ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ခရီးစဥ္တြင္ ဆႏၵျပသည့္ ေဒသခံမ်ား ဖမ္းဆီးခံရ

0
60

ႏိုဝင္ဘာ ၉
ႏိုင္လင္းဦး

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ မိုးကုတ္ၿမိဳ႕ ခရီးစဥ္တြင္ ဆႏၵျပသည့္ မိုးကုတ္ ေဒသခံမ်ားအား ရဲတပ္ဖြဲ႕က ႏိုဝင္ဘာလ ၉ ရက္ေန႔ ေန႔လည္ ၁၁ နာရီေက်ာ္အခ်ိန္မွာ ဖမ္းဆီးေခၚေဆာင္ သြားသည္ဟု သိရသည္။

ဆႏၵျပရာတြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ႏွင့္ မိုးကုတ္ေဒသခံမ်ားေတြ႕ဆံုခြင့္ရရွိေရး၊ ေက်ာက္မ်က္လုပ္ကြက္မ်ား တရားမွ်တစြာခ်ထားေပးေရး၊ ၂၀၀၈ ဖြဲ႕စည္းပံုျပင္ဆင္ေရး ေအာင္ျမင္ပါေစ စသည့္ ဆိုင္းဘုတ္မ်ားကိုင္၍ မိုးကုတ္ၿမိဳ႕ မင္းတံတားထိပ္တြင္ ၿငိမ္းခ်မ္းစြာရပ္တန္႔ဆႏၵျပၾကျခင္း ျဖစ္သည္။

“ကြ်န္ေတာ့ကို အရင္အမႈေဟာင္းနဲ႔ ဖမ္းတာလို႔ ​ေျပာပါတယ္။ တရားမွ်တမႈရေအာင္လုပ္တာ အၾကမ္းဖက္လုပ္ရပ္တဲ့လား။ ခုလိုဖမ္းတာက ရဲတပ္ဖြဲ႕ရဲ႕ အၾကမ္းဖက္လုပ္ရပ္ပဲ။ ႏိုင္ငံေတာ္အတိုင္ပင္ခံကို ႀကိဳဆိုတာ အၾကမ္းဖက္လုပ္ရပ္တဲ့လား”ဖမ္းဆီးခံရသည့္ ဦးစိုးေ႒းက ေျပာသည္။

ဖမ္းဆီးခံရသူမ်ားတြင္ ဦးစိုးေ႒း အပါအဝင္ (၆) ဦးကို ဖမ္းဆီးသြားျခင္းျဖစ္ၿပီး ရဲတပ္ဖြဲ႕အေနျဖင့္ တိက်သည့္ သတင္းထုတ္ျပန္မႈ မရွိေသးေပ။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ႏိုဝင္ဘာလ ၉ ရက္ေန႔ က မိုးကုတ္ၿမိဳ႕သို႔ လာေရာက္ၿပီး မိုးကုတ္ၿမိဳ႕ ေညာင္သံုးပင္ပရိယတၱိသာမေဏေက်ာ္ေက်ာင