ထား၀ယ္အထူးစီးပြားေရးဇုန္နဲ႔ဆက္သြယ္မယ့္ခ်ိတ္ဆက္လမ္းေၾကာင္းအတြက္ ဖြံ႔ၿဖိဳးမႈလမ္းၫႊန္ခ်က္ေတြကို ထိုင္းအစိုးရလက္ခံဖို႔႐ွိေန

0
10

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ဆက်သွယ်မယ့်ချိတ်ဆက်လမ်းကြောင်းအတွက် ဖွံ့ဖြိုးမှုလမ်းညွှန်ချက်တွေကို ထိုင်းအစိုးရလက်ခံဖို့ရှိနေ

နိုဝင်ဘာ ၁၁
နိုင်ငံတကာသတင်း

ထိုင်းအမျိုးသားစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) ကတင်သွင်းထားတဲ့အခြေခံအဆောက်အဦဖွံ့ဖြိုးမှုစည်းမျဉ်းတွေကို ထိုင်းအစိုးရအဖွဲ့က လက်ခံကျင့်သုံးမလားဆိုတာ အင်္ဂါနေ့မှာ မေးမြန်းသွားမှာပါ။

ကြာရှည်စောင့်နေရပြီး မြန်မာနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ထိုင်းအရှေ့ဘက်စီးပွားရေးကော်ရစ်ဒါ(EEC)တို့ချိတ်ဆက်လမ်းကြောင်းကို ထိုင်းအစိုးရက စတင်အကောင်အထည်ဖော်ဖို့စီစဉ်နေချိန်မှာ မေးမြန်းဖို့ရှိနေတာပါ။

မြန်မာ၊ ထိုင်းနိုင်ငံအလယ်ပိုင်းလွင်ပြင်ဒေသနဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသတို့ကိုချိတ်ဆက်မယ့်စီမံကိန်းတွေနဲ့ ရသုံးငွေတွေခွင့်ပြုရာမှာ ဆက်စပ်ဝန်ကြီးတွေအနေနဲ့ လမ်းညွှန်ချက်တွေအတိုင်းလိုက်နာဖို့ NESDCကဖြစ်စေချင်နေတယ်လို့ သတင်းရင်းမြစ်တစ်ယောက်ကပြောပါတယ်။

အဲဒီသတင်းရင်းမြစ်ရဲ့အပြောအရ NESDCရဲ့လမ်းညွှန်ချက်တွေက အခြေခံအဆောက်အဦဆိုင်ရာစီမံကိန်းတွေအတွက် အရည်အသွေးပြည့်မီစေပြီး နေရာ ၃ ခုကို နယ်စပ်ကုန်သွယ်ရေး၊ စိုက်ပျိုးရေးထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့စက်မှုလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ခရီးသွားလုပ်ငန်းတွေအတွက် အချက်အချာနေရာတစ်ခုဖြစ်လာအောင်ရည်ရွယ်ထားတာပါ။

“ရထားလမ်းနဲ့ကားလမ်းတည်ဆောက်ရာမှာတော့ NESDCရဲ့ညွှန်ကြားချက်တွေက အဓိကကျနေတယ်။ လမ်းပြီးတာနဲ့ ထားဝယ်ကနေ EECကို ကုန်တွေ၊ လူတွေပို့ဆောင်ပေးရင် အဓိကအခန်းကဏ္ဍကနေပါဝင်နေမှာမို့လို့ပါ။” လို့လည်း ပြောပါတယ်။

ကန်ချာနာဘူရီခရိုင်က နယ်စပ်မြို့ဖြစ်တဲ့ဘန်နမ်ဖုန်ရွန်မြို့မှာရှိပြီး မြန်မာနိုင်ငံကိုဝင်နိုင်မယ့်တံခါးပေါက်အဖြစ်ဆောင်ရွက်ပေးမယ့် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးအရှိန်မြှင့်တင်ဖို့လည်း ထိုင်းအစိုးရကိုတောင်းဆိုသွားမယ်လို့ NESDCကစီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

