ကေမာၻဒီးယားအတိုက္အခံေခါင္းေဆာင္ကို ေနအိမ္အက်ယ္ခ်ဳပ္ကေနလႊတ္ေပး

0
9

ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်ကို နေအိမ်အကျယ်ချုပ်ကနေလွှတ်ပေး

နိုဝင်ဘာ ၁၀
နိုင်ငံတကာသတင်း

ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်ကမ် ဆော့ခကို တနင်္ဂနွေနေ့မှာ နေအိမ်အကျယ်ချုပ်ကနေလွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ထိန်းသိမ်းခံရပြီး ၂ နှစ်ကျော်အကြာမှာလွှတ်ပေးခဲ့တာပါ။
နေအိမ်အကျယ်ချုပ်ကလွတ်ခဲ့ပေမဲ့ နိုင်ငံရေးလုပ်ခွင့်နဲ့ နိုင်ငံခြားထွက်ခွင့်တို့တော့ ပိတ်ခံထားရပါတယ်။

လက်ရှိဖျက်သိမ်းခံထားရပြီဖြစ်တဲ့ကမ္ဘောဒီးယားအတိုက်အခံCNRPပါတီကိုပူးတွဲတည်ထောင်သူဆမ် ရိန်ဆီက ဒေသတွင်းပြန်ဝင်လာပြီး ဝန်ကြီးချုပ်ဟွန်ဆန်ကိုဆန့်ကျင်ကြသူတွေစုဖို့ပြန်လာတာလို့ ပြောထားပါတယ်။

ဥရောပသမဂ္ဂက ထိခိုက်မှုများစေနိုင်တဲ့ကုန်သွယ်ရေးဦးစားပေးမှုတွေရုတ်သိမ်းမလားစဉ်းစားနေချိန်မှာ နိုင်ငံရေးဖြိုခွဲမှုတွေပျော့ပြောင်းလာစေဖို့ ကမ္ဘောဒီးယားနိုင်ငံက ဖိအားတွေကြုံနေရပါတယ်။

ကမ်ဆော့ခကို အိမ်ထဲကထွက်ခွင့်ပြုပေမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါခွင့်မပြုသလို နိုင်ငံခြားထွက်ခွင့်လည်းမပြုထားဘူးလို့ ဖနွမ်းပင်မြို့တော်တရားရုံးက ထုတ်ပြန်ပါတယ်။

အာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်လို့ အခုလိုခွင့်ပြုတာလို့ တရာရေးဝန်ကြီးဌာနပြောခွင့်ရသူကပြောပါတယ်။

အသက် ၆၆ နှစ်ရှိနေတဲ့ကမ်ဆော့ခကို ၂၀၁၇ ခုနှစ်မှာဖမ်းဆီးခဲ့ပြီး CNRPပါတီကိုလည်း ၂၀၁၈ ခုနှစ် ကမ္ဘောဒီးယားအထွေထွေရွေးကောက်ပွဲမှာပါဝင်ခွင့်ပိတ်ခဲ့လို့ ဟွန်ဆန်ရဲ့အာဏာရပါတီပဲပြန်အနိုင်ရခဲ့ပေမဲ့ ရုပ်ပျက်ဆင်းပျက်လုပ်ရပ်လို့ အနောက်နိုင်ငံတွေကဝေဖန်ထားပါတယ်။
နိုင်ငံခြားသားတွေနဲ့ပေါင်းပြီး ဟွန်ဆန်ကိုဖြုတ်ချဖို့လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ကမ်ဆော့ခကို ဖမ်းထားခဲ့ပြီး အဓိပ္ပာယ်မရှိတဲ့စွဲချက်လို့ သူကငြင်းဆိုထားပါတယ်။

ခမာနီတပ်မှုူးကြီးဟောင်းဖြစ်ပြီး အသက် ၆၇ နှစ်ရှိနေတဲ့ဟွန်ဆန်ဟာ လူဦးရေ ၁၆ သန်းကျော်ရှိတဲ့ကမ္ဘောဒီးယားနိုင်ငံကိုအုပ်ချုပ်နေတာ ၃၄ နှစ်ကျော်နေပါပြီ။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo-Kem Sokha Facebook

______________________________________

(Zawgyi)

ကေမာၻဒီးယားအတိုက္အခံေခါင္းေဆာင္ကို ေနအိမ္အက်ယ္ခ်ဳပ္ကေနလႊတ္ေပး

ႏို၀င္ဘာ ၁၀
ႏိုင္ငံတကာသတင္း

ကေမာၻဒီးယားအတိုက္အခံေခါင္းေဆာင္ကမ္ ေဆာ့ခကို တနဂၤေႏြေန႔မွာ ေနအိမ္အက်ယ္ခ်ဳပ္ကေနလႊတ္ေပးလိုက္ပါတယ္။

ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ စြဲခ်က္တင္ထိန္းသိမ္းခံရၿပီး ၂ ႏွစ္ေက်ာ္အၾကာမွာလႊတ္ေပးခဲ့တာပါ။
ေနအိမ္အက်ယ္ခ်ဳပ္ကလြတ္ခဲ့ေပမဲ့ ႏိုင္ငံေရးလုပ္ခြင့္နဲ႔ ႏိုင္ငံျခားထြက္ခြင့္တို႔ေတာ့ ပိတ္ခံထားရပါတယ္။

လက္႐ွိဖ်က္သိမ္းခံထားရၿပီျဖစ္တဲ့ကေမာၻဒီးယားအတိုက္အခံCNRPပါတီကိုပူးတြဲတည္ေထာင္သူဆမ္ ရိန္ဆီက ေဒသတြင္းျပန္၀င္လာၿပီး ၀န္ႀကီးခ်ဳပ္ဟြန္ဆန္ကိုဆန္႔က်င္ၾကသူေတြစုဖို႔ျပန္လာတာလို႔ ေျပာထားပါတယ္။

ဥေရာပသမဂၢက ထိခိုက္မႈမ်ားေစႏိုင္တဲ့ကုန္သြယ္ေရးဦးစားေပးမႈေတြ႐ုတ္သိမ္းမလားစဥ္းစားေနခ်ိန္မွာ ႏိုင္ငံေရးၿဖိဳခြဲမႈေတြေပ်ာ့ေျပာင္းလာေစဖို႔ ကေမာၻဒီးယားႏိုင္ငံက ဖိအားေတြၾကံဳေနရပါတယ္။

ကမ္ေဆာ့ခကို အိမ္ထဲကထြက္ခြင့္ျပဳေပမဲ့ ႏိုင္ငံေရးလႈပ္႐ွားမႈေတြမွာပါခြင့္မျပဳသလို ႏိုင္ငံျခားထြက္ခြင့္လည္းမျပဳထားဘူးလို႔ ဖႏြမ္းပင္ၿမိဳ႕ေတာ္တရား႐ံုးက ထုတ္ျပန္ပါတယ္။

အာဏာပိုင္ေတြနဲ႔ပူးေပါင္းေဆာင္႐ြက္လို႔ အခုလိုခြင့္ျပဳတာလို႔ တရာေရး၀န္ႀကီးဌာနေျပာခြင့္ရသူကေျပာပါတယ္။

အသက္ ၆၆ ႏွစ္႐ွိေနတဲ့ကမ္ေဆာ့ခကို ၂၀၁၇ ခုႏွစ္မွာဖမ္းဆီးခဲ့ၿပီး CNRPပါတီကိုလည္း ၂၀၁၈ ခုႏွစ္ ကေမာၻဒီးယားအေထြေထြေ႐ြးေကာက္ပြဲမွာပါ၀င္ခြင့္ပိတ္ခဲ့လို႔ ဟြန္ဆန္ရဲ႕အာဏာရပါတီပဲျပန္အႏိုင္ရခဲ့ေပမဲ့ ႐ုပ္ပ်က္ဆင္းပ်က္လုပ္ရပ္လို႔ အေနာက္ႏိုင္ငံေတြကေ၀ဖန္ထားပါတယ္။
ႏိုင္ငံျခားသားေတြနဲ႔ေပါင္းၿပီး ဟြန္ဆန္ကိုျဖဳတ္ခ်ဖို႔လုပ္တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ကမ္ေဆာ့ခကို ဖမ္းထားခဲ့ၿပီး အဓိပၸာယ္မ႐ွိတဲ့စြဲခ်က္လို႔ သူကျငင္းဆိုထားပါတယ္။

ခမာနီတပ္မွဳဴးႀကီးေဟာင္းျဖစ္ၿပီး အသက္ ၆၇ ႏွစ္႐ွိေနတဲ့ဟြန္ဆန္ဟာ လူဦးေရ ၁၆ သန္းေက်ာ္႐ွိတဲ့ကေမာၻဒီးယားႏိုင္ငံကိုအုပ္ခ်ဳပ္ေနတာ ၃၄ ႏွစ္ေက်ာ္ေနပါၿပီ။

Source-Reuters
#ဥကၠာ
#TheFifthWaveNews
Photo-Kem Sokha Facebook

Leave a Reply