ျပည္ခိုင္းျဖိဳးအမတ္ တင္သြင္းသည့္ ​ေတာင္​သူလယ္သမား​​ေရးရာ ဝန္​ႀကီးဌာနသစ္​ ဖြဲ႔စည္း​ေပးေရးအဆို ႐ႈံးနိမ္​့

0
5

ပြည်ခိုင်းဖြိုးအမတ် တင်သွင်းသည့် တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနသစ် ဖွဲ့စည်းပေးရေးအဆို ရှုံးနိမ့်

နိုဝင်ဘာ ၇
ယဉ်ကေနွယ်

ကျောင်းကုန်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းထားသည့် တောင်သူလယ်သမားရေးရာဝန်ကြီး ဌာနတစ်ခုကို ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပေးရေးအဆိုကို ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စက်ခလုပ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ မှ အဆို ရှုံူနိမ့်ခဲ့ကြောင်းသိရသည်။

ဦးသိန်းထွန်း တင်သွင်းသည့် အဆိုသည် မြန်မာနိုင်ငံရှိတောင်သူလယ်သမားများ၏အခွင့်အရေးများ၊ရပိုင်ခွင့်များ၊အခက်အခဲများကိုနိုင်ငံတော်အစိုးရမှစနစ်တကျ ကျစ်လစ်ခိုင်မာစွာ လုပ်ဆောင်နိုင်ရန်၊ နိုင်ငံတော်၏စိုက်ပျိုးရေး၊မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရန်နှင့်တောင်သူလယ်သမားမိသားစုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူ လယ် သမားရေးရာဝန်ကြီးဌာနတစ်ခုအား ပြည်ထောင်စုအဆင့်တွင် ထပ်မံတိုးချဲ့ဖွဲ့စည်းပေးရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်းအဆိုဖြစ်သည်။

ယင်းအဆိုနှင့် စပ်လျဉ်းပြီး ယနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၏ ဆွေးနွေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းခြင်းများပြုလုပ် အပြီး လွှတ်တော်၏ သဘောထားကို စက်ခလုတ်နှိပ်မဲခွဲ၍ အဆုံးအဖြတ်ရယူ ခဲ့ရာ ထောက်ခံဆန္ဒမဲ ၁၂၇ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂၂၁ မဲနှင့် ကြားနေ ၇ မဲရရှိသဖြင့် အဆိုကို လွှတ်တော်က အတည်မပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေငြာခဲ့သည်။

” တောင်သူလယ်သမားထုကြီးတစ်ရပ် လုံးအတွက် သီးခြားကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာတည်ဆောက်ပြီးတော့ တောင်သူလယ်သမားတွေနဲ့ တိုက် ရိုက်သက်ဆိုင်တဲ့ ဦးစီးဌာနများကို ပေါင်းစပ်ပြီးတော့ တောင်သူလယ်သမားရေးရာဝန်ကြီးဌာနတစ်ခုဖွဲ့စည်းပေး ဖို့အတွက် အဆိုကို အတည်ပြုပေးပါ”ဟု တင်ပြခဲ့သည်။

အထက်ပါ တောင်သူလယ်သမားရေးရာဝန်ကြီး ဌာနတစ်ခုကို ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပေးရေးအဆိုနှင့်စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက” တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေပေါ်ပေါက်ဖို့ဆောင်ရွက်လျှက်ရှိတဲ့ အတွက်လည်းကောင်း၊ လက်ရှိ နိုင်ငံတော်ရဲ့ မူဝါဒအရ ဝန်ကြီးဌာနများ ကျစ်လစ်စွာဖွဲ့စည်း ဆောင်ရွက်နေခြင်း ကြောင့်လည်းကောင်း ပြည်ထောင်စုအဆင့်မှာ သီးခြားဝန်ကြီးဌာနတစ်ခုအနေနဲ့ တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနတစ်ခုအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းတာဟာ လိုအပ်မှုမရှိတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့် အဆို အားအတည်မပြုသင့်ပါကြောင်း”ဟု ပြန်လည်ရှင်းလင်းဆွေး နွေးခဲ့သည်။

လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာနနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့ကို အသစ်ဖွဲ့စည်းထားကြောင်းသိရသည်။

______________________________________

(Zawgyi)

ျပည္ခိုင္းျဖိဳးအမတ္ တင္သြင္းသည့္ ​ေတာင္​သူလယ္သမား​​ေရးရာ ဝန္​ႀကီးဌာနသစ္​ ဖြဲ႔စည္း​ေပးေရးအဆို ႐ႈံးနိမ္​့

နုိဝင္ဘာ ၇
ယဥ္ေကႏြယ္

ေက်ာင္းကုန္းမဲဆႏၵနယ္မွ ကိုယ္စားလွယ္ ဦးသိန္းထြန္း တင္သြင္းထားသည့္ ေတာင္သူလယ္သမားေရးရာဝန္ၾကီး ဌာနတစ္ခုကို ၿပည္ေထာင္စုအဆင့္တြင္ ဖြဲ႔စည္းေပးေရးအဆုိကို ယေန႕ က်င္းပျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ စက္ခလုပ္ႏွိပ္၍ မဲခြဲဆံုးျဖတ္ရာ မွ အဆို ႐ွံုူနိမ့္ခဲ့ေၾကာင္းသိရသည္။

