လႊတ္ေတာ္အမတ္ ဖမ္းဆီးခံရမႈ အျမန္ဆံုးျပန္လည္ လြတ္ေပးေရး လႊတ္ေတာ္တြင္ အေရးႀကီးအဆိုတင္

0
10

လွှတ်တော်အမတ် ဖမ်းဆီးခံရမှု အမြန်ဆုံးပြန်လည် လွတ်ပေးရေး လွှတ်တော်တွင် အရေးကြီးအဆိုတင်

နိုဝင်ဘာ ၁၃
ယဉ်ကေနွယ်

ချင်းပြည်နယိမဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အား AA အဖွဲ့မှ ဖမ်းဆီးထားမှုမှ အမြန်ဆုံးလွှတ်ပေးရန်အတွက် ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အောင်မြေသာစံမဲ ဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာ လှမိုးက အရေးကြီးအဆို တင်သွင်းခဲ့သည်။

“ရခိုင်လက်နက်ကိုင်အဖွဲ့ AA က အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင် သွားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့် ကျင်အကြမ်းဖက်ခြင်း ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးခြင်းမှာ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်ပေးပါရန် တောင်းဆိုကြောင်း အရေးကြီးအဆိုဖြစ် ပါတယ်” ဟု ဒေါက်တာလှမိုးက အဆိုတင်သွင်းခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ တင်သွင်းဆွေးနွေးခြင်း လက်ခံဆွေးနွေးရန် သင့်မသင့်ကို လွှတ်တော်အစည်းအဝေး၏ နေ့လည်ပိုင်းအစီအစဉ်မှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

ဦးဝှေ့တင်းသည် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် ယင်းစီမံကိန်း အဖွဲ့များနှင့်အတူ လိုက်ပါ လာခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပျောက်ဆုံးရခြင်းသည် AA မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်း ၁၀ ဦးအနက် သေဆုံးသည့် အလောင်း နှင့် အတူ ၈ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ဦးဝှေ့တင်ကိုတော့ ဆက်လက်ခေါ်ဆောင် ထားကြောင်း သိရသည်။

______________________________________

(Zawgyi)

လႊတ္ေတာ္အမတ္ ဖမ္းဆီးခံရမႈ အျမန္ဆံုးျပန္လည္ လြတ္ေပးေရး လႊတ္ေတာ္တြင္ အေရးႀကီးအဆိုတင္

ႏိုဝင္ဘာ ၁၃
ယဥ္ေကႏြယ္

ခ်င္းျပည္နယိမဲဆႏၵနယ္ အမွတ္ ၁၁ မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ့တင္း အား AA အဖြဲ႔မွ ဖမ္းဆီးထားမႈမွ အျမန္ဆံုးလႊတ္ေပးရန္အတြက္ ယေန႔ က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ ေအာင္ေျမသာစံမဲ ဆႏၵနယ္မွ ကိုယ္စားလွယ္ ေဒါက္တာ လွမိုးက အေရးႀကီးအဆို တင္သြင္းခဲ့သည္။

“ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က အၾကမ္းဖက္ဖမ္းဆီးေခၚေဆာင္ သြားျခင္းသည္ နိုင္ငံေတာ္က ေဆာင္ရြက္ေနသည့္ အမ်ိဳးသားရင္ၾကားေစ့ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈတို႔အျပင္ ျပည္သူလူထုဆႏၵႏွင့္ ကိုယ္စားျပဳမႈအေပၚ တိုက္ရိုက္ဆန႔္ က်င္အၾကမ္းဖက္ျခင္း ျဖစ္သျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္က ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္းႏွင့္ ယခုကဲ့သို႔ ဦးေဝွ႕တင္းႏွင့္တကြ ဝန္ထမ္းမ်ား၊ အရပ္သားမ်ားကို ဖမ္းဆီးျခင္းမွာ လုံျခဳံစိတ္ခ် အႏၲရာယ္ကင္းရွင္းစြာ ႁခြင္းခ်က္မရွိ အျမန္ဆုံး ျပန္လည္လြတ္ေပးပါရန္ ေတာင္းဆိုေၾကာင္း အေရးႀကီးအဆိုျဖစ္ ပါတယ္” ဟု ေဒါက္တာလွမိုးက အဆိုတင္သြင္းခဲ့သည္။

ယင္းအဆိုႏွင့္ပတ္သက္၍ တင္သြင္းေဆြးေႏြးျခင္း လက္ခံေဆြးေႏြးရန္ သင့္မသင့္ကို လႊတ္ေတာ္အစည္းအေဝး၏ ေန႔လည္ပိုင္းအစီအစဥ္မွသာ ဆံုးျဖတ္သြားမည္ျဖစ္ေၾကာင္း နာယက ဦးတီခြန္ျမတ္က ေၾကညာခဲ့သည္။

ဦးေဝွ႔တင္းသည္ လႊတ္ေတာ္အစည္းအေဝးမ်ားသို႔ တက္ေရာက္ရန္အတြက္ ယင္းစီမံကိန္း အဖြဲ႔မ်ားႏွင့္အတူ လိုက္ပါ လာခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ေပ်ာက္ဆံုးရျခင္းသည္ AA မွ ဖမ္းဆီးေခၚေဆာင္ခဲ့ျခင္းျဖစ္ၿပီး ယင္း ၁၀ ဦးအနက္ ေသဆံုးသည့္ အေလာင္း ႏွင့္ အတူ ၈ ဦးကိုေတာ့ ျပန္လႊတ္ေပးခဲ့ၿပီး ဦးေဝွ႔တင္ကိုေတာ့ ဆက္လက္ေခၚေဆာင္ ထားေၾကာင္း သိရသည္။

Leave a Reply