တပ္မေတာ္သည္ လက္နက္အားကိုးၿပီး အာဏာသိမ္းခဲ့သည့္ ဆိုသည့္ စကားရပ္အား မွတ္တမ္းမွ ပယ္ဖ်က္ေပးရန္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ တင္ျပ

0
4

တပ်မတော်သည် လက်နက်အားကိုးပြီး အာဏာသိမ်းခဲ့သည့် ဆိုသည့် စကားရပ်အား မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တင်ပြ

နိုဝင်ဘာ ၇
ယဉ်ကေနွယ်

ယနေ့ကျင်းပပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဒီပဲယင်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်က တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ထားသည့် မတ်လ ၂ ရက်နေ့ ကို ပယ်ဖျက်ပေးရန်နှင့် ဗြိတိသျှနယ်ချဲ့ အစိုးရကို ဆရာစံဦးဆောင်ပြီး တောင်သူလယ်သမားတွေကိုယ်တိုင် စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ကို သာ တောင်သူလယ်သမားနေ့ အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုသို့မေးမြန်းရာတွင် မတ်လ ၂ ရက်နေ့သည် တပ်မတော်က နိုင်ငံတော်အာဏာကို လက်နက်အားကိုးနှင့် သိမ်းယူခဲ့သည့် နေ့ ဖြစ်ကြောင်း ဦးဝင်းမြင့်အောင်ကထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အတိတ်သမိုင်းကို စိတ်ရိုင်းများနှင့် အမုန်းတရားများနှင့်လက်ဆင့်ကမ်းရန်မဟုတ်ကြောင်း၊အမှန်တရားကသာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုမည် ဖြစ်သည့်အတွက် အာဏာသိမ်းခံရသည့် မတ်လ ၂ ရက်နေ့ သည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ အစိုးရ ၊ပြည်သူ့ လွှတ်တော်၊လူမျိုးစုလွှတ်တော်များကို ဖျက်သိမ်းပစ်သည့် နေ့ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့အတူ ပြည်သူအပေါင်း ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးစတင်ဆုံးရှုံးရသည့် နေ့ ၊အာဏာရှင်များအောက် ပြည်သူ ကျောင်းသား ပြားပြားမှောက်ရသည့် နေ့ ၊တောင်သူလယ်သမားများ မျိုးစပါး ဝမ်းစာစပါးပါမကျန် မြေသိမ်းခံရပြီးဆင်းရဲ မွဲတေခြင်းဒဏ်ကို ခါးစည်းခံရဖို့ အကြောင်းဖန်လာသည့် အာဏာရှင် မျိုးဆက်တို့ ၏ မွေးနေ့ ကို တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ခြင်းသည် နိုင်ငံရေးစံတန်ဖိုးအရ အနှစ်သာရကင်းမဲ့လှသောကြောင့် ပြည်သူ့ အစိုးရအနေနှင့် ဖျက်သိမ်းရန် နှောင့်နှေးကြံ့ကြာမနေသင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ယင်းသို့ ထည့်သွင်းပြောဆိုခဲ့မှု အပေါ် တပ်မတော်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ် မှူးကြီး မျိုးထက်ဝင်းကဆွေးနွေးချက်ပါ စကားရပ်များနှင့် ပတ်သက်၍ လွှတ်တော်မှတ်တမ်းမှပယ်ဖျက်ပေးရန် မတ်တပ်ရပ်၍ ဥက္ကဌထံ တင်ပြခဲ့သည်။

