႐ုရွားတပ္မေတာ္၏ “GROM 2019” စစ္ေရးေလ့က်င့္ခန္း

0
7

ရုရှားတပ်မတော်၏ “GROM 2019” စစ်ရေးလေ့ကျင့်ခန်း

ရုရှားတပ်မတော်သည် နှစ်စဉ် ဆောင်းဦးကာလအတွင်းပြုလုပ်လေ့ရှိသော နိုင်ငံတွင်း စစ်ရေးလေ့ကျင့်ခန်းတစ်ခုကို မကြာသေးမီရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့လေသည်။ အဆိုပါလေ့ကျင့်ခန်းအား “GROM 2019” ဟု အမည်ပေးထားပြီး ရုရှားတပ်မတော်၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ကြီးသုံးခုနှင့်အတူ မဟာဗျူဟာတပ်ဖွဲ့များ၊ နျူကလီးယားတိုက်ခိုက်ရေးတပ်ဖွဲ့များလည်း ပါဝင်လေ့ကျင့်ခဲ့ကြသည်။ ၂၀၁၈ ခုနှစ်အတွင်းကလည်း ယခုကဲ့သို့အချိန်တွင် ကြီးမားလှသော “Zapad 2018” အား လေ့ကျင့်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်၏ GROM လေ့ကျင့်ခန်းမှာ ရက်အနည်းငယ်သာ ကြာမြင့်ခဲ့ကြောင်းသိရသည်။

လေ့ကျင့်ခန်းတွင် ရုရှားတပ်မတော်၏ လက်နက်သစ်အများအပြားအား စမ်းသပ်အသုံးပြုခဲ့သည်ကိုလည်း သတင်းဌာနများတွင်ဖော်ပြထားသည်။ ယခုလေ့ကျင့်ခန်းတွင် ရုရှားတပ်မတော် တပ်ဖွဲ့ဝင်ပေါင်း ၁၂၀၀၀ ပါဝင်လေ့ကျင့်ခဲ့ပြီး အကြီးအမှူးအဖြစ် သမ္မတ ဗလာဒီမာ ပူတင်မှ ဦးဆောင်ခဲ့သည်။ လေတပ်နှင့် ရေတပ်များမှ တိုက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ်များအပါအဝင် လေယာဉ် (၁၀၅) စီးပါဝင်ခဲ့သည်။ ရေတပ်မှ စစ်သင်္ဘော (၁၅) စီးနှင့် ရေငုပ်သင်္ဘော (၅) စီးတို့ပါဝင်လေ့ကျင့်ခဲ့ပြီး အခြားအထူးစစ်ဆင်ရေးတပ်ဖွဲ့များလည်း ပါဝင်ခဲ့သည်။

လေ့ကျင့်ခန်းတွင် ဒုံးပျံလက်နက် (၂၁၃) စင်း ပစ်ခတ်ခဲ့ပြီး မဟာဗျူဟာမြောက် ခရုဇ်ဒုံးပျံများ နှင့် တိုက်ချင်းပစ်ဒုံးပျံများ ပါဝင်သည်။ လေတပ်မှ Kh-101 မဟာဗျူဟာမြောက် ခရုဇ်ဒုံးပျံများအား ဗုံးကြဲလေယာဉ်များမှ ပစ်လွှတ်ခဲ့သည်။ မြေပြင်ဒုံးပျံတပ်ဖွဲ့မှ Isklander ယာဉ်တင်ဒုံးပျံစနစ်မှ တစ်ဆင့် ခရုဇ်ဒုံးပျံများပစ်လွှတ်ခဲ့သည်။ ထို့အပြင် Plesetsk ဒုံးပစ်လွှတ်စင်မှ “Yars” အမျိုးအစားတိုက်ချင်းပစ်ဒုံးပျံအား ပစ်လွှတ်ခဲ့သည်။

