မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်အား ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေး

0
2

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်အား ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေး

နိုဝင်ဘာ – ၇

နိုင်လင်းဦး

တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုခဲ့သည်ဆိုကာ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ အား တရားစွဲဆိုထားမှုတွင် နိုဝင်ဘာလ ၇ ရက်နေ့က ဆရာတော်အား ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေးထားကြောင်း ပြည်​ကြီးတံခွန်​မြို့နယ်​တရားရုံးမှ သိရသည် ။

မီဒီယာ တစ်ခုနှင့် အင်တာဗျူးတွင် တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင်ပြောဆိုသည် ဟုဆိုကာ ဆရာတော်အား ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် တပ်မတော်အရာရှိတစ်ဦး က အောက်တိုဘာလထဲ က ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည် ။

“ဒီကနေ့ရဲ့ လုပ်ဆောင်ချက်ကိုပြောရမယ်ဆိုရင် ဆရာတော် ရုံးရောက်တဲ့အတွက် ဆရာတော့ကို ကိုယ်တိုင်ခံဝန်ပေါ့ ။ ကိုယ်တိုင်အာမခံပေးထားပေးတယ်။´´ ဟု ပြည်ကြီးတံခွန်မြို့နယ်ရှိတရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးအောင်ကျော်ဦး က ပြောသည် ။

တရားရုံးဦးတိုက်လျှောက်ထားမှုအား ရဲတပ်ဖွဲ့သို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်ချထားပေးပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ အသရေဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ဖြင့် တရားရုံးစွဲတင်ခဲ့ခြင်းဖြစ်သည် ။

“နိုင်ငံကို ထိန်းကြောင်း ပဲ့ပြင်ဖို့ရာ တာဝန်ဘုန်းကြီးတို့မှာရှိပြီးသားပါ။ ဘုန်းကြီးတို့ကတော့ တိုင်းပြည်ကို ထိခိုက် နစ်နာအောင် လုပ်တဲ့ဟာမှန်သမျှ ထောက်ပြဝေဖန်တာတွေလုပ်သွားမယ်။´´ ဟု မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ က မိန့်ကြားသည် ။

အမှုတွင် တရားလိုပြသက်သေ ၅ ဦးအား တရားရုံးတွင် တင်ပြထားပြီး နိုဝင်ဘာလ ၂၂ ရက်နေ့သို့ ထပ်မံရုံးချိန်းပေးခဲ့ကြောင်း သိရသည် ။

မန္တလေးမြို့တွင် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုသည်ဟုဆိုကာ ရွှေဝါရောင် ဆရာတော် နှစ်ပါးကိုလည်း ဆက်သွယ်ရေးဥပဒေဖြင့် တပ်မတော်က တရားစွဲဆိုထားသည်များလည်းရှိသည် ။

Photo : Kaung Zaw Hein / MPA

_______________________________________

(Zawgyi)

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်အား ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေး

နိုဝင်ဘာ – ၇

နိုင်လင်းဦး

တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုခဲ့သည်ဆိုကာ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ အား တရားစွဲဆိုထားမှုတွင် နိုဝင်ဘာလ ၇ ရက်နေ့က ဆရာတော်အား ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေးထားကြောင်း ပြည်​ကြီးတံခွန်​မြို့နယ်​တရားရုံးမှ က သိရသည် ။

မီဒီယာ တစ်ခုနှင့် အင်တာဗျူးတွင် တပ်မတော် ဂုဏ်သိက္ခာကျဆင်းအောင်ပြောဆိုသည် ဟုဆိုကာ ဆရာတော်အား ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် တပ်မတော်အရာရှိတစ်ဦး က အောက်တိုဘာလထဲ က ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည် ။

“ဒီကနေ့ရဲ့ လုပ်ဆောင်ချက်ကိုပြောရမယ်ဆိုရင် ဆရာတော် ရုံးရောက်တဲ့အတွက် ဆရာတော့ကို ကိုယ်တိုင်ခံဝန်ပေါ့ ။ ကိုယ်တိုင်အာမခံပေးထားပေးတယ်။´´ ဟု ပြည်ကြီးတံခွန်မြို့နယ်ရှိတရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးအောင်ကျော်ဦး က ပြောသည် ။

တရားရုံးဦးတိုက်လျှောက်ထားမှုအား ရဲတပ်ဖွဲ့သို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်ချထားပေးပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ အသရေဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ဖြင့် တရားရုံးစွဲတင်ခဲ့ခြင်းဖြစ်သည် ။

“နိုင်ငံကို ထိန်းကြောင်း ပဲ့ပြင်ဖို့ရာ တာဝန်ဘုန်းကြီးတို့မှာရှိပြီးသားပါ။ ဘုန်းကြီးတို့ကတော့ တိုင်းပြည်ကို ထိခိုက် နစ်နာအောင် လုပ်တဲ့ဟာမှန်သမျှ ထောက်ပြဝေဖန်တာတွေလုပ်သွားမယ်။´´ ဟု မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ က မိန့်ကြားသည် ။

အမှုတွင် တရားလိုပြသက်သေ ၅ ဦးအား တရားရုံးတွင် တင်ပြထားပြီး နိုဝင်ဘာလ ၂၂ ရက်နေ့သို့ ထပ်မံရုံးချိန်းပေးခဲ့ကြောင်း သိရသည် ။

မန္တလေးမြို့တွင် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုသည်ဟုဆိုကာ ရွှေဝါရောင် ဆရာတော် နှစ်ပါးကိုလည်း ဆက်သွယ်ရေးဥပဒေဖြင့် တပ်မတော်က တရားစွဲဆိုထားသည်များလည်းရှိသည် ။

Photo : Kaung Zaw Hein / MPA

Leave a Reply