“ကျွန်တော်တို့ က ကိုယ်စားလှယ်ကြီးမေးတဲ့အထဲမှာ အဲဒီခေတ် အဲဒီအခါ အဲဒီအခြေအနေတွေကို သုံးသပ်ပြီး တော့မှ တင်ပြသွားတာကိုလည်း တွေ့ ရပါတယ်။သို့ သော် အဲဒီမှာ ကျွန်တော်တို့ နားလည်လိုက်တာကတော့ တပ်မတော်ဟာ လက်နက်အားကိုနဲ့ အာဏာသိမ်းခဲ့ခြင်းဖြစ်တယ်ဆိုတဲ့ စကားလုံးပါပါတယ်။ဒါဟာ အဲဒီခေတ် အဲဒီအခါ အဲဒီအခြေအနေတွေမှာရှိတဲ့ သမိုင်းဆိုင်ရာအချက်အလက် သမိုင်းဆိုင်ရာဖော်ပြချက် သမိုင်းဆိုင်ရာ အခြေအနေတွေဟာ ပြန်ပြီးလေ့လာလို့ ရှိရင် သိနိုင်မှာဖြစ်ပါတယ်။သို့ သော် ကျွန်တော်တို့ နားလည်တာက အဲဒီခေတ် အဲဒီကာလ အဲဒီအခြေအနေရဲ့ အပိုင်းဟာ တစ်ပိုင်းဖြစ်သလို အခုလိုကာလဖြစ်တဲ့အတွက်ကြောင့် ဒီစာသား ဒီစကားလုံးဟာ မသုံးသင့် သုံးသင့်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ စဉ်းစားသင့်တယ်လို့ ယူဆတဲ့အတွက် ပယ်ဖျက်ပေးပါရန် တင်ပြအပ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း ကပြောသည်။

ထိုသို့တင်ပြခဲ့မှုအပေါ် နိုင်ငံတော်အနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်နေသည့် ကာလ ဖြစ်သည့် အတွက် မိမိတို့ိုအသုံးအနှုန်းသည် သင့်တော်၊မသင့်တော် သုံးသပ်ဆင်ခြင်ရန် လွှတ် တော် ကိုယ်စားလှယ်အားလုံးအားမှာကြားလိုကြောင်းလွှတ်တော်ဥက္ကဌဦးတီခွန်မြတ်ကမှာကြားပြောဆိုခဲ့သည်။

ထို့သို မှာကြားပြောဆိုခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပယ်ဖျက်ပေးရန်တင်ပြသည့် စကားရပ်ကို လွှတ်တော် မှတ်တမ်းကနေ ပယ်ဖျက်ကြောင်း ကြေညာခြင်းမပြုခဲ့ပေ။

လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးလှကျော် က ဖြေကြားရာတွင်တောင်သူလယ်သမားနေ့သည် တောင်သူလယ်သမားတစ်ဦး တစ်ယောက် ချင်းကို ဂုဏ်ပြုသတ်မှတ်သည့်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူ လယ်သမားထု တစ်ရပ်လုံးကိုဂုဏ်ပြုကျင်းပပေးခဲ့သည့် နေ့ရက်တစ်ရက်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ကြောင့် တောင်သူလယ်သမားနေ့ ကို နေ့ ရက် ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်းကို ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်မည့် အစီအစဉ် မရှိသေးကြောင်း ၎င်းကပြန်လည်ဖြေကြားခဲ့သည်။

_____________________________________

(Zawgyi)

တပ္မေတာ္သည္ လက္နက္အားကိုးၿပီး အာဏာသိမ္းခဲ့သည့္ ဆိုသည့္ စကားရပ္အား မွတ္တမ္းမွ ပယ္ဖ်က္ေပးရန္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ တင္ျပ

ႏိုဝင္ဘာ ၇
ယဥ္ေကႏြယ္

ယေန႔က်င္းပျပဳလုပ္သည့္ ျပည္သူ႔ လႊတ္ေတာ္အစည္းအေဝးတြင္ ဒီပဲယင္းမဲဆႏၵနယ္မွ ကိုယ္စားလွယ္ ဦးဝင္းျမင့္ေအာင္က ေတာင္သူလယ္သမားေန႔ အျဖစ္ သတ္မွတ္ထားသည့္ မတ္လ ၂ ရက္ေန႔ ကို ပယ္ဖ်က္ေပးရန္နွင့္ ၿဗိတိသၽွနယ္ခ်ဲ႕ အစိုးရကို ဆရာစံဦးေဆာင္ၿပီး ေတာင္သူလယ္သမားေတြကိုယ္တိုင္ စတင္ေတာ္လွန္ခဲ့သည့္ ဒီဇင္ဘာလ ၂၂ ရက္ေန႔ ကို သာ ေတာင္သူလယ္သမားေန႔ အျဖစ္ ေျပာင္းလဲသတ္မွတ္ေပးဖို႔ အစီအစဥ္ ရွိမရွိ ေမးျမန္းခဲ့ျခင္းျဖစ္သည္။

