အစိုးရတပ္၊ ဝ တပ္ႏွင့္ မုိင္းလားတုိ႔ၾကား စစ္ေရးတင္းမာမႈ မရွိဘဲ သာမန္အေျခအေနျဖစ္ေၾကာင္း တာဝန္ရွိသူမ်ား ေျဖရွင္း

0
5

အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားတို့ကြား စစ်ရေးတင်းမာမှု မရှိဘဲ သာမန်အခြေအနေဖြစ်ကြောင်း တာဝန်ရှိသူများ ဖြေရှင်း

နိုဝင်ဘာ ၅
ပဉ္စမလှိုင်း

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားအထူးဒေသ(၄)တို့ အကြား စစ်ရေးတင်းမာမှု ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ သာမန်အောက်ခြေတပ်သားခြင်း ထိတွေ့မှုသာ ရှိကြောင်း တာဝန်ရှိသူများက ဖြေရှင်းပြောကြားသည်။

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းက မိုင်းခတ်မြို့နယ်အတွင်းရှိ လွယ်လုံစစ်ဆေးရေးဂိတ်တွင် အစိုးရတပ်နှင့် ဝ တပ်ဖွဲ့မှ အောက်ခြေတပ်သားအချင်းချင်း သာမန်စကားများမှုသာ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်တာမျိုး မဖြစ်ပွားခဲ့ကြောင်း မိုင်းခတ်မြို့နယ် အုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောသည်။

“ပစ်တာ ခတ်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့ သေနတ်တစ်ချက်ဖောက်ရင်တောင် အစီရင်ခံစာတင်ရတာ။ အောက်ခြေတပ်သားချင်း သာမန် အခြေအတင်ဖြစ်တာလောက်ပဲရှိတယ်” လို့ သူက ပြောသည်။

လက်ရှိတွင် မိုင်းခတ်မြို့နှင့် အနီးတဝိုက်တွင် ပြည်သူများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျှက်ရှိကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အစိုးရတပ်နှင့် ဝ တပ်ဖွဲ့တို့အကြား ပစ်ခတ်ခြင်း၊ စစ်ရေးတင်မာခြင်း စသည့် သတင်းမျိုး ရရှိခြင်းမရှိကြောင်း ဝ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောသည်။

“ဒီသတင်းတွေနဲ့ ပတ်သက်လို့ အောက်ခြေက ဘာသတင်းမှ မကြားရဘူး။ အောက်ခြေမှာ တခါတလေ ထိတွေ့မှုတွေတော့ ရှိတတ်ပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

ထို့အပြင် မိုင်းလား နယ်မြေထဲသို့ ဝ တပ်ဖွဲ့များ ဝင်ရောက်နေခြင်းမှာ ယခုမှ မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ကြောင်း ဦးညီရမ်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရတပ်မတော်နှင့် မိုင်းလားဒေသ တာဝန်ရှိသူများထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဝ တပ်ဖွဲ့နှင့် မိုင်းလား တပ်ဖွဲ့တို့အကြား စစ်ရေး တင်းမာမှု ဖြစ်ပွားခဲ့ပြီး ဝ တပ်ဖွဲ့များက မိုင်းလာနယ်မြေအတွင်းမှ တပ်စခန်းများကို ဝင်ရောက်စီးနင်းခဲ့ဖူးသည်။

ထိုဖြစ်စဉ်နောက်ပိုင်း မိုင်းလား အထူးဒေသ (၄) တာဝန်ရှိသူများက တပ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်ခဲ့ကြောင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

ပုံစာ _ ဝ လက်နက်ကိုင်အဖွဲ့၏ စစ်ရေးပြအခမ်းအနား

Photo – Mar Naw / MPA

#TheFifthWave

________________________________________

(Zawgyi)

အစိုးရတပ္၊ ဝ တပ္ႏွင့္ မုိင္းလားတုိ႔ၾကား စစ္ေရးတင္းမာမႈ မရွိဘဲ သာမန္အေျခအေနျဖစ္ေၾကာင္း တာဝန္ရွိသူမ်ား ေျဖရွင္း

နိုဝင္ဘာ ၅
ပဥၥမလိႈင္​း

ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ အစိုးရတပ္၊ ဝ တပ္ႏွင့္ မုိင္းလားအထူးေဒသ(၄)တုိ႔ အၾကား စစ္ေရးတင္းမာမႈ ျဖစ္ေပၚခဲ့ျခင္းမရွိဘဲ သာမန္ေအာက္ေျခတပ္သားျခင္း ထိေတြ႔မႈသာ ရွိေၾကာင္း တာဝန္ရွိသူမ်ားက ေျဖရွင္းေျပာၾကားသည္။

