုံ တပ်မတော်ရဲ့ လုပ်ငန်း တာဝန်တွေကို ဒါတွေကို ထဲထဲဝင်ဝင် သိပြီးမှ နည်းဥပဒေထုတ်ပြန်သင့်တယ်လို့ အန်ကယ်ကတော့ ဒီလိုပဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ တပ်တွေက အချို့ တပ်တွေဆိုရင် ရပ်ရွာတွေနဲ့ အရမ်းဝေးတယ်။ သူ့တာဝန်ထမ်းဆောင်နေရတဲ့ တာဝန်တွေကလည်း အင်မတန်ကြီးလေးတဲ့ ကိစ္စတွေဖြစ်တယ်။ အဲ့ဒီ အဝန်းဝိုင်းတွေ အဲ့ လုပ်ငန်းတာတွေ ကို ပစ်ပယ် ပြီးတော့ ဝေးလံတဲ့ နေရာ မဲရုံမှာ မဲဆန္ဒပေးရမယ်ဆိုတာ တော်တော်လေးတော့ အခက်အခဲတွေရှိသွားနိုင်တယ်။ လုံခြုံရေးလည်း ထိခိုက်နိုင်တယ်”ဟု ဦးသောင်းအေးကပြောသည်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းးအဝေး အပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဦးသောင်းအေးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တပ်တွင်းမဲရုံများသည် လည်း ရွေးကောက်ပွဲကော်မရှင်၏ စည်းကမ်းနှင့် အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး အဆိုပါ ကိစ္စအား ညှိနှိုင်းဆောင်ရွက်ပြီးမှ သာ လုပ်ဆောင်သင့်ကြောင်း ဦးသောင်းအေးကပြောသည်။

၎င်း ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ဆွေးနွေးထားမှုမရှိသေးကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ကပြောသည်။

“ကျွန်တော်တို့အဲ့ဒါကို လောလောဆယ် အဲ့ဒါကို ဘာမှ မဆွေးနွေးထားရသေးဘူး ဘာမှ မပြောရသေးဘူး။ ကျွန်တော်တို့ လုပ်ရင် ပြောပါ့မယ်”ဟု ဗိုလ်မှူးချုပ်မောင်မောင် ကပြောသည်။

အဆိုပါ နည်းဥပဒေ သည် ရက်ပေါင်း ၉၀ အတွင်းပြင်ဆင်ချက် မရှိပါက အတည်ဖြစ်မည်ဖြစ်ပြီး ပြင်ဆင်ချက်များရှိမည်ဆိုပါက အမျိုးသားလွှတ်တော်သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

“အမျိုးသားလွှတ်တော်လည်း ပြင်ဆင်ချက် မရှိဘူးဆိုရင် နည်းဥပဒေက အတည်ဖြစ်သွားပြီပေါ့။ အဲ့လို မှတ်ယူရမှာပေါ့။ တကယ်လို့ ပြင်ဆင်ချက်ရှိတယ်ဆိုရင်လည်း လွှတ်တော်မှာဆွေးနွေးဖို့ရှိပါတယ်”ဟု ပြည်သူ့လွှတ်တော်မှ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထွန်းကပြောသည်။

တပ်တွင်းမဲရုံထားရှိသည့် ကိစ္စနှင့် ပတ်သက်၍လည်း လက်ရှိမှာတော့ NLD ပါတီ မှ ကန့်ကွက်မှုများရှိနေကြောင်း သိရသည်။

#TheFifthWave

_______________________________________

(Zawgyi)

တပ္​တြင္​းမဲ႐ံုမ်ား ျပင္​ပတြင္​ထား႐ွိ​ေရး​ျပင္​ဆင္​ခ်က္​ တပ္​မ​ေတာ္​တာဝန္​မ်ားသိမွသာ နည္​းဥပ​ေဒထုတ္​ျပန္​သင္​့ ဟု ျပည္​ခိုင္​ၿဖိဳး အမတ္​​ေျပာ

နို၀င္ဘာ ၅
ယဥ္ေကႏြယ္

အမ်ိဳးသားလႊတ္ေတာ္ေရြးေကာက္ပြဲ နည္းဥပေဒမ်ားကို ပဥၥမအႀကိမ္ျပင္ဆင္သည့္ နည္းဥပေဒမ်ားကို နို၀င္ဘာလ ၄ ရက္ေန႔ က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံသို႔ ျဖန္႔ေ၀ေပးထားေၾကာင္း သိရသည္။

ယင္းျဖန္႔ေ၀ထားသည့္ နည္းဥပေဒတြင္ “ေကာ္မရွင္၏ တာ၀န္ေပးခ်က္ႏွင့္ အညီ ယင္းတို႔ႏွင့္ အတူေနထိုင္ၾကသည့္ အိမ္ေထာင္စု၀င္မ်ားေနထိုင္ရာ တပ္ရင္းတပ္ဖြဲ႔မ်ားအတြက္ မဲရံုေနရာ သတ္မွတ္ရာ၌ သက္ဆိုင္ရာ ရပ္ကြက္(သို႔) ေက်းရြာ အုပ္စု အတြင္းရွိ မဲဆႏၵရွင္မ်ားႏွင့္အတူ ဆႏၵမဲေပးရန္နွင့္ ပြင့္လင္းျမင္သာမႈရွိေစရန္ သက္ဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၊ ေရြးေကာက္ပြဲကိုယ္စားလွယ္မ်ား၊ မဲရံုကိုယ္စားလွယ္မ်ား၊ အကူ ကိုယ္စားလွယ္မ်ားနွင့္ ေရြးေကာက္ပြဲေစာင့္ၾကည့္သူမ်ားလြတ္လပ္စြာ ၀င္ထြက္သြားလာနိုင္မည့္ ထို တပ္ရင္းတပ္ဖြဲ႔၏ ျပင္ပ သင့္ေလ်ာ္သည့္ ေနရာတြင္ သတ္မွတ္ေပးရမည္” ဆိုသည့္ အခ်က္ပါရွိသည္။

