ေတာင္ႀကီး မီးပုံးပ်ံပြဲေတာ္

0
9

ႏိုဝင္ဘာ ၈
ပဥၥမလိႈင္း

ေတာင္ႀကီးတန္ေဆာင္တိုင္ ႐ိုးရာမီးပုံးပ်ံပြဲေတာ္ကို ႏိုဝင္ဘာ ၄ ရက္မွ ႏိုဝင္ဘာ ၁၂ ရက္အထိ က်င္းပလ်က္ရွိသည္။ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္သည္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕တြင္ ႏွစ္စဥ္ တန္ေဆာင္မုန္းလျပည့္ေန႔ အနီးဝန္းက်င္၌ က်င္းပသည့္ ႐ိုးရာပြဲေတာ္ တစ္ရပ္ျဖစ္သည္။ မီးပုံပ်ံပြဲေတာ္တြင္ ေန႔မီးႏွင့္ ညမီးဟူ၍ ႏွစ္မ်ိဳးခြဲကာ ၿပိဳင္ပြဲမ်ား က်င္းပေလ့ရွိသည္။

ေန႔ပိုင္းအလွလႊတ္ မီးပုံးပ်ံမ်ားသည္ အမ်ားအားျဖင့္ တိရစာၦန္ ႐ုပ္ပုံမ်ား ျဖစ္ၿပီး ညလႊတ္မီးပုံပ်ံမ်ားတြင္မူ ညမီးႀကီးႏွင့္ စိန္နားပန္ဟူ၍ ႏွစ္မ်ိဳးရွိသည္။ ညမီးႀကီးမွာ မီးပုံပ်ံေအာက္ဆြဲတြင္ ယမ္းေခြပါဝင္ၿပီး မီးပုံပ်ံ ပ်ံတက္သည့္ ကာလအတြင္း မီးရႉးမီးပန္းမ်ားပစ္လႊတ္ကာ ညျမင္ကြင္းကို အလွဆင္ၾကသည္။

စိန္နားပန္မွာမူ မီးပုံပ်ံ အျပင္ကိုယ္ထည္ေပၚႏွင့္ ေအာက္ဆြဲတြင္ မီးပုံးအေရာင္အမ်ိဳးမ်ိဳးျဖင့္ ႐ုပ္ပုံမ်ားေသာ္လည္းေကာင္း စာလုံးမ်ားေသာ္လည္းေကာင္း ပုံေဖာ္ကာ လႊတ္တင္ၾကသည့္ မီးပုံပ်ံ အမ်ိဳးအစား ျဖစ္သည္။

ဓာတ္ပံု-Ye Myo Khant(MPA)

Unicode

တောင်ကြီး မီးပုံးပျံပွဲတော်

နိုဝင်ဘာ ၈
ပဉ္စမလှိုင်း

တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ကျင်းပလျက်ရှိသည်။တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ အနီးဝန်းကျင်၌ ကျင်းပသည့် ရိုးရာပွဲတော် တစ်ရပ်ဖြစ်သည်။ မီးပုံပျံပွဲတော်တွင် နေ့မီးနှင့် ညမီးဟူ၍ နှစ်မျိုးခွဲကာ ပြိုင်ပွဲများ ကျင်းပလေ့ရှိသည်။

နေ့ပိုင်းအလှလွှတ် မီးပုံးပျံများသည် အများအားဖြင့် တိရစ္ဆာန် ရုပ်ပုံများ ဖြစ်ပြီး ညလွှတ်မီးပုံပျံများတွင်မူ ညမီးကြီးနှင့် စိန်နားပန်ဟူ၍ နှစ်မျိုးရှိသည်။ ညမီးကြီးမှာ မီးပုံပျံအောက်ဆွဲတွင် ယမ်းခွေပါဝင်ပြီး မီးပုံပျံ ပျံတက်သည့် ကာလအတွင်း မီးရှူးမီးပန်းများပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်ကြသည်။

စိန်နားပန်မှာမူ မီးပုံပျံ အပြင်ကိုယ်ထည်ပေါ်နှင့် အောက်ဆွဲတွင် မီးပုံးအရောင်အမျိုးမျိုးဖြင့် ရုပ်ပုံများသော်လည်းကောင်း စာလုံးများသော်လည်းကောင်း ပုံဖော်ကာ လွှတ်တင်ကြသည့် မီးပုံပျံ အမျိုးအစား ဖြစ်သည်။

Leave a Reply