ထိုသို႕ေမးျမန္းရာတြင္ မတ္လ ၂ ရက္ေန႔သည္ တပ္မေတာ္က နိုင္ငံေတာ္အာဏာကို လက္နက္အားကိုးနွင့္ သိမ္းယူခဲ့သည့္ ေန႔ ျဖစ္ေႀကာင္း ဦး၀င္းျမင့္ေအာင္ကထည့္သြင္းေျပာႀကားခဲ့သည္။

ထို႕အျပင္ အတိတ္သမိုင္းကို စိတ္ရိုင္းမ်ားနွင့္ အမုန္းတရားမ်ားနွင့္လက္ဆင့္ကမ္းရန္မဟုတ္ေႀကာင္း၊အမွန္တရားကသာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးကို အေထာက္အကူျပဳမည္ ျဖစ္သည့္အတြက္ အာဏာသိမ္းခံရသည့္ မတ္လ ၂ ရက္ေန႔ သည္ ျပည္သူလူထုက ေရြးခ်ယ္တင္ေျမႇာက္သည့္ ျပည္သူ႔ အစိုးရ ၊ျပည္သူ႔ လႊတ္ေတာ္၊လူမ်ိဳးစုလႊတ္ေတာ္မ်ားကို ဖ်က္သိမ္းပစ္သည့္ ေန ့ျဖစ္ေျကာင္း ေျပာဆိုခဲ့သည္။

ထို႔အတူ ျပည္သူအေပါင္း ဒီမိုကေရစီနွင့္ လူ႔ အခြင့္အေရးစတင္ဆုံးရႈံးရသည့္ ေန႔ ၊အာဏာရွင္မ်ားေအာက္ ျပည္သူ ေက်ာင္းသား ျပားျပားေမွာက္ရသည့္ ေန႔ ၊ေတာင္သူလယ္သမားမ်ား မ်ိဳးစပါး ၀မ္းစာစပါးပါမက်န္ ေျမသိမ္းခံရၿပီးဆင္းရဲ မြဲေတျခင္းဒဏ္ကို ခါးစည္းခံရဖို႕ အေၾကာင္းဖန္လာသည့္ အာဏာရွင္ မ်ိဳးဆက္တို႔ ၏ ေမြးေန႔ ကို ေတာင္သူလယ္သမားေန႔ အျဖစ္ သတ္မွတ္ျခင္းသည္ နိုင္ငံေရးစံတန္ဖိုးအရ အႏွစ္သာရကင္းမဲ့လွေသာေၾကာင့္ ျပည္သူ႔ အစိုးရအေနနွင့္ ဖ်က္သိမ္းရန္ ေႏွာင့္ေႏွးႀကံ့ၾကာမေနသင့္ေႀကာင္း ၎က ထည့္သြင္းေျပာျကားခဲ့သည္။

ယင္းသို့ ထည့္သြင္းေျပာဆိုခဲ့မွု အေပၚ တပ္မေတာ္တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဒုတိယဗိုလ္ မႉးႀကီး မ်ိဳးထက္ဝင္းကေဆြးေႏြးခ်က္ပါ စကားရပ္္မ်ားနွင့္ ပတ္သက္၍ လႊတ္ေတာ္မွတ္တမ္းမွပယ္ဖ်က္ေပးရန္ မတ္တပ္ရပ္၍ ဥကၠဌထံ တင္ျပခဲ့သည္။