ထိုကဲ့သို႔ ပါရွိေနသည့္ အတြက္ တပ္မေတာ္၏ လုပ္ငနး္တာ၀န္မ်ားကို ထည္ထည္၀င္၀င္သိမွသာ နည္းဥပေဒမ်ားထုတ္ျပန္သင့္သည္ဟု ျပည္ခိုင္ၿဖိဳးအမတ္ ျဖစ္သူ ေပ်ာ္ဘြယ္မဲဆႏၵနယ္မွ ကိုယ္စားလွယ္ ဦးေသာင္းေအးက သံုးသပ္ေျပာၾကားလိုက္သည္။

“တပ္မေတာ္ရဲ႕ သေဘာသဘာ၀ နဲ႔ တပ္မေတာ္ရဲ႕ တည္ေဆာက္ပံု တပ္မေတာ္ရဲ႕ လုပ္ငန္း တာ၀န္ေတြကို ဒါေတြကို ထဲထဲ၀င္၀င္ သိၿပီးမွ နည္းဥပေဒထုတ္ျပန္သင့္တယ္လို႔ အန္ကယ္ကေတာ့ ဒီလိုပဲျမင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ တပ္ေတြက အခ်ိဳ႕ တပ္ေတြဆိုရင္ ရပ္ရြာေတြနဲ႔ အရမ္းေ၀းတယ္။ သူ႔တာ၀န္ထမ္းေဆာင္ေနရတဲ့ တာ၀န္ေတြကလည္း အင္မတန္ႀကီးေလးတဲ့ ကိစၥေတြျဖစ္တယ္။ အဲ့ဒီ အ၀န္း၀ိုင္းေတြ အဲ့ လုပ္ငန္းတာေတြ ကို ပစ္ပယ္ ၿပိီးေတာ့ ေ၀းလံတဲ့ ေနရာ မဲရံုမွာ မဲဆႏၵေပးရမယ္ဆိုတာ ေတာ္ေတာ္ေလးေတာ့ အခက္အခဲေတြရွိသြားနုိုင္တယ္။ လံုျခံဳေရးလည္း ထိခိုက္နိုင္တယ္”ဟု ဦးေသာင္းေအးကေျပာသည္။

ယေန႔ က်င္းပျပဳလုပ္ခဲ့သည့္ ျပည္သူ႔လႊတ္ေတာ္အစညး္းအေ၀း အၿပီးတြင္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈ အေပၚ ဦးေသာင္းေအးမွ အထက္ပါအတိုင္းျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

တပ္တြင္းမဲရံုမ်ားသည္ လည္း ေရြးေကာက္ပြဲေကာ္​မ႐ွင္​၏ စည္းကမ္းနွင့္ အညီ လုပ္ေဆာင္ျခင္းျဖစ္ၿပီး အဆိုပါ ကိစၥအား ညွိႏႈိင္းေဆာင္ရြက္ၿပီးမွ သာ လုပ္ေဆာင္သင့္ေၾကာင္း ဦးေသာင္းေအးကေျပာသည္။

၎ ကိစၥႏွင့္ ပတ္သက္ၿပီး တပ္မေတာ္ဘက္မွ ေဆြးေႏြးထားမႈမရွိေသးေၾကာင္း တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္ကေျပာသည္။

“ကၽြန္ေတာ္တို႔အဲ့ဒါကို ေလာေလာဆယ္ အဲ့ဒါကို ဘာမွ မေဆြးေႏြးထားရေသးဘူး ဘာမွ မေျပာရေသးဘူး။ ကၽြန္ေတာ္တို႔ လုပ္ရင္ ေျပာပါ့မယ္”ဟု ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္ ကေျပာသည္။

အဆိုပါ နည္းဥပေဒ သည္ ရက္ေပါင္း ၉၀ အတြင္းျပင္ဆင္ခ်က္ မရွိပါက အတည္ျဖစ္မည္ျဖစ္ၿပီး ျပင္ဆင္ခ်က္မ်ားရွိမည္ဆိုပါက အမ်ိဳးသားလႊတ္ေတာ္သို႔ ေပးပို့ရမည္ျဖစ္ေၾကာင္း သိရသည္။

“အမ်ိဳးသားလႊတ္ေတာ္လည္း ျပင္ဆင္ခ်က္ မရွိဘူးဆိုရင္ နည္းဥပေဒက အတည္ျဖစ္သြားၿပီေပါ့။ အဲ့လို မွတ္ယူရမွာေပါ့။ တကယ္လို႔ ျပင္ဆင္ခ်က္ရွိတယ္ဆိုရင္လည္း လႊတ္ေတာ္မွာေဆြးေႏြးဖို႔ရွိပါတယ္”ဟု ျပည္သူ႔လႊတ္ေတာ္မွ ဥပေဒၾကမ္းေကာ္မတီ အဖြဲ႔၀င္ ဦးေနမ်ိဳးထြန္းကေျပာသည္။

တပ္တြင္းမဲရံုထားရွိသည့္ ကိစၥႏွင့္ ပတ္သက္၍လည္း လက္ရွိမွာေတာ့ NLD ပါတီ မွ ကန္႔ကြက္မႈမ်ားရွိေနေၾကာင္း သိရသည္။

#TheFifthWave

Leave a Reply