​ေဆး​ေျခာက္​တရားဝင္​ခြင္​့ျပဳ​ႏိုင္​​ေရး လႈပ္​႐ွားမႈ စတင္​

0
68

ဆေးခြောက်တရားဝင်ခွင့်ပြုနိုင်ရေး လှုပ်ရှားမှု စတင်

နိုဝင်ဘာ ၁၀
မောင်မျိုး

ဆေးခြောက်တရားဝင် ခွင့်ပြုစေရန် ရည်ရွယ်ချက်ဖြင့် နိုဝင်ဘာ၁၁ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ မဟာဗန္ဓုလပန်းခြံတွင် မီးပုံပျံ ၁၁၁လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း ဆေးခြောက် တရားဝင် ဖြစ်မြာက်ရေး(NJ)၏ ဦးဆောင်သူများက ဆိုသည်။

ဆိုင်းဘုတ်များကိုင်ဆောင်ခြင်း စုပေါင်းဓာတ်ပုံရိုက်ခြင်းနှင့် အသိပညာဖလှယ်ခြင်း စသည့် အစီစဉ်များလည်း ပါဝင်သွားမည် ဖြစ်သည်။

“ဆေးခြောက်ကို တရားဝင် ခွင့်ပြုလိုက်ရင် စီးပွားရေးအရ တိုးတက်လာမယ်။ အခွန်တွေရမယ် ဒါ့အပြင် ဘိန်းစိုက်တောင်သူတွေပါ စိုက်လာနိုင်ရင် ဘိန်းဖြူသုံးစွဲမှုတွေလျော့ကျလာမယ်။ ဒါကြောင့်တောင်းဆိုနေတာ” ဟု ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးအဖွဲ့ NJ မှ စိန်လှမောင် က ဆိုသည်။

နိုင်ငံပေါင်း သုံးဆယ်ကျော်တွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဆေးခြောက်သောက်သုံးခြင်းဖြင့် ကင်ဆာရောဂါအပါအဝင် တခြားသော ရောဂါအများစုကို ပျောက်ကင်းစေခြင်းကြောင့် အစိုးရအနေဖြင့် တရားဝင်ခွင့်ပြုစေလိုကြောင်း ၎င်းကဆက်လက်ပြောသည်။

“ဆေးခြောက်ကို မကြိုက်လို့ မသောက်ဘူး၊ ဒါပေမယ့် ဆေးဘက်ဝင်တယ်၊ မူးယစ်ဆေးလိုမျိုးလည်းမဟုတ်တော့ တရားဝင်ပေးသင့်တာပေါ့”ဟု ကိုမင်းသန့်ကပြောသည်။

“ဆေးခြောက်က အရက်တို့ ဆေးလိပ်တို့ထက် ထိခိုက်စေမှုနည်းတယ်။ ဒါပေမယ့် တရားမဝင် ဖြစ်တော့ ဆေးလိပ်ခြောက် တလိပ်ကြောင့် ထောင်ထဲလေးငါးခြောက်နှစ် နေနေရတဲ့ လူငယ်တွေမနည်းဘူး။ ဒါကမတရားဘူး။”ဟု ဆေးခြောက်တရားဝင် ဖြစ်မြောက်ရေး(NJ)က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တွင်သာမက မန္တလေးမြို့ ရန်ကင်းတောင်ခြေ၌လည်း မီးပုံပျံလွှတ်မည်ဟု သိရသည်။

ဆေးခြောက်ကို ၁၈၇၀မတိုင်ခင်က တရားဝင်ခွင့်ပြုခဲ့ပြီး ဗြိတိသျှအစိုးရလက်ထက်တွင် ဥပဒေဖြင့် ကန့်သပ်ခဲ့သည်။၁၉၃၉ခုနှစ်တွင် တရားဝင်ပြန်လည် ခွင့်ပြုပေးခဲ့ပြီး ၁၉၉၃ခုနှစ်တွင် မူးယစ်ဆေးဝါးအမည်တပ်ပြီး ပြန်လည် ကန့်သပ်လိုက်ခြင်းဖြစ်သည်။

_____________________________________

(Zawgyi)

​ေဆး​ေျခာက္​တရားဝင္​ခြင္​့ျပဳ​ႏိုင္​​ေရး လႈပ္​႐ွားမႈ စတင္​

ႏိုဝင္​ဘာ ၁၀
​ေမာင္​မ်ိဳး

​ေဆး​ေျခာက္​တရားဝင္​ ခြင္​့ျပဳ​ေစရန္​ ရည္​ရြယ္​ခ်က္​ျဖင္​့ ႏိုဝင္​ဘာ၁၁ရက္​​ေန႔တြင္​ ရန္​ကုန္​ၿမိဳ႕ ဆူး​ေလဘုရားအနီး႐ွိ မဟာဗႏၶဳလပန္​းျခံတြင္​ မီးပံုပ်ံ ၁၁၁လံုး လႊတ္​တင္​သြားမည္​ျဖစ္​​ေၾကာင္​း ​ေဆး​ေျခာက္ တရားဝင္ ျဖစ္​ျမာက္​​ေရး(NJ)၏ ဦး​ေဆာင္​သူမ်ားက ဆိုသည္​။

