တ႐ုတ္၏ ခါးပတ္လမ္း စီမံကိန္းမ်ားသည္ ျမန္မာနိုင္ငံအတြက္ လုံျခဳံေရး လိုအပ္ခ်က္မ်ား ရွိေန

0
3

တရုတ်၏ ခါးပတ်လမ်း စီမံကိန်းများသည် မြန်မာနိုင်ငံအတွက် လုံခြုံရေး လိုအပ်ချက်များ ရှိနေ

နိုဝင်ဘာ ၈
ဝေဝေဖြိုး

တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်းများ (Belt and Road Initiative – BRI) သည် မြန်မာနိုင်ငံ၏ တန်ဖိုးမြင့် ရင်းနှီးမြှုုပ်နှံမှုတို့အတွက် လုံခြုံရေး တည်ဆောက်ရသော လိုအပ်ချက်များ ရှိနေကြောင်း “ပိုးလမ်းမ စိတ်ဓါတ်ကို ဈေးကွက်တင်ခြင်း-မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ ခါးပတ်လမ်း စီမံကိန်း” အစီရင်ခံစာအရ သိရသည်။

အဆိုပါ လုံခြုံရေး တည်ဆောက်ရသော လိုအပ်ချက်ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရိုက်ခတ်နေသည် သာမက ပဋိပက္ခများကလည်း ရင်းနှီးမြှုုပ်နှံမှု ပုံသဏ္ဍာန်များအပေါ် သက်ရောက်နေမည် ဖြစ်ကြောင်း TNI မှ Planning and Evaluation Coordinator ဖြစ်သူ Ms.Stephanie Olinga-Shannon ကပြောသည်။

နယ်သာလန် အခြေစိုက် Transnational Institute (TNI) က ယခုလ ၇ ရက်တွင် ထုတ်ပြန်သော “ပိုးလမ်းမ စိတ်ဓါတ်ကို ဈေးကွက်တင်ခြင်း-မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ ခါးပတ်လမ်း စီမံကိန်း”နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

” မြန်မာနိုင်ငံအတွင်းမှာ လက်ရှိအချိန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ထိန်းကျောင်းနေတဲ့ ဥပဒေနဲ့ ပေါ်လစီ မူဘောင်တွေဟာ အားနည်း နေပါသေး တယ်။ အဲ့ဒီဥပဒေနဲ့ ပေါ်လစီ မူဘောင်တွေဟာ ဒေသခံတွေထက် စီးပွားရေး လုပ်ငန်းတွေကို ပိုပြီး အကျိုးပြုနေပါတယ်” ဟု ၎င်းက ပြောသည်။

BRI တံဆိပ် တပ်ထားသော တရုတ်နိုင်ငံ၏ စီမံကိန်းများသည် ကြိုတင်စီစဉ် ရေးဆွဲထားသည့် စီမံကိန်း သဘောထက် ကျယ်ပြန့်သည့် လုပ်ငန်း အမျိုးမျိုးများနှင့် ခြုံငုံထားသော မူဘောင်များ ဖြစ်နေခြင်းကြောင့် မြန်မာအစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံအတွင်းရှိ BIR စီမံကိန်းများအပေါ်တွင် လွှမ်းမိုးနိုင်သည် ဟုဆိုသည်။

Transnational Institute (TNI) အနေဖြင့် တရုတ်နိုင်ငံ၏ ခါးပတ်လမ်း စီမံကိန်းများအနက် စီမံကိန်း ၄ ခုကို တရုတ် သတင်းအရင်းအမြစ်များ သုံး၍ သေချာစွာ ဆန်းစစ် လေ့လာမှုများ ပြုလုပ်ခဲ့ရာတွင် စီမံကိန်း အများစုမှာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ အဓိပ္ပာယ် ပြည့်ဝသော ဆွေးနွေးတိုင်ပင်မှု မရှိခြင်း၊ စီးပွားရေးအရ တွက်ချေကိုက်မှု မသေချာခြင်း၊ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ ရှိနိုင်ခြင်း စသည့် အချက်များကို တွေ့ရှိရကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။

“မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ တိုင်းရင်းသား ဒေသများရဲ့ သဘာ၀ သယံဇာတတွေ၊ ဓလေ့ထုံးတမ်း မြေယာ အသုံးပြုမှု စနစ်တွေကို အသိအမှတ်ပြုခြင်း ရှိ မနေပါဘူး။ ဒေသခံတွေနဲ့ စနစ်တကျ တိုင်ပင် ဆွေးနွေးဖို့ အစိုးရရဲ့ လမ်းညွှန်ချက်တွေ ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေ လျော်ကြေး ပေးခြင်းဆိုင်ရာ ဖြစ်စဉ်တွေ စတဲ့ ကဏ္ဍတွေမှာ အစိုးရဲ့ စီမံအုပ်ချုပ်မှုဟာ လုံလောက်မှု လုံး၀ မရှိပါဘူး။ အဲ့ဒါကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ အနေနဲ့ ဒေသခံတွေရဲ့ ဆန့်ကျင်မှုတွေကို မကြာခဏ ကြုံတွေ့နေရပါတယ်” ဟု Ms.Stephanie Olinga-Shannon က ပြောသည်။