“ကၽြန္ေတာ္တို႔ က ကိုယ္စားလွယ္ႀကီးေမးတဲ့အထဲမွာ အဲဒီေခတ္ အဲဒီအခါ အဲဒီအေျခအေနေတြကို သုံးသပ္ၿပီး ေတာ့မွ တင္ျပသြားတာကိုလည္း ေတြ႕ ရပါတယ္။သို႔ ေသာ္ အဲဒီမွာ ကၽြန္ေတာ္တို႔ နားလည္လိုက္တာကေတာ့ တပ္မေတာ္ဟာ လက္နက္အားကိုနဲ႔ အာဏာသိမ္းခဲ့ျခင္းျဖစ္တယ္ဆိုတဲ့ စကားလုံးပါပါတယ္။ဒါဟာ အဲဒီေခတ္ အဲဒီအခါ အဲဒီအေျခအေနေတြမွာရွိတဲ့ သမိုင္းဆိုင္ရာအခ်က္အလက္ သမိုင္းဆိုင္ရာေဖာ္ျပခ်က္ သမိုင္းဆိုင္ရာ အေျခအေနေတြဟာ ျပန္ၿပီးေလ့လာလို႔ ရွိရင္ သိနိုင္မွာျဖစ္ပါတယ္။သို႔ ေသာ္ ကၽြန္ေတာ္တို႔ နားလည္တာက အဲဒီေခတ္ အဲဒီကာလ အဲဒီအေျခအေနရဲ့ အပိုင္းဟာ တစ္ပိုင္းျဖစ္သလို အခုလိုကာလျဖစ္တဲ့အတြက္ေၾကာင့္ ဒီစာသား ဒီစကားလုံးဟာ မသုံးသင့္ သုံးသင့္ဆိုတာ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ စဥ္းစားသင့္တယ္လို႔ ယူဆတဲ့အတြက္ ပယ္ဖ်က္ေပးပါရန္ တင္ျပအပ္ပါတယ္” ဟု ဒုတိယဗိုလ္မႉးျကီး မ်ိဳးထက္ဝင္း ကေျပာသည္။

ထိုသို႕တင္ျပခဲ့မႈအေပၚ နို္င္ငံေတာ္အေနျဖင့္ အမ်ိဳးသားျပန္လည္ရင္ႀကားေစ့ေရးကို ဦးတည္ေနသည့္ ကာလ ျဖစ္သည့္ အတြက္ မိမိတို႔ိုအသုံးအနႈန္းသည္ သင့္ေတာ္၊မသင့္ေတာ္ သုံးသပ္ဆင္ျခင္ရန္ လႊတ္ ေတာ္ ကုိယ္စားလွယ္အားလုံးအားမွာႀကားလိုေႀကာင္းလႊတ္ေတာ္ဥကၠဌဦးတီခြန္ျမတ္ကမွာၾကားေျပာဆိုခဲ့သည္။

ထို့သို မွာၾကားေျပာဆိုခဲ့ေသာ္လည္း တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ပယ္ဖ်က္ေပးရန္တင္ျပသည့္ စကားရပ္ကို လႊတ္ေတာ္ မွတ္တမ္းကေန ပယ္ဖ်က္ေၾကာင္း ေၾကညာျခင္းမျပဳခဲ့ေပ။

လႊတ္ေတာ္ကုိယ္စားလွယ္၏ ေမးျမန္းမႈကို စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနဒုတိယ၀န္ႀကီး ဦးလွေက်ာ္ က ေျဖၾကားရာတြင္ေတာင္သူလယ္သမားေန႕သည္ ေတာင္သူလယ္သမားတစ္ဦး တစ္ေယာက္ ခ်င္းကို ဂုဏ္ျပဳသတ္မွတ္သည့္ေန႕အျဖစ္ သတ္မွတ္က်င္းပခဲ့ျခင္းမဟုတ္ဘဲ နိုင္ငံတစ္၀န္းလုံးရွိ ေတာင္သူ လယ္သမားထု တစ္ရပ္လုံးကိုဂုဏ္ျပဳက်င္းပေပးခဲ့သည့္ ေန႔ရက္တစ္ရက္ျဖစ္ေႀကာင္း ျပန္လည္ေျဖႀကားခဲ့သည္။

ထို႔ေၾကာင့္ ေတာင္သူလယ္သမားေန႔ ကို ေန႔ ရက္ ေျပာင္းလဲျပင္ဆင္သတ္မွတ္ျခင္းကို ၀န္ႀကီးဌာနအေနျဖင့္ ေဆာင္ရြက္မည့္ အစီအစဥ္ မရွိေသးေႀကာင္း ၎ကျပန္လည္ေျဖႀကားခဲ့သည္။

Leave a Reply