အမူးလြန္၍ လမ္းေပၚေရာက္လာသူ ကားျဖင့္ တိုက္မိ ေသဆံုး

0
8

အမူးလွန်၍ လမ်းပေါ်ရောက်လာသူ ကားဖြင့် တိုက်မိ သေဆုံး

နိုဝင်ဘာ ၁၃
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ပေါက်တောရပ်ကွက် စားသောက်ဆိုင်တစ်ခု အနီးတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်အစောပိုင်းအချိန်က အမူးလွန်၍ လမ်းပေါ်ရောက်လာသူတစ်ဦး ကားဖြင့် တိုက်မိ သေဆုံးမှုဖြစ်ပွားခဲ့သည် ။

သေဆုံးသူမှာ မြစ်သားမြို့နယ် ဈေးကျောက်ကျေးရွာတွင် နေထိုင်သည့် ဇင်လင်းသန့် (၂၁ နှစ်) ဖြစ်ပြီး သူငယ်ချင်းများနှင့်အတူ ကျောက်ဆည်တန်ဆောင်တိုင်ပွဲသို့ လာရောက်လည်ပတ်ရင်း အရက်သေစာသောက်စားခဲ့ကြောင်း သိရသည် ။

အရက်သေစာသောက်စား၍ အမူးလွန်ပြီး မထနိုင်တော့သဖြင့် သူငယ်ချင်းများနှင့်အတူ လမ်းဘေးတွင် အိပ်ပျော်နေရာမှ လမ်းပေါ်ရောက်သွားကာ အမည်မသိ ကားတစ်စီးက ဖြတ်တိုက်သွားခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဇင်လင်းသန့် မှာ သေဆုံးသွားခဲ့ပြီး အမည်မသိယာဉ်မောင်းနှင့် ယာဉ်အား စုံစမ်းဖော်ထုတ်နိုင်ရန်အတွက် ကျောက်ဆည်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၇၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၂၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

________________________________________

(Zawgyi)

အမူးလြန္၍ လမ္းေပၚေရာက္လာသူ ကားျဖင့္ တိုက္မိ ေသဆံုး

ႏိုဝင္ဘာ ၁၃
ႏိုင္လင္းဦး

မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕ ေပါက္ေတာရပ္ကြက္ စားေသာက္ဆိုင္တစ္ခု အနီးတြင္ ႏိုဝင္ဘာလ ၁၂ ရက္ေန႔ နံနက္အေစာပိုင္းအခ်ိန္က အမူးလြန္၍ လမ္းေပၚေရာက္လာသူတစ္ဦး ကားျဖင့္ တိုက္မိ ေသဆံုးမႈျဖစ္ပြားခဲ့သည္ ။

ေသဆံုးသူမွာ ျမစ္သားၿမိဳ႕နယ္ ေဈးေက်ာက္ေက်းရြာတြင္ ေနထိုင္သည့္ ဇင္လင္းသန္႔ (၂၁ ႏွစ္) ျဖစ္ၿပီး သူငယ္ခ်င္းမ်ားႏွင့္အတူ ေက်ာက္ဆည္တန္ေဆာင္တိုင္ပြဲသို႔ လာေရာက္လည္ပတ္ရင္း အရက္ေသစာေသာက္စားခဲ့ေၾကာင္း သိရသည္ ။

အရက္ေသစာေသာက္စား၍ အမူးလြန္ၿပီး မထႏိုင္ေတာ့သျဖင့္ သူငယ္ခ်င္းမ်ားႏွင့္အတူ လမ္းေဘးတြင္ အိပ္ေပ်ာ္ေနရာမွ လမ္းေပၚေရာက္သြားကာ အမည္မသိ ကားတစ္စီးက ျဖတ္တိုက္သြားျခင္းျဖစ္ေၾကာင္း မႈခင္းမွတ္တမ္းအရ သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ဇင္လင္းသန္႔ မွာ ေသဆံုးသြားခဲ့ၿပီး အမည္မသိယာဥ္ေမာင္းႏွင့္ ယာဥ္အား စံုစမ္းေဖာ္ထုတ္ႏိုင္ရန္အတြက္ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၇၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄(က)/၂၀၂ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္ ။

Leave a Reply