ဇန်နဝါရီ အပြောင်းအရွှေ့ မှာ စပါးကိုရောက်ဖို့သတင်းထွက်နေတဲ့ လူးကပ်မိုရာ

0
178

ဇန်နဝါရီ ၂၆ ၊ ၂၀၁၈

PSG အသင်းရဲ့ တောင်ပံကစားသမား လူးကပ်မိုရာဟာ အင်္ဂလန်ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ စပါးအသင်းဆီကို ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ရောက်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

PSG အသင်းဟာ နေမာနဲ့ မက်ပီတို့နှစ်ဦးကို ငွေကြေးများစွာအသုံးပြုပြီး ဝယ်ယူခဲ့တဲ့နောက် လာမယ့်နှစ်မှာ သတ်မှတ်အပြောင်းအရွှေ့ ဘတ်ဂျက်ထက်ပိုသုံးထားလို့ ပြိုင်ပွဲကနေ အပယ်ခံရဖွယ်လည်း ရှိနေပါတယ်။

PGG အသင်းဟာ ဝင်ငွေထွက်ငွေစာရင်းကို UEFAသို့ တင်ပြနိုင်ဖို့အတွက် အသင်းက ကစားသမားအချို့ ကို ရုံခါဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် လူးကပ်မိုရာ ၊ ဒီမာရီယာ ၊ ကာဗာနီ စတဲ့ကစားသမားတွေဟာ PSG မှ ထုတ်ရောင်းခံရဖွယ်ရှိနေပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး နေမာအနေနဲ့လည်း ရီးရဲမက်ဒရစ်ရဲ့ ကမ်းလှမ်းမှုတွေကြောင့် အသင်းပြောင်းဖွယ်ရှိနေကြောင်းသိရပါတယ်။

NN

Leave a Reply