အတိုင္ပင္ခံပုဂၢိဳလ္ ခရီးစဥ္ ဆႏၵျပသည္​့ ေဒသခံမ်ား ျပန္လႊတ္

0
59

အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ် ဆန္ဒပြသည့် ဒေသခံများ ပြန်လွှတ်

နိုဝင်ဘာ ၉
နိုင်လင်းဦး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ်မြို့ ခရီးစဉ်တွင် ဆန္ဒပြသည့်အတွက် ဖမ်းဆီးခံခဲ့ရသည့် မိုးကုတ် ဒေသခံများ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည် ။

ဆန္ဒပြသည့်အတွက် ဖမ်းဆီးခံခဲ့ရသူများကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီကျော်အချိန်မှာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ညနေပိုင်းအချိန်တွင် ပြနါလည်လွှတ်ပေးခဲ့ခြင်းဖြစ်သည် ။

ဆန္ဒပြရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် မိုးကုတ်ဒေသခံများတွေ့ဆုံခွင့်ရရှိရေး၊ ကျောက်မျက်လုပ်ကွက်များ တရားမျှတစွာချထားပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်ပါစေ စသည့် ဆိုင်းဘုတ်များကိုင်၍ မိုးကုတ်မြို့ မင်းတံတားထိပ်တွင် ငြိမ်းချမ်းစွာရပ်တန့်ဆန္ဒပြကြခြင်းဖြစ်သည် ။

“ဒေါ်အောင်ဆန်းစုကြည် ပြန်သွားတဲ့အချိန်လောက်မှာ ပြန်လွှတ်ပေးတာလို့ ပြောလို့ရတယ်။ သူတို့က ဖမ်းဝရမ်းလည်းမပါဘူး။ အလုဟာက ဒေါ်အောင်ဆန်းစုကြည် အလာမှာ အချိန်ကိုက်လုပ်တာပါ။ ရဲလုပ်ထုံးလုပ်နည်းကို ဆန့်ကျင်တာပါ´´ ဟု ဖမ်းဆီးခံရသည့် ဦးစိုးေဋ္ဌး က ပြောသည် ။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၉ ရက်နေ့ က မိုးကုတ်မြို့သို့ လာရောက်ပြီး မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိသာမဏေကျော်ကျောင်းတိုက် ရှင် (၁၀၀၀) ဗိမ္မာန်တော်အား ဖွင့်လှစ်ပေးခဲ့သည် ။

_____________________________________

(Zawgyi)

အတိုင္ပင္ခံပုဂၢိဳလ္ ခရီးစဥ္ ဆႏၵျပသည္​့ ေဒသခံမ်ား ျပန္လႊတ္

ႏိုဝင္ဘာ ၉
ႏိုင္လင္းဦး

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ မိုးကုတ္ၿမိဳ႕ ခရီးစဥ္တြင္ ဆႏၵျပသည့္အတြက္ ဖမ္းဆီးခံခဲ့ရသည့္ မိုးကုတ္ ေဒသခံမ်ား ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း သိရသည္ ။

ဆႏၵျပသည့္အတြက္ ဖမ္းဆီးခံခဲ့ရသူမ်ားကို ရဲတပ္ဖြဲ႕က ႏိုဝင္ဘာလ ၉ ရက္ေန႔ ေန႔လည္ ၁၁ နာရီေက်ာ္အခ်ိန္မွာ ဖမ္းဆီးေခၚေဆာင္ သြားခဲ့ၿပီး ညေနပိုင္းအခ်ိန္တြင္ ျပနါလည္လႊတ္ေပးခဲ့ျခင္းျဖစ္သည္ ။

ဆႏၵျပရာတြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ႏွင့္ မိုးကုတ္ေဒသခံမ်ားေတြ႕ဆံုခြင့္ရရွိေရး၊ ေက်ာက္မ်က္လုပ္ကြက္မ်ား တရားမွ်တစြာခ်ထားေပးေရး၊ ၂၀၀၈ ဖြဲ႕စည္းပံုျပင္ဆင္ေရး ေအာင္ျမင္ပါေစ စသည့္ ဆိုင္းဘုတ္မ်ားကိုင္၍ မိုးကုတ္ၿမိဳ႕ မင္းတံတားထိပ္တြင္ ၿငိမ္းခ်မ္းစြာရပ္တန္႔ဆႏၵျပၾကျခင္းျဖစ္သည္ ။

“ေဒၚေအာင္ဆန္းစုၾကည္ ျပန္သြားတဲ့အခ်ိန္ေလာက္မွာ ျပန္လႊတ္ေပးတာလို႔ ေျပာလို႔ရတယ္။ သူတို႔က ဖမ္းဝရမ္းလည္းမပါဘူး။ အလုဟာက ေဒၚေအာင္ဆန္းစုၾကည္ အလာမွာ အခ်ိန္ကိုက္လုပ္တာပါ။ ရဲလုပ္ထံုးလုပ္နည္းကို ဆန္႔က်င္တာပါ´´ ဟု ဖမ္းဆီးခံရသည့္ ဦးစိုးေ႒း က ေျပာသည္ ။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ႏိုဝင္ဘာလ ၉ ရက္ေန႔ က မိုးကုတ္ၿမိဳ႕သို႔ လာေရာက္ၿပီး မိုးကုတ္ၿမိဳ႕ ေညာင္သံုးပင္ပရိယတၱိသာမေဏေက်ာ္ေက်ာင္းတိုက္ ရွင္ (၁၀၀၀) ဗိမၼာန္ေတာ္အား ဖြင့္လွစ္ေပးခဲ့သည္ ။

Leave a Reply