အိုးထရက်ဖို့စ်မှာ ၂၀၂၀အထိရှိမယ့် မော်ရင်ဟို

0
189

ဇန်နဝါရီ ၂၆ ၊ ၂၀၁၈
ယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ အသင်းနဲ့ စာချုပ်အသစ်တစ်ရပ်ကို ထပ်မံ ချုပ်ဆိုလိုက်ပါတယ်။ ဒါကြောင့် မော်ရင်ဟိုကို မန်ယူနည်းပြအဖြစ် ၂၀၂၀ အထိ မြင်ရတော့မှာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ၂ နှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အဆိုပါစာချုပ်အတွက် ပြီးခဲ့တဲ့ အပတ်ကတည်းက သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်တယ်။
မန်ယူအသင်းဟာ ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ ကြောင့် မော်ရင်ဟိုရဲ့ သက်တမ်းတိုးစာချုပ်ကိစ္စကို ကြေညာဖို့ အနည်းငယ် နောက်ကျခဲ့ပါတယ်။

မော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ်မှာ မန်ယူအသင်းကို နည်းပြဗန်ဟားထံမှ လွဲပြောင်း ကိုင်တွယ်ခဲ့ပြီး သူရဲ့ ပထမဆုံး ရာသီမှာ အဓိက ဆုဖလား နှစ်ခု ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
“မန်ယူနဲ့အတူ စာချုပ်ထပ်ချုပ်နိုင်ခဲ့လို့ အလွန်ဝမ်းသာဂုဏ်ယူမိပါတယ်။ကျွန်တော့်အသင်းရဲ့ သူဌေးနဲ့ အက်ဝုဒ်တို့ကို စာချုပ်အသစ်ကိစ္စအတွက် ကျေးဇူးတင်ပါတယ်။မန်ယူလို ကြီးကျယ်ခမ်းနားတဲ့အသင်းမှာ နည်းပြလုပ်ရတဲ့အတွက် ဝယ်သာမိသလို ကျွန်တော်ဟာ မန်ယူအတွက် မှန်ကန်တဲ့ မန်နေဂျာဖြစ်ကြောင်းကို သက်သေပြသွားပါမယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

NN

Leave a Reply