ထို BRI စီမံကိန်း အများစုသည် ပဋိပက္ခဒဏ် ခံရသည့် ဒေသအများစုတွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ယင်းဒေသများသည် လက်နက်ကိုင် ပဋိပက္ခဒဏ်ခံ (သို့မဟုတ်) လူ့အသိုင်းအဝိုင်းကြား ပဋိပက္ခဒဏ်ခံ ဒေသများ ဖြစ်နေကြောင်းသိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် လက်ရှိ ပဋိပက္ခများ အပေါ် ဆိုးကျိုးသက်ရောက်မှု မရှိရန် အလွန် အရေးကြီးပြီး စီမံကိန်းများ ကာကွယ်ရန်အတွက် စစ်အင်အား တိုးချဲ့ခြင်း မပြုလုပ်သင့်သကဲ့သို့ လက်ရှိ ဖြစ်နေသော ပဋိပက္ခများအား ပိုဆိုးရွားစေခြင်း (သို့မဟုတ်) အသစ်သော ပဋိပက္ခများ ဖန်တီးခြင်း မပြုလုပ်သင့်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

_______________________________________

(Zawgyi)

တ႐ုတ္၏ ခါးပတ္လမ္း စီမံကိန္းမ်ားသည္ ျမန္မာနိုင္ငံအတြက္ လုံျခဳံေရး လိုအပ္ခ်က္မ်ား ရွိေန

နိုဝင္ဘာ ၈
ေဝေဝၿဖိဳး

တ႐ုတ္နိုင္ငံ၏ ခါးပတ္လမ္းစီမံကိန္းမ်ား (Belt and Road Initiative – BRI) သည္ ျမန္မာနိုင္ငံ၏ တန္ဖိုးျမင့္ ရင္းႏွီးျမႇုဳပ္ႏွံမႈတို့အတြက္ လုံျခဳံေရး တည္ေဆာက္ရေသာ လိုအပ္ခ်က္မ်ား ရွိေနေၾကာင္း “ပိုးလမ္းမ စိတ္ဓါတ္ကို ေဈးကြက္တင္ျခင္း-ျမန္မာနိုင္ငံရွိ တ႐ုတ္နိုင္ငံ၏ ခါးပတ္လမ္း စီမံကိန္း” အစီရင္ခံစာအရ သိရသည္။

အဆိုပါ လုံျခဳံေရး တည္ေဆာက္ရေသာ လိုအပ္ခ်က္ေၾကာင့္ ျမန္မာနိုင္ငံ၏ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ကို ရိုက္ခတ္ေနသည္ သာမက ပဋိပကၡမ်ားကလည္း ရင္းႏွီးျမႇုဳပ္ႏွံမႈ ပုံသ႑ာန္မ်ားအေပၚ သက္ေရာက္ေနမည္ ျဖစ္ေၾကာင္း TNI မွ Planning and Evaluation Coordinator ျဖစ္သူ Ms.Stephanie Olinga-Shannon ကေျပာသည္။

နယ္သာလန္ အေျခစိုက္ Transnational Institute (TNI) က ယခုလ ၇ ရက္တြင္ ထုတ္ျပန္ေသာ “ပိုးလမ္းမ စိတ္ဓါတ္ကို ေဈးကြက္တင္ျခင္း-ျမန္မာနိုင္ငံရွိ တ႐ုတ္နိုင္ငံ၏ ခါးပတ္လမ္း စီမံကိန္း”နွင့္ ပတ္သက္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ ၎ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

” ျမန္မာနိုင္ငံအတြင္းမွာ လက္ရွိအခ်ိန္ နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမွုေတြကို ထိန္းေက်ာင္းေနတဲ့ ဥပေဒနဲ႔ ေပၚလစီ မူေဘာင္ေတြဟာ အားနည္း ေနပါေသး တယ္။ အဲ့ဒီဥပေဒနဲ႔ ေပၚလစီ မူေဘာင္ေတြဟာ ေဒသခံေတြထက္ စီးပြားေရး လုပ္ငန္းေတြကို ပိုၿပီး အက်ိဳးျပဳေနပါတယ္” ဟု ၎က ေျပာသည္။