ဦးသိန္းထြန္း တင္သြင္းသည့္ အဆိုသည္ ျမန္မာနိုင္ငံရွိေတာင္သူလယ္သမားမ်ား၏အခြင့္အေရးမ်ား၊ရပိုင္ခြင့္မ်ား၊အခက္အခဲမ်ားကိုနုိင္ငံေတာ္အစိုးရမွစနစ္တက် က်စ္လစ္ခိုင္မာစြာ လုပ္ေဆာင္နုိင္ရန္၊ နုိင္ငံေတာ္၏စိုက္ပ်ိဳးေရး၊ေမြးျမဴေရးက႑ ပိုမိုဖြံ႕ျဖိဳး တိုးတက္ရန္နွင့္ေတာင္သူလယ္သမားမိသားစုမ်ား၏ လူမႈဘ၀ဖြံ႕ျဖိဳးတိုးတက္ေရးအတြက္ ေတာင္သူ လယ္ သမားေရးရာ၀န္ႀကီးဌာနတစ္ခုအား ျပည္ေထာင္စုအဆင့္တြင္ ထပ္မံတိုးခ်ဲ႕ဖြဲ႕စည္းေပးရန္ ျပည္ေထာင္စု အစိုးရအားတိုက္တြန္းေႀကာင္းအဆိုျဖစ္သည္။

ယင္းအဆုိႏွင့္ စပ္လ်ဥ္းျပီး ယေန႔တြင္ လႊတ္ေတာ္ကုိယ္စားလွယ္ ၁၄ ဦး၏ ေဆြးေႏြးရာ စုိက္ပ်ိဳးေရး၊ ေမြးၿမဴေရးႏွင့္ ဆည္ေၿမာင္းဝန္ၾကီးဌာနမွ ဒုတိယဝန္ၾကီးက ၿပန္လည္ရွင္းလင္းၿခင္းမ်ားၿပဳလုပ္ အၿပီး လႊတ္ေတာ္၏ သေဘာထားကို စက္ခလုတ္နွိပ္မဲခြဲ၍ အဆံုးအၿဖတ္ရယူ ခဲ့ရာ ေထာက္ခံဆႏၵမဲ ၁၂၇ မဲ၊ ကန္႔ကြက္ဆႏၵမဲ ၂၂၁ မဲႏွင့္ ၾကားေန ၇ မဲရရွိသၿဖင့္ အဆိုကို လႊတ္ေတာ္က အတည္မၿပဳေၾကာင္း လႊတ္ေတာ္ဥကၠဌက ေၾကၿငာခဲ့သည္။

” ေတာင္သူလယ္သမားထုၾကီးတစ္ရပ္ လံုးအတြက္ သီးၿခားက်စ္က်စ္လစ္လစ္ ခုိင္ခုိင္မာမာတည္ေဆာက္ၿပီးေတာ့ ေတာင္သူလယ္သမားေတြနဲ႔ တုိက္ ရုိက္သက္ဆုိင္တဲ့ ဦးစီးဌာနမ်ားကို ေပါင္းစပ္ၿပီးေတာ့ ေတာင္သူလယ္သမားေရးရာဝန္ၾကီးဌာနတစ္ခုဖဲြ႔စည္းေပး ဖုိ႔အတြက္ အဆုိကို အတည္ၿပဳေပးပါ”ဟု တင္ၿပခဲ့သည္။

အထက္ပါ ေတာင္သူလယ္သမားေရးရာဝန္ၾကီး ဌာနတစ္ခုကို ၿပည္ေထာင္စုအဆင့္တြင္ ဖြဲ႔စည္းေပးေရးအဆုိႏွင့္စပ္လ်ဥ္းၿပီး စုိက္ပ်ိဳးေရး၊ ေမြးၿမဴေရးႏွင့္ ဆည္ေၿမာင္းဝန္ၾကီးဌာနမွ ဒုတိယဝန္ၾကီးက” ေတာင္သူလယ္သမားအဖြဲ႔အစည္းဆိုင္ရာ ဥပေဒေပၚေပါက္ဖုိ႔ေဆာင္ရြက္လွ်က္ရွိတဲ့ အတြက္လည္းေကာင္း၊ လက္ရွိ နုိင္ငံေတာ္ရဲ့ မူဝါဒအရ ဝန္ၾကီးဌာနမ်ား က်စ္လစ္စြာဖြဲ႔စည္း ေဆာင္ရြက္ေနၿခင္း ေၾကာင့္လည္းေကာင္း ၿပည္ေထာင္စုအဆင့္မွာ သီးၿခားဝန္ၾကီးဌာနတစ္ခုအေနနဲ႔ ေတာင္သူလယ္သမားေရးရာ ဝန္ၾကီးဌာနတစ္ခုအၿဖစ္ ထပ္မံတုိးခ်ဲ႕ဖြဲ႔စည္းတာဟာ လိုအပ္မႈမရွိတဲ့အေၿခအေနၿဖစ္တဲ့အတြက္ေၾကာင့္ အဆို အားအတည္မၿပဳသင့္ပါေၾကာင္း”ဟု ျပန္လည္႐ွင္းလင္းေဆြး ေႏြးခဲ့သည္။

လက္႐ွိအစိုးရ လက္ထက္တြင္ နိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန၊ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန၊အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ ရြက္ေရးဝန္ႀကီးဌာနနဲ႔ ရင္းႏွီးျမႇုပ္ႏွံမွုႏွင့္နိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနတို႔ကို အသစ္ဖြဲ႔စည္းထားေၾကာင္းသိရသည္။

Leave a Reply