ရုရှားရေတပ်ကလည်း ဖရီးဂိတ်စစ်သင်္ဘောများပေါ်မှ Kalibr အမျိုးအစား ခရုဇ်ဒုံးပျံများအား ပစ်ခတ်ခဲ့သည်။ ယခုလေ့ကျင့်ခန်းတွင် ရုရှားရေငုပ်သင်္ဘောတပ်ဖွဲ့၏ မျိုးဆက်သစ် ခရုဇ်ဒုံးပျံတင်ရေငုပ်သင်္ဘော ဖြစ်သော Severodvinsk ရေငုပ်သင်္ဘောကြီးမှ ခရုဇ်ဒုံးပျံများအား ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ခန်းတွင် ပစ်ခတ်ပြခဲ့သည်။ ထို့အပြင် ရုရှားနျူကလီးယားရေငုပ်သင်္ဘောတပ်ဖွဲ့၏ Delta III အမျိုးအစား တိုက်ချင်းပစ်ဒုံးပျံတင်ရေငုပ်သင်္ဘော Ryazan မှ R-29R တိုက်ချင်းပစ်ဒုံး ပျံအား ပစ်ခတ်ခဲ့သည်။ အခြား Delta IV ရေငုပ်သင်္ဘောဖြစ်သည့် Karelia မှလည်း R-29RMU Sineva တိုက်ချင်းပစ်ဒုံးပျံအားပစ်ခတ်ပြသခဲ့သည်။

ယခုလေ့ကျင့်ခန်းတွင် Delta III ရေငုပ်သင်္ဘောကြီး Ryazan မှ တိုက်ချင်းပစ်ဒုံးပျံတစ်စင်းသည် လုပ်ဆောင်မှုမှားယွင်းပြီး ပစ်ခတ်သည့် ပြွန်အတွင်းညပ်နေခဲ့သည်။ ထို့ကြောင့် ရေငုပ်သင်္ဘောအဖွဲ့သားများမှ ဆက်လက်ပစ်လွှတ်မည့် ဒုံးပျံများအားဆိုင်းငံ့လိုက်ပြီး အခြေစိုက်စခန်းသို့ လှည့်ပြန်လာခဲ့သည်။ အဆိုပါ ဖြစ်ရပ်တစ်ခုမှလွဲ၍ အခြားပြသနာများမဖြစ်ပွားခဲ့ဘဲ “GROM 2019” လေ့ကျင့်ခန်းအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့လေသည်။

“GROM 2019” လေ့ကျင့်ခန်းသည် ရုရှားတပ်မတော်၏ နှစ်စဉ်ပြုလုပ်နေကျ အကြီးစားမဟာဗျူဟာလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ဦးစီးကာ လေ့ကျင့်ရခြင်းဖြစ်သည်။ ယခုနှစ်လေ့ကျင့်ခန်းသည် ၂၀၁၈ ခုနှစ်၏ Zapad နှင့် Vostok လေ့ကျင့်ခန်းများထက် တပ်ဖွဲ့ဝင်အင်အားနည်းပါးသော်လည်း ထိရောက်သော လေ့ကျင့်ခန်းတစ်ခု ဖြစ်ခဲ့သည်ဟု သုံးသပ်ထားကြပါသည်။

ဇွဲထွဋ်ဦး

________________________________________

(Zawgyi)