BRI တံဆိပ္ တပ္ထားေသာ တ႐ုတ္နို္င္ငံ၏ စီမံကိန္းမ်ားသည္ ႀကိဳတင္စီစဥ္ ေရးဆြဲထားသည့္ စီမံကိန္း သေဘာထက္ က်ယ္ျပန႔္သည့္ လုပ္ငန္း အမ်ိဳးမ်ိဳးမ်ားနွင့္ ျခဳံငုံထားေသာ မူေဘာင္မ်ား ျဖစ္ေနျခင္းေၾကာင့္ ျမန္မာအစိုးရနွင့္ အရပ္ဘက္ အဖြဲ႕အစည္းမ်ားအေနျဖင့္ နိုင္ငံအတြင္းရွိ BIR စီမံကိန္းမ်ားအေပၚတြင္ လႊမ္းမိုးနိုင္သည္ ဟုဆိုသည္။

Transnational Institute (TNI) အေနျဖင့္ တ႐ုတ္နိုင္ငံ၏ ခါးပတ္လမ္း စီမံကိန္းမ်ားအနက္ စီမံကိန္း ၄ ခုကို တ႐ုတ္ သတင္းအရင္းအျမစ္မ်ား သုံး၍ ေသခ်ာစြာ ဆန္းစစ္ ေလ့လာမႈမ်ား ျပဳလုပ္ခဲ့ရာတြင္ စီမံကိန္း အမ်ားစုမွာ ပြင့္လင္းျမင္သာမႈ မရွိျခင္း၊ အဓိပၸာယ္ ျပည့္၀ေသာ ေဆြးေႏြးတိုင္ပင္မႈ မရွိျခင္း၊ စီးပြားေရးအရ တြက္ေခ်ကိုက္မႈ မေသခ်ာျခင္း၊ လူမႈေရး၊ စီးပြားေရး၊ ပတ္ဝန္းက်င္အေပၚ ဆိုးက်ိဳးမ်ား ရွိနိုင္ျခင္း စသည့္ အခ်က္မ်ားကို ေတြ႕ရွိရေၾကာင္း ယင္းအစီရင္ခံစာတြင္ ပါရွိသည္။

“ျမန္မာနိုင္ငံကို ဖိတ္ေခၚထားတဲ့ နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမႈေတြဟာ တိုင္းရင္းသား ေဒသမ်ားရဲ့ သဘာ၀ သယံဇာတေတြ၊ ဓေလ့ထုံးတမ္း ေျမယာ အသုံးျပဳမွု စနစ္ေတြကို အသိအမွတ္ျပဳျခင္း ရွိ မေနပါဘူး။ ေဒသခံေတြနဲ႔ စနစ္တက် တိုင္ပင္ ေဆြးေႏြးဖို႔ အစိုးရရဲ့ လမ္းညႊန္ခ်က္ေတြ ပတ္ဝန္းက်င္ဆိုင္ရာ စံႏႈန္းေတြ ေလ်ာ္ေၾကး ေပးျခင္းဆိုင္ရာ ျဖစ္စဥ္ေတြ စတဲ့ က႑ေတြမွာ အစိုးရဲ႕ စီမံအုပ္ခ်ဳပ္မႈဟာ လုံေလာက္မႈ လုံး၀ မရွိပါဘူး။ အဲ့ဒါေၾကာင့္ နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္းေတြ အေနနဲ႔ ေဒသခံေတြရဲ႕ ဆန႔္က်င္မႈေတြကို မၾကာခဏ ၾကဳံေတြ႕ေနရပါတယ္” ဟု Ms.Stephanie Olinga-Shannon က ေျပာသည္။

ထို BRI စီမံကိန္း အမ်ားစုသည္ ပဋိပကၡဒဏ္ ခံရသည့္ ေဒသအမ်ားစုတြင္ အေကာင္အထည္ ေဖာ္မည္ျဖစ္ၿပီး ယင္းေဒသမ်ားသည္ လက္နက္ကိုင္ ပဋိပကၡဒဏ္ခံ (သို႔မဟုတ္) လူ႔အသိုင္းအဝိုင္းၾကား ပဋိပကၡဒဏ္ခံ ေဒသမ်ား ျဖစ္ေနေၾကာင္းသိရသည္။

နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမႈမ်ားအေနျဖင့္ လက္ရွိ ပဋိပကၡမ်ား အေပၚ ဆိုးက်ိဳးသက္ေရာက္မႈ မရွိရန္ အလြန္ အေရးႀကီးၿပီး စီမံကိန္းမ်ား ကာကြယ္ရန္အတြက္ စစ္အင္အား တိုးခ်ဲ႕ျခင္း မျပဳလုပ္သင့္သကဲ့သို႔ လက္ရွိ ျဖစ္ေနေသာ ပဋိပကၡမ်ားအား ပိုဆိုးရြားေစျခင္း (သို႔မဟုတ္) အသစ္ေသာ ပဋိပကၡမ်ား ဖန္တီးျခင္း မျပဳလုပ္သင့္ေၾကာင္း အဆိုပါ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

Leave a Reply