0
5

နောက် ၁၈ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း”ဘာဘ်ဘယ်”အဖြစ်သို့ ရောက်ရှိနိုင်

နိုဝင်ဘာ ၇
ဝေဝေဖြိုး

ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)သည် နောက်(၁၈)နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားမည် ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

ယခုလ ၇ ရက် မြန်မာစံတော်ချိန် (၁၁:၃၀)နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ် ပိုင်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha) ၏ တောင် -အရှေ့တောင်ဘက် ရေမိုင် (၃၉၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၅၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့ (Pathein) ၏ အနောက်တောင်ဘက် ရေမိုင် (၃၅၀)မိုင်ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်တောင် ဘက် ရေမိုင်(၃၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟုဆိုသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL) သည် မြန်မာစံတော်ချိန် (၁၁:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု(၁၄.၂)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၉.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၇)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)၏ အရှိန်ကြောင့် ယနေ့ နေ့လယ်မှ နောက်(၄၈)နာရီ အတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်သည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်းသိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘယ်” (BULBUL)၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက အကြံပြုထားသည်။

_______________________________________

(Zawgyi)

ေနာက္ ၁၈ နာရီအတြင္း အားေကာင္းေသာ ဆိုင္ကလုန္း မုန္တိုင္း”ဘာဘ္​ဘယ္”အျဖစ္သို႔ ေရာက္ရွိနိုင္

နိုဝင္ဘာ ၇
ေဝေဝၿဖိဳး

ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)သည္ ေနာက္(၁၈)နာရီအတြင္း အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm) “ဘာဘ္ဘယ္” (BULBUL)အျဖစ္သို႔ ေရာက္ရွိနိုင္ၿပီး၊ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေရြ႕လ်ားမည္ ဟု မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမွုဦးစီးဌာနက ခန္႔မွန္းထားသည္။

ယခုလ ၇ ရက္ ျမန္မာစံေတာ္ခ်ိန္ (၁၁:၃၀)နာရီ အခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ ေအာ္ အေရွ႕အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္ လ်က္ရွိသည့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ဆိုင္ကလုန္းမုန္တိုင္း(Cyclonic Storm) “ဘာဘ္ဘယ္” (BULBUL)သည္ ေျမာက္ဘက္သို့ ေရြ႕လ်ားခဲ့ၿပီး ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ ပိုင္းသို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm) “ဘာဘ္ဘယ္” (BULBUL)သည္ အိႏၵိယနိုင္ငံ၊ ပါရာဒစ္ပ္ၿမိဳ႕(Paradip) (ဩရိႆ-Odisha) ၏ ေတာင္ -အေရွ႕ေတာင္ဘက္ ေရမိုင္ (၃၉၅)မိုင္ခန႔္၊ ဘဂၤလားေဒ့ရွ္နိုင္ငံ၊ ခီပူပါရာၿမိဳ႕ (Khepupara) ၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၄၅၅)မိုင္ခန႔္၊ ျမန္မာနိုင္ငံ၊ ပုသိမ္ၿမိဳ့ (Pathein) ၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၃၅၀)မိုင္ခန႔္ႏွင့္ ဂြၿမိဳ႕(Gwa)၏ အေနာက္ေတာင္ ဘက္ ေရမိုင္(၃၆၅)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနသည္ဟုဆိုသည္။

အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL) ၏ လက္ရွိအေျခအေနမွာ ျမန္မာနိုင္ငံ ဘက္သို႔ ဦးတည္ေရြ႕လ်ားမည့္ အေျခအေန မရွိေသးသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ထားသည္။

ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL) သည္ ျမန္မာစံေတာ္ခ်ိန္ (၁၁:၃၀) နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၁၄.၂)ဒီဂရီႏွင့္ အေရွ႕ ေလာင္ဂ်ီက်ဳ (၈၉.၃) ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၉၇)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏွုန္းမွာ တစ္နာရီလၽွင္ (၄၅)မိုင္ႏွုန္းျဖစ္ေၾကာင္း ယင္းဌာနက ထုတ္ျပန္ထားသည္။

ဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)၏ အရွိန္ေၾကာင့္ ယေန႔ ေန႔လယ္မွ ေနာက္(၄၈)နာရီ အတြင္း မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္းႏွင့္ ကခ်င္ ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာၿပီး၊ မေကြးတိုင္းေဒသႀကီး၊ ရန္ကုန္ တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီး နိုင္သည္။

ထို႔ျပင္ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ ေလျပင္းမ်ား က်ေရာက္ၿပီး လွိုင္းႀကီးမည္ျဖစ္သည္။

မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ ေလသည္ တစ္နာရီလၽွင္ မိုင္(၄၀)အထိ တိုက္ခတ္နိုင္ၿပီး လွိုင္းအျမင့္မွာ ျမန္မာ့ ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန္႔ ရွိနိုင္ေၾကာင္းသိရသည္။

အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဘာဘယ္” (BULBUL)၏ အရွိန္ေၾကာင့္ ျပည္တြင္းေလေၾကာင္း ပ်ံသန္းေရး၊ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္း ေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳနိုင္ရန္ မိုး/ဇလက အႀကံျပဳထားသည္။

Leave a Reply