ဒီနေ့ညနေပိုင်းမှာစတင်ကျင်းပဖို့ရှိပြီး ဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာဦးဆောင်ကျင်းပတဲ့ထိုင်းအစိုးရအစည်းအဝေးမှာ လမ်းညွှန်ချက်တွေလက်ခံကျင့်သုံးသွားဖို့ NESDCက စီစဉ်ထားတယ်လို့လည်း ရင်းမြစ်ကပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးကုမ္ပဏီအဖြစ် ထိုင်းနဲ့မြန်မာအစိုးရတို့ပူးပေါင်းတည်ထောင်ပြီး ဆိပ်ကမ်း၊ လမ်းတွေနဲ့ ရထားလမ်းတွေ၊ ဓာတ်အားပေးစက်ရုံတွေ၊ ရေပေးဝေမှုစက်ရုံတွေ၊ စက်မှုလုပ်ငန်းတွေအတွက်သုံးမယ်မြေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေနဲ့ မြို့နယ်တစ်မြို့နယ်ပါဝင်မယ့် ထားဝယ်ကအဆောက်အအုံတွေကို အထူးရည်ရွယ်ချက်နဲ့မောင်းနှင်မယ့်ယန္တရားတွေသုံးပြီး စီမံခန့်ခွဲဖို့လုပ်ထားပေမဲ့ ထားဝယ်မှာ ပင်လယ်ရေနက်ဆိပ်ကမ်းနဲ့အထူးစီးပွားရေးဇုန်တည်ဆောက်မှုနဲ့ဖွံ့ဖြိုးမှုတွေဟာ ကြပ်ကြပ်သပ်သပ်နဲ့တအိအိရွေ့နေပါတယ်။

Source-Bangkok Post

#ဥက္ကာ
#TheFifthWaveNews
Photo-Bangkok Post

________________________________________

ထား၀ယ္အထူးစီးပြားေရးဇုန္နဲ႔ဆက္သြယ္မယ့္ခ်ိတ္ဆက္လမ္းေၾကာင္းအတြက္ ဖြံ႔ၿဖိဳးမႈလမ္းၫႊန္ခ်က္ေတြကို ထိုင္းအစိုးရလက္ခံဖို႔႐ွိေန

ႏို၀င္ဘာ ၁၁
ႏိုင္ငံတကာသတင္း

ထိုင္းအမ်ိဳးသားစီးပြားေရးႏွင့္လူမႈေရးဖြံ႔ၿဖိဳးတိုးတက္မႈေကာင္စီ (NESDC) ကတင္သြင္းထားတဲ့အေျခခံအေဆာက္အဦဖြံ႔ၿဖိဳးမႈစည္းမ်ဥ္းေတြကို ထိုင္းအစိုးရအဖြဲ႔က လက္ခံက်င့္သံုးမလားဆိုတာ အဂၤါေန႔မွာ ေမးျမန္းသြားမွာပါ။

ၾကာ႐ွည္ေစာင့္ေနရၿပီး ျမန္မာႏိုင္ငံက ထား၀ယ္အထူးစီးပြားေရးဇုန္နဲ႔ ထိုင္းအေ႐ွ႕ဘက္စီးပြားေရးေကာ္ရစ္ဒါ(EEC)တို႔ခ်ိတ္ဆက္လမ္းေၾကာင္းကို ထိုင္းအစိုးရက စတင္အေကာင္အထည္ေဖာ္ဖို႔စီစဥ္ေနခ်ိန္မွာ ေမးျမန္းဖို႔႐ွိေနတာပါ။

ျမန္မာ၊ ထိုင္းႏိုင္ငံအလယ္ပိုင္းလြင္ျပင္ေဒသနဲ႔ အေ႐ွ႕ဘက္ကမ္း႐ိုးတန္းေဒသတို႔ကိုခ်ိတ္ဆက္မယ့္စီမံကိန္းေတြနဲ႔ ရသံုးေငြေတြခြင့္ျပဳရာမွာ ဆက္စပ္၀န္ႀကီးေတြအေနနဲ႔ လမ္းၫႊန္ခ်က္ေတြအတိုင္းလိုက္နာဖို႔ NESDCကျဖစ္ေစခ်င္ေနတယ္လို႔ သတင္းရင္းျမစ္တစ္ေယာက္ကေျပာပါတယ္။

အဲဒီသတင္းရင္းျမစ္ရဲ႕အေျပာအရ NESDCရဲ႕လမ္းၫႊန္ခ်က္ေတြက အေျခခံအေဆာက္အဦဆိုင္ရာစီမံကိန္းေတြအတြက္ အရည္အေသြးျပည့္မီေစၿပီး ေနရာ ၃ ခုကို နယ္စပ္ကုန္သြယ္ေရး၊ စိုက္ပ်ိဳးေရးထုတ္လုပ္မႈ၊ သဘာ၀ပတ္၀န္းက်င္ကိုမထိခိုက္ေစတဲ့စက္မႈလုပ္ငန္းေတြနဲ႔ သဘာ၀ပတ္၀န္းက်င္နဲ႔ကိုက္ညီတဲ့ခရီးသြားလုပ္ငန္းေတြအတြက္ အခ်က္အခ်ာေနရာတစ္ခုျဖစ္လာေအာင္ရည္႐ြယ္ထားတာပါ။

“ရထားလမ္းနဲ႔ကားလမ္းတည္ေဆာက္ရာမွာေတာ့ NESDCရဲ႕ၫႊန္ၾကားခ်က္ေတြက အဓိကက်ေနတယ္။ လမ္းၿပီးတာနဲ႔ ထား၀ယ္ကေန EECကို ကုန္ေတြ၊ လူေတြပို႔ေဆာင္ေပးရင္ အဓိကအခန္းက႑ကေနပါ၀င္ေနမွာမို႔လို႔ပါ။” လို႔လည္း ေျပာပါတယ္။

ကန္ခ်ာနာဘူရီခ႐ိုင္က နယ္စပ္ၿမိဳ႕ျဖစ္တဲ့ဘန္နမ္ဖုန္႐ြန္ၿမိဳ႕မွာ႐ွိၿပီး ျမန္မာႏိုင္ငံကို၀င္ႏိုင္မယ့္တံခါးေပါက္အျဖစ္ေဆာင္႐ြက္ေပးမယ့္ အထူးစီးပြားေရးဇုန္ဖြံ႔ၿဖိဳးေရးအ႐ွိန္ႁမွင့္တင္ဖို႔လည္း ထိုင္းအစိုးရကိုေတာင္းဆိုသြားမယ္လို႔ NESDCကစီစဥ္ထားတယ္လို႔လည္း ေျပာပါတယ္။

ဒီေန႔ညေနပိုင္းမွာစတင္က်င္းပဖို႔႐ွိၿပီး ၀န္ႀကီးခ်ဳပ္ပရာ႐ြတ္ ခ်န္အိုခ်ာဦးေဆာင္က်င္းပတဲ့ထိုင္းအစိုးရအစည္းအေ၀းမွာ လမ္းၫႊန္ခ်က္ေတြလက္ခံက်င့္သံုးသြားဖို႔ NESDCက စီစဥ္ထားတယ္လို႔လည္း ရင္းျမစ္ကေျပာပါတယ္။

ထား၀ယ္အထူးစီးပြားေရးဇုန္ဖြံ႔ၿဖိဳးေရးကုမၸဏီအျဖစ္ ထိုင္းနဲ႔ျမန္မာအစိုးရတို႔ပူးေပါင္းတည္ေထာင္ၿပီး ဆိပ္ကမ္း၊ လမ္းေတြနဲ႔ ရထားလမ္းေတြ၊ ဓာတ္အားေပးစက္႐ံုေတြ၊ ေရေပးေ၀မႈစက္႐ံုေတြ၊ စက္မႈလုပ္ငန္းေတြအတြက္သံုးမယ္ေျမ၊ ဆက္သြယ္ေရးတာဝါတိုင္ေတြနဲ႔ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္ပါ၀င္မယ့္ ထား၀ယ္ကအေဆာက္အအံုေတြကို အထူးရည္႐ြယ္ခ်က္နဲ႔ေမာင္းႏွင္မယ့္ယႏၲရားေတြသံုးၿပီး စီမံခန္႔ခြဲဖို႔လုပ္ထားေပမဲ့ ထား၀ယ္မွာ ပင္လယ္ေရနက္ဆိပ္ကမ္းနဲ႔အထူးစီးပြားေရးဇုန္တည္ေဆာက္မႈနဲ႔ဖြံ႔ၿဖိဳးမႈေတြဟာ ၾကပ္ၾကပ္သပ္သပ္နဲ႔တအိအိေ႐ြ႕ေနပါတယ္။

Source-Bangkok Post

#ဥကၠာ
#TheFifthWaveNews
Photo-Bangkok Post

Leave a Reply