႐ုရွားတပ္မေတာ္၏ “GROM 2019” စစ္ေရးေလ့က်င့္ခန္း

႐ုရွားတပ္မေတာ္သည္ ႏွစ္စဥ္ ေဆာင္းဦးကာလအတြင္းျပဳလုပ္ေလ့ရွိေသာ နိုင္ငံတြင္း စစ္ေရးေလ့က်င့္ခန္းတစ္ခုကို မၾကာေသးမီရက္ပိုင္းအတြင္းက ျပဳလုပ္ခဲ့ေလသည္။ အဆိုပါေလ့က်င့္ခန္းအား “GROM 2019” ဟု အမည္ေပးထားၿပီး ႐ုရွားတပ္မေတာ္၏ ၾကည္း၊ ေရ၊ ေလ တပ္ဖြဲ႕ႀကီးသုံးခုႏွင့္အတူ မဟာဗ်ဴဟာတပ္ဖြဲ႕မ်ား၊ န်ဴကလီးယားတိုက္ခိုက္ေရးတပ္ဖြဲ႕မ်ားလည္း ပါဝင္ေလ့က်င့္ခဲ့ၾကသည္။ ၂၀၁၈ ခုႏွစ္အတြင္းကလည္း ယခုကဲ့သို႔အခ်ိန္တြင္ ႀကီးမားလွေသာ “Zapad 2018” အား ေလ့က်င့္ခဲ့ၿပီး ယခု ၂၀၁၉ ခုႏွစ္၏ GROM ေလ့က်င့္ခန္းမွာ ရက္အနည္းငယ္သာ ၾကာျမင့္ခဲ့ေၾကာင္းသိရသည္။

ေလ့က်င့္ခန္းတြင္ ႐ုရွားတပ္မေတာ္၏ လက္နက္သစ္အမ်ားအျပားအား စမ္းသပ္အသုံးျပဳခဲ့သည္ကိုလည္း သတင္းဌာနမ်ားတြင္ေဖာ္ျပထားသည္။ ယခုေလ့က်င့္ခန္းတြင္ ႐ုရွားတပ္မေတာ္ တပ္ဖြဲ႕ဝင္ေပါင္း ၁၂၀၀၀ ပါဝင္ေလ့က်င့္ခဲ့ၿပီး အႀကီးအမွူးအျဖစ္ သမၼတ ဗလာဒီမာ ပူတင္မွ ဦးေဆာင္ခဲ့သည္။ ေလတပ္ႏွင့္ ေရတပ္မ်ားမွ တိုက္ေလယာဥ္ႏွင့္ ဗုံးၾကဲေလယာဥ္မ်ားအပါအဝင္ ေလယာဥ္ (၁၀၅) စီးပါဝင္ခဲ့သည္။ ေရတပ္မွ စစ္သေဘၤာ (၁၅) စီးႏွင့္ ေရငုပ္သေဘၤာ (၅) စီးတို႔ပါဝင္ေလ့က်င့္ခဲ့ၿပီး အျခားအထူးစစ္ဆင္ေရးတပ္ဖြဲ႕မ်ားလည္း ပါဝင္ခဲ့သည္။

ေလ့က်င့္ခန္းတြင္ ဒုံးပ်ံလက္နက္ (၂၁၃) စင္း ပစ္ခတ္ခဲ့ၿပီး မဟာဗ်ဴဟာေျမာက္ ခ႐ုဇ္ဒုံးပ်ံမ်ား ႏွင့္ တိုက္ခ်င္းပစ္ဒုံးပ်ံမ်ား ပါဝင္သည္။ ေလတပ္မွ Kh-101 မဟာဗ်ဴဟာေျမာက္ ခ႐ုဇ္ဒုံးပ်ံမ်ားအား ဗုံးၾကဲေလယာဥ္မ်ားမွ ပစ္လႊတ္ခဲ့သည္။ ေျမျပင္ဒုံးပ်ံတပ္ဖြဲ႕မွ Isklander ယာဥ္တင္ဒုံးပ်ံစနစ္မွ တစ္ဆင့္ ခ႐ုဇ္ဒုံးပ်ံမ်ားပစ္လႊတ္ခဲ့သည္။ ထို႔အျပင္ Plesetsk ဒုံးပစ္လႊတ္စင္မွ “Yars” အမ်ိဳးအစားတိုက္ခ်င္းပစ္ဒုံးပ်ံအား ပစ္လႊတ္ခဲ့သည္။