ေအာက္တိုဘာလ ေနာက္ဆံုးပတ္အတြင္းက မိုင္းခတ္ၿမိဳ႕နယ္အတြင္းရွိ လြယ္လံုစစ္ေဆးေရးဂိတ္တြင္ အစိုးရတပ္ႏွင့္ ဝ တပ္ဖြဲ႔မွ ေအာက္ေျခတပ္သားအခ်င္းခ်င္း သာမန္စကားမ်ားမႈသာ ျဖစ္ပြားခဲ့ၿပီး ပစ္ခတ္တာမ်ိဳး မျဖစ္ပြားခဲ့ေၾကာင္း မုိင္းခတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး အရာရွိတစ္ဦးက ေျပာသည္။

“ပစ္တာ ခတ္တာမ်ိဳးမရွိပါဘူး။ ကၽြန္ေတာ္တုိ႔ ေသနတ္တစ္ခ်က္ေဖာက္ရင္ေတာင္ အစီရင္ခံစာတင္ရတာ။ ေအာက္ေျခတပ္သားခ်င္း သာမန္ အေျခအတင္ျဖစ္တာေလာက္ပဲရွိတယ္” လို႔ သူက ေျပာသည္။

လက္ရွိတြင္ မိုင္းခတ္ၿမိဳ႕ႏွင့္ အနီးတဝိုက္တြင္ ျပည္သူမ်ား ပံုမွန္အတုိင္း သြားလာလႈပ္ရွားလွ်က္ရွိေၾကာင္း အဆုိပါ အရာရွိက ဆက္လက္ေျပာၾကားသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ အစိုးရတပ္ႏွင့္ ဝ တပ္ဖြဲ႔တို႔အၾကား ပစ္ခတ္ျခင္း၊ စစ္ေရးတင္မာျခင္း စသည့္ သတင္းမ်ိဳး ရရွိျခင္းမရွိေၾကာင္း ဝ တပ္ဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူ ဦးညီရမ္းက ေျပာသည္။

“ဒီသတင္းေတြနဲ႔ ပတ္သက္လို႔ ေအာက္ေျခက ဘာသတင္းမွ မၾကားရဘူး။ ေအာက္ေျခမွာ တခါတေလ ထိေတြ႔မႈေတြေတာ့ ရွိတတ္ပါတယ္။ ဘာမွ ႀကီးႀကီးက်ယ္က်ယ္ေတာ့ မဟုတ္ပါဘူး” ဟု သူက ေျပာသည္။

ထုိ႔အျပင္ မုိင္းလား နယ္ေျမထဲသို႔ ဝ တပ္ဖြဲ႔မ်ား ဝင္ေရာက္ေနျခင္းမွာ ယခုမွ မဟုတ္ဘဲ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ၿပီျဖစ္ေၾကာင္း ဦးညီရမ္းက ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အစိုးရတပ္မေတာ္ႏွင့္ မုိင္းလားေဒသ တာဝန္ရွိသူမ်ားထံ ေမးျမန္းရန္ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္မရခဲ့ေပ။

ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလအတြင္းက ဝ တပ္ဖြဲ႔ႏွင့္ မုိင္းလား တပ္ဖြဲ႔တို႔အၾကား စစ္ေရး တင္းမာမႈ ျဖစ္ပြားခဲ့ၿပီး ဝ တပ္ဖြဲ႔မ်ားက မုိင္းလာနယ္ေျမအတြင္းမွ တပ္စခန္းမ်ားကို ဝင္ေရာက္စီးနင္းခဲ့ဖူးသည္။

ထုိျဖစ္စဥ္ေနာက္ပိုင္း မုိင္းလား အထူးေဒသ (၄) တာဝန္ရွိသူမ်ားက တပ္အင္အားတိုးခ်ဲ႕မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင့္ ႏိုင္ငံေရး ေလ့လာသံုးသပ္သူမ်ားက ဆုိသည္။

ပံုစာ _ ဝ လက္​နက္​ကိုင္​အဖြဲ႔၏ စစ္​​ေရးျပအခမ္း​အနား

Photo – Mar Naw / MPA

#TheFifthWave

Leave a Reply