နေပြည်တော် ရေပန်းဥယျာဉ်အတွင်း မိုင်းဟု ယူဆရသည့် ပစ္စည်းတွေ့ရှိ
နိုဝင်ဘာ ၁၁
ယဉ်ကေနွယ်
နေပြည်တော် ရေပန်းဥယျာဉ်အတွင်း တွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၇ နာရီကျော်ခန့်က မိုင်းဟု ယူဆရသည့် ပစ္စည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှ ဒုရဲအုပ်ကျော်ညွှန့်မှ တာဝန်ထမ်းဆောင်နေစဉ်အတွင်း စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးမှူးမှ စခန်းသို့ သတင်းပေးပို့ချက်အရ သွားရောက်ကြည့်ရှုရာ ရေပန်းဝိုင်းအနီး ဗိုလ်ကတော်မျက်ခုံးပင်တန်းဘေးတွင် အလျား ၆ လက်မခန့် အနံ ၃ လက်မခန့် ရှိ အဝါရောင် တိပ်ဖြင့်ကပ်လျက် ဝါယာကြိုးများပါ မိုင်းဟု ယူဆရသည့် အထုပ်တထုပ်တွေ့ရှိခဲ့ကြောင်းသိရသည်။
ထိုသို့ မသင်္ကာဖြစ်ရာ အခြေအနေရှိသည့် ပေါက်ကွဲစေတတ်သည့် မိုင်းဟု ယူဆရသည့်အထုပ် ၁ ခု အား ရေပန်းဥယျာဉ်အတွင်း ထားရှိခဲ့သူအား ဖော်ထုတ်အရေးယူပေးရန် ဒုရဲအုပ် ကျော်ညွှန့်မှ တရားလို ပြုလုပ်၍ တိုင်တန်းထားကြောင်းသိရသည်။
_______________________________________
(Zawgyi)
ေနျပည္ေတာ္ ေရပန္းဥယ်ာဥ္အတြင္း မိုင္းဟု ယူဆရသည့္ ပစၥည္းေတြ႔႐ွိ
ႏိုဝင္ဘာ ၁၁
ယဥ္ေကႏြယ္
ေနျပည္ေတာ္ ေရပန္းဥယ်ာဥ္အတြင္း တြင္ ႏိုဝင္ဘာလ ၁၀ ရက္ေန႔ ညပိုင္း ၇ နာရီေက်ာ္ခန္႔က မိုင္းဟု ယူဆရသည့္ ပစၥည္း ေတြ႔႐ွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဇဗၺဴသီရိၿမိဳ႕နယ္ အမွတ္ ၁ ရဲစခန္းမွ ဒုရဲအုပ္ေက်ာ္ၫႊန္႔မွ တာဝန္ထမ္းေဆာင္ေနစဥ္အတြင္း စည္ပင္သာယာေရးဦးစီးဌာနမွ ဦးစီးမႉးမွ စခန္းသို႔ သတင္းေပးပို႔ခ်က္အရ သြားေရာက္ၾကည့္႐ႈရာ ေရပန္းဝိုင္းအနီး ဗိုလ္ကေတာ္မ်က္ခံုးပင္တန္းေဘးတြင္ အလ်ား ၆ လက္မခန္႔ အနံ ၃ လက္မခန္႔ ႐ွိ အဝါေရာင္ တိပ္ျဖင့္ကပ္လ်က္ ဝါယာႀကိဳးမ်ားပါ မိုင္းဟု ယူဆရသည့္ အထုပ္တထုပ္ေတြ႔႐ွိခဲ့ေၾကာင္းသိရသည္။
ထိုသို႔ မသကၤာျဖစ္ရာ အေျခအေန႐ွိသည့္ ေပါက္ကြဲေစတတ္သည့္ မိုင္းဟု ယူဆရသည့္အထုပ္ ၁ ခု အား ေရပန္းဥယ်ာဥ္အတြင္း ထား႐ွိခဲ့သူအား ေဖာ္ထုတ္အေရးယူေပးရန္ ဒုရဲအုပ္ ေက်ာ္ၫႊန္႔မွ တရားလို ျပဳလုပ္၍ တိုင္တန္းထားေၾကာင္းသိရသည္။