႐ုရွားေရတပ္ကလည္း ဖရီးဂိတ္စစ္သေဘၤာမ်ားေပၚမွ Kalibr အမ်ိဳးအစား ခ႐ုဇ္ဒုံးပ်ံမ်ားအား ပစ္ခတ္ခဲ့သည္။ ယခုေလ့က်င့္ခန္းတြင္ ႐ုရွားေရငုပ္သေဘၤာတပ္ဖြဲ႕၏ မ်ိဳးဆက္သစ္ ခ႐ုဇ္ဒုံးပ်ံတင္ေရငုပ္သေဘၤာ ျဖစ္ေသာ Severodvinsk ေရငုပ္သေဘၤာႀကီးမွ ခ႐ုဇ္ဒုံးပ်ံမ်ားအား ပထမဆုံးအႀကိမ္အျဖစ္ ေလ့က်င့္ခန္းတြင္ ပစ္ခတ္ျပခဲ့သည္။ ထို႔အျပင္ ႐ုရွားန်ဴကလီးယားေရငုပ္သေဘၤာတပ္ဖြဲ႕၏ Delta III အမ်ိဳးအစား တိုက္ခ်င္းပစ္ဒုံးပ်ံတင္ေရငုပ္သေဘၤာ Ryazan မွ R-29R တိုက္ခ်င္းပစ္ဒုံး ပ်ံအား ပစ္ခတ္ခဲ့သည္။ အျခား Delta IV ေရငုပ္သေဘၤာျဖစ္သည့္ Karelia မွလည္း R-29RMU Sineva တိုက္ခ်င္းပစ္ဒုံးပ်ံအားပစ္ခတ္ျပသခဲ့သည္။

ယခုေလ့က်င့္ခန္းတြင္ Delta III ေရငုပ္သေဘၤာႀကီး Ryazan မွ တိုက္ခ်င္းပစ္ဒုံးပ်ံတစ္စင္းသည္ လုပ္ေဆာင္မွုမွားယြင္းၿပီး ပစ္ခတ္သည့္ ႁပြန္အတြင္းညပ္ေနခဲ့သည္။ ထို႔ေၾကာင့္ ေရငုပ္သေဘၤာအဖြဲ႕သားမ်ားမွ ဆက္လက္ပစ္လႊတ္မည့္ ဒုံးပ်ံမ်ားအားဆိုင္းငံ့လိုက္ၿပီး အေျခစိုက္စခန္းသို႔ လွည့္ျပန္လာခဲ့သည္။ အဆိုပါ ျဖစ္ရပ္တစ္ခုမွလြဲ၍ အျခားျပသနာမ်ားမျဖစ္ပြားခဲ့ဘဲ “GROM 2019” ေလ့က်င့္ခန္းအား ေအာင္ျမင္စြာ ျပဳလုပ္နိုင္ခဲ့ေလသည္။

“GROM 2019” ေလ့က်င့္ခန္းသည္ ႐ုရွားတပ္မေတာ္၏ ႏွစ္စဥ္ျပဳလုပ္ေနက် အႀကီးစားမဟာဗ်ဴဟာေလ့က်င့္ခန္းတစ္ခုျဖစ္ၿပီး နိုင္ငံေတာ္သမၼတမွ ဦးစီးကာ ေလ့က်င့္ရျခင္းျဖစ္သည္။ ယခုႏွစ္ေလ့က်င့္ခန္းသည္ ၂၀၁၈ ခုႏွစ္၏ Zapad ႏွင့္ Vostok ေလ့က်င့္ခန္းမ်ားထက္ တပ္ဖြဲ႕ဝင္အင္အားနည္းပါးေသာ္လည္း ထိေရာက္ေသာ ေလ့က်င့္ခန္းတစ္ခု ျဖစ္ခဲ့သည္ဟု သုံးသပ္ထားၾကပါသည္။

ဇြဲထြဋ္ဦး

Leave a Reply