ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ မိုးကုတ္​သြားမည္​

0
4

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိုးကုတ်သွားမည်

နိုဝင်ဘာ – ၇
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့သို့ နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည် ။

သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) ညောင်သုံးပင်ဆရာတော် ဒေါက်တာ ရှင်တေဇောသာရာဘိဝံသ ၏ ညောင်သုံးပင် ဘုန်းတော်ကြီးကျောင်း ဗိမ္မာန်တော်ကို ဖွင့်လှစ်ပွဲသို့ တက်ရောက်မည်ဖြစ်သည် ။

“နိုင်ငံတော် အတိုင်ပင်ခံ မိုးကုတ်ကို လာမယ် ။ မြို့မိ မြို့ဖတွေနဲ့ တွေ့ဆုံဖို့ရှိတယ်။ တခြားပြင်ဆင်ထားတာတော့ ဘာမှမရှိပါဘူး။´´ ဟု မိုးကုတ်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းတင် က ပြောသည် ။

ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် မိုးကုတ်မြို့သို့ ပထမဆုံး လာရောက်မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် နောက်ဆုံးရောက်ရှိခဲ့ခြင်းဖြစ်သည် ။

________________________________________

(Zawgyi)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ မိုးကုတ္​သြားမည္​

ႏိုဝင္ဘာ – ၇
ႏိုင္လင္းဦး

မႏၲေလးတိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕သို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ လာေရာက္မည္ျဖစ္ၿပီး ႏိုဝင္ဘာလ ၉ ရက္ေန႔တြင္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႕ဆံုမည္ျဖစ္ေၾကာင္း သိရသည္ ။

သံဃမဟာနာယကအဖြဲ႕ (တြဲဖက္အက်ိဳးေတာ္ေဆာင္) ေညာင္သုံးပင္ဆရာေတာ္ ေဒါက္တာ ရွင္ေတေဇာသာရာဘိဝံသ ၏ ေညာင္သုံးပင္ ဘုန္းေတာ္ႀကီးေက်ာင္း ဗိမၼာန္ေတာ္ကို ဖြင့္လွစ္ပြဲသို႔ တက္ေရာက္မည္ျဖစ္သည္ ။

“ႏိုင္ငံေတာ္ အတိုင္ပင္ခံ မိုးကုတ္ကို လာမယ္ ။ ၿမိဳ႕မိ ၿမိဳ႕ဖေတြနဲ႔ ေတြ႕ဆံုဖို႔ရွိတယ္။ တျခားျပင္ဆင္ထားတာေတာ့ ဘာမွမရွိပါဘူး။´´ ဟု မိုးကုတ္ၿမိဳ႕ စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးဝင္းတင္ က ေျပာသည္ ။

ေဒၚေအာင္ဆန္းစုၾကည္ သည္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ အေနျဖင့္ မိုးကုတ္ၿမိဳ႕သို႔ ပထမဆံုး လာေရာက္မည္ျဖစ္ၿပီး ၂၀၁၄ ခုႏွစ္ မတ္လ ၂၃ ရက္ေန႔က က်င္းပျပဳလုပ္ခဲ႔သည့္ အေျခခံဥပေဒျပင္ဆင္ေရး လူထုေဟာေျပာပြဲတြင္ ေနာက္ဆံုးေရာက္ရွိခဲ့ျခင္းျဖစ္သည္ ။

Leave a Reply