ဆိုင္​းဘုတ္​မ်ားကိုင္​​ေဆာင္​ျခင္​း စု​ေပါင္​းဓာတ္​ပံု႐ိုက္​ျခင္​းႏွင္​့ အသိပညာဖလွယ္​ျခင္​း စသည္​့ အစီစဥ္​မ်ားလည္​း ပါဝင္​သြားမည္​ ျဖစ္​သည္​။

“ေဆးေျခာက္ကို တရားဝင္ ခြင့္ျပဳလိုက္ရင္ စီးပြားေရးအရ တိုးတက္လာမယ္။ အခြန္ေတြရမယ္ ဒါ့အျပင္ ဘိန္းစိုက္ေတာင္သူေတြပါ စိုက္လာနိုင္ရင္ ဘိန္းျဖဴသုံးစြဲမွုေတြေလ်ာ့က်လာမယ္။ ဒါေၾကာင့္ေတာင္းဆိုေနတာ” ဟု ေဆးေျခာက္တရားဝင္ျဖစ္ေျမာက္ေရးအဖြဲ႕ NJ မွ စိန္လွေမာင္ က ဆိုသည္။

ႏိုင္​ငံ​ေပါင္​း သံုးဆယ္​​ေက်ာ္​တြင္​ ​ေဆး​ေျခာက္​ကို တရားဝင္​ခြင္​့ျပဳထားၿပီးျဖစ္​​ေၾကာင္​း၊ ​ေဆး​ေျခာက္​​ေသာက္​သံုးျခင္​းျဖင္​့ ကင္​ဆာ​ေရာဂါအပါအဝင္​ တျခား​ေသာ ​ေရာဂါအမ်ားစုကို ​ေပ်ာက္​ကင္​း​ေစျခင္​း​ေၾကာင္​့ အစိုးရအ​ေနျဖင္​့ တရားဝင္​ခြင္​့ျပဳ​ေစလို​ေၾကာင္​း ၎ကဆက္​လက္​​ေျပာသည္​။

“​ေဆး​ေျခာက္​ကို မႀကိဳက္​လို႔ မ​ေသာက္​ဘူး၊ ဒါ​ေပမယ္​့ ​ေဆးဘက္​ဝင္​တယ္​၊ မူးယစ္​​ေဆးလိုမ်ိဳးလည္​းမဟုတ္​​ေတာ့ တရားဝင္​​ေပးသင္​့တာ​ေပါ့”ဟု ကိုမင္​းသန္​႔က​ေျပာသည္​။

“​ေဆး​ေျခာက္​က အရက္​တို႔ ​ေဆးလိပ္​တို႔ထက္​ ထိခိုက္​​ေစမႈနည္​းတယ္​။ ဒါ​ေပမယ္​့ တရားမဝင္​ ျဖစ္​​​ေတာ့ ​ေဆးလိပ္​​ေျခာက္​ တလိပ္​​ေၾကာင္​့ ​ေထာင္​ထဲ​ေလးငါး​ေျခာက္​ႏွစ္​ ​ေန​ေနရတဲ့ လူငယ္​​ေတြမနည္​းဘူး။ ဒါကမတရားဘူး။”ဟု ​ေဆး​ေျခာက္​တရားဝင္​ ျဖစ္​​ေျမာက္​​ေရး(NJ)က တာဝန္​႐ွိသူတစ္​ဦးက ​ေျပာသည္​။

ရန္​ကုန္​တြင္​သာမက မႏၱ​ေလးၿမိဳ႕ ရန္​ကင္​း​ေတာင​္​​ေျခ၌လည္​း မီးပံုပ်ံလႊတ္​မည္​ဟု သိရသည္​။

​ေဆး​ေျခာက္​ကို ၁၈၇၀မတိုင္​ခင္​က တရားဝင္​ခြင္​့ျပဳခဲ့ၿပီး ၿဗိတိသွ်အစိုးရလက္​ထက္​တြင္​ ဥပ​ေဒျဖင္​့ ကန္​႔သပ္​ခဲ့သည္​။၁၉၃၉ခုႏွစ္​တြင္​ တရားဝင္​ျပန္​လည္​ ခြင္​့ျပဳ​ေပးခဲ့ၿပီး ၁၉၉၃ခုႏွစ္​တြင္​ မူးယစ္​​ေဆးဝါးအမည္​တပ္​ၿပီး ျပန္​လည္​ ကန္​႔သပ္​လိုက္​ျခင္​းျဖစ္​သည္​။

Leave a Reply