ဘဂၤါလီအေရး ျမန္မာဘက္ကေဆာင္႐ြက္မႈမ႐ွိဘူးလို႔ အေမရိကန္႐ွဳတ္ခ်

0
5

ဘင်္ဂါလီအရေး မြန်မာဘက်ကဆောင်ရွက်မှုမရှိဘူးလို့ အမေရိကန်ရှုတ်ချ

နိုဝင်ဘာ ၈
နိုင်ငံတကာသတင်း

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) တွေ စိတ်ပါလက်ပါ၊ လုံခြုံစိတ်ချရပြီး သိက္ခာရှိရှိနေရပ်ပြန်နိုင်ဖို့ အခြေအနေတွေဖန်တီးပေးဖို့ မြန်မာနိုင်ငံက ဆောင်ရွက်မှုမရှိဘူးလို့ အမေရိကန်ပြည်ထောင်စုက ရှုတ်ချလိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန်ထိပ်တန်းအရာရှိကြီးနှစ်ယောက်ရဲ့ ခရီးစဉ်အပြီးထုတ်ပြန်ချက်မှာ ဒုက္ခသည်အကြပ်အတည်းအဆုံးသတ်နိုင်ဖို့ ဆက်ပြီးအားထုတ်သွားမယ်လို့ အလေးပေးပြောခဲ့ပါတယ်။

USAIDဒုတိယညွှန်ကြားရေးမှူးဘိုနီ ဂလစ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တောင်နှင့်ဗဟိုအာရှဆိုင်ရာဒုတိယဝန်ကြီး အဲလစ် ဝဲလ်တို့က နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့၊ စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာဆက်ဆံမှုမြှင့်တင်ဖို့နဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ကိစ္စကိုဖော်ပြဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားရောက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သူတို့နှစ်ယောက်က ကော့ဘဇားမှာရှိတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

သူတို့ရဲ့ခရီးစဉ်မှာ ဝန်ကြီးတွေ၊ အစိုးရအရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အတိုက်အခံခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတွေနဲ့တွေ့ဆုံချိန်မှာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)အကြပ်အတည်းအတွက်အဖြေဟာ မြန်မာနိုင်ငံ(မူရင်းတွင်ဘားမားဟုဖော်ပြထား)အပေါ်မူတည်နေပြီး စိတ်ပါလက်ပါ၊ လုံခြုံစိတ်ချရပြီး သိက္ခာရှိရှိနေရပ်ပြန်နိုင်အောင် အခြေအနေတွေဖန်တီးပေးဖို့ မြန်မာအစိုးရအာဏာပိုင်တွေရဲ့လှုပ်ရှားဆောင်ရွက်မှုမရှိတာကိုလည်း ရှုတ်ချတယ်လို့ ဝဲလ်ကပြောခဲ့တယ်ဆိုပြီး ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အကြပ်အတည်းကိုဖြေရှင်းနိုင်ဖို့ အမေရိကန်က နှစ်နိုင်ငံနဲ့နိုင်ငံတကာစုပေါင်းအားထုတ်မှုတွေဆက်လုပ်သွားမယ်လို့ ဝဲလ်က တိုက်တွန်းပြောဆိုပါတယ်။

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ကို ဥပဒေပသတ်ဖြတ်မှုတွေအတွက်တာဝန်ရှိတယ်ဆိုပြီး အခုနှစ်ဇူလိုင်မှာ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တခြားခေါင်းဆောင်တွေကို ပိတ်ဆို့မှုတွေလုပ်ခဲ့သလို အမေရိကန်ဆီပြည်ဝင်ခွင့်လည်းပိတ်တယ်ဆိုပြီး အမေရိကန်က ကြေညာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်မှာ တင်းမာမှုတွေမြင့်တက်ခဲ့တဲ့နောက်ပိုင်း အမေရိကန်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဦးဆောင်နေတဲ့အမေရိကန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅၅၃ သန်းနဲ့ မြန်မာနိုင်ငံအတွက် ထောက်ပံ့ငွေ ၁၁၆ သန်း ပေးခဲ့ပြီးပါပြီ။

Source-The Daily Star
#ဥက္ကာ
#TheFifthWaveNews
Photo-UNB

_______________________________________

(Zawgyi)

ဘဂၤါလီအေရး ျမန္မာဘက္ကေဆာင္႐ြက္မႈမ႐ွိဘူးလို႔ အေမရိကန္႐ွဳတ္ခ်

ႏို၀င္ဘာ ၈
ႏိုင္ငံတကာသတင္း

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) ေတြ စိတ္ပါလက္ပါ၊ လံုျခံဳစိတ္ခ်ရၿပီး သိကၡာ႐ွိ႐ွိေနရပ္ျပန္ႏိုင္ဖို႔ အေျခအေနေတြဖန္တီးေပးဖို႔ ျမန္မာႏိုင္ငံက ေဆာင္႐ြက္မႈမ႐ွိဘူးလို႔ အေမရိကန္ျပည္ေထာင္စုက ႐ႈတ္ခ်လိုက္ပါတယ္။

ႏို၀င္ဘာ ၅ ရက္ကေန ၇ ရက္အထိ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို အေမရိကန္ထိပ္တန္းအရာ႐ွိႀကီးႏွစ္ေယာက္ရဲ႕ ခရီးစဥ္အၿပီးထုတ္ျပန္ခ်က္မွာ ဒုကၡသည္အၾကပ္အတည္းအဆံုးသတ္ႏိုင္ဖို႔ ဆက္ၿပီးအားထုတ္သြားမယ္လို႔ အေလးေပးေျပာခဲ့ပါတယ္။

USAIDဒုတိယၫႊန္ၾကားေရးမွဴးဘိုနီ ဂလစ္နဲ႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ ေတာင္ႏွင့္ဗဟိုအာ႐ွဆိုင္ရာဒုတိယ၀န္ႀကီး အဲလစ္ ဝဲလ္တို႔က ႏွစ္ႏိုင္ငံဆက္ဆံေရးႁမွင့္တင္ဖို႔၊ စီးပြားေရးႏွင့္လံုျခံဳေရးဆိုင္ရာဆက္ဆံမႈႁမွင့္တင္ဖို႔နဲ႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ကိစၥကိုေဖာ္ျပဖို႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကိုသြားေရာက္ခဲ့တာလို႔လည္း ထုတ္ျပန္ခ်က္မွာပါ၀င္ပါတယ္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွာ သူတို႔ႏွစ္ေယာက္က ေကာ့ဘဇားမွာ႐ွိတဲ့ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ဒုကၡသည္စခန္းေတြကို သြားေရာက္ခဲ့ပါတယ္။

သူတို႔ရဲ႕ခရီးစဥ္မွာ ၀န္ႀကီးေတြ၊ အစိုးရအရာ႐ွိေတြ၊ စီးပြားေရးလုပ္ငန္း႐ွင္ေတြနဲ႔ အတိုက္အခံေခါင္းေဆာင္ေတြနဲ႔ေတြ႕ဆံုခဲ့ပါတယ္။

ဘဂၤလားေဒ့႐ွ္အစိုးရအရာ႐ွိေတြနဲ႔ေတြ႕ဆံုခ်ိန္မွာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)အၾကပ္အတည္းအတြက္အေျဖဟာ ျမန္မာႏိုင္ငံ(မူရင္းတြင္ဘားမားဟုေဖာ္ျပထား)အေပၚမူတည္ေနၿပီး စိတ္ပါလက္ပါ၊ လံုျခံဳစိတ္ခ်ရၿပီး သိကၡာ႐ွိ႐ွိေနရပ္ျပန္ႏိုင္ေအာင္ အေျခအေနေတြဖန္တီးေပးဖို႔ ျမန္မာအစိုးရအာဏာပိုင္ေတြရဲ႕လႈပ္႐ွားေဆာင္႐ြက္မႈမ႐ွိတာကိုလည္း ႐ွဳတ္ခ်တယ္လို႔ ဝဲလ္ကေျပာခဲ့တယ္ဆိုၿပီး ထုတ္ျပန္ခ်က္မွာပါ၀င္ပါတယ္။

အၾကပ္အတည္းကိုေျဖ႐ွင္းႏိုင္ဖို႔ အေမရိကန္က ႏွစ္ႏိုင္ငံနဲ႔ႏိုင္ငံတကာစုေပါင္းအားထုတ္မႈေတြဆက္လုပ္သြားမယ္လို႔ ဝဲလ္က တိုက္တြန္းေျပာဆိုပါတယ္။

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ကို ဥပေဒပသတ္ျဖတ္မႈေတြအတြက္တာ၀န္႐ွိတယ္ဆိုၿပီး အခုႏွစ္ဇူလိုင္မွာ တပ္ခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ တျခားေခါင္းေဆာင္ေတြကို ပိတ္ဆို႔မႈေတြလုပ္ခဲ့သလို အေမရိကန္ဆီျပည္၀င္ခြင့္လည္းပိတ္တယ္ဆိုၿပီး အေမရိကန္က ေၾကညာခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္၊ ၾသဂုတ္မွာ တင္းမာမႈေတြျမင့္တက္ခဲ့တဲ့ေနာက္ပိုင္း အေမရိကန္က လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြကိုဦးေဆာင္ေနတဲ့အေမရိကန္က ဘဂၤလားေဒ့႐ွ္ႏိုင္ငံအတြက္ ေထာက္ပံ့ေငြ အေမရိကန္ေဒၚလာ ၅၅၃ သန္းနဲ႔ ျမန္မာႏိုင္ငံအတြက္ ေထာက္ပံ့ေငြ ၁၁၆ သန္း ေပးခဲ့ၿပီးပါၿပီ။

Source-The Daily Star
#ဥကၠာ
#TheFifthWaveNews
Photo-UNB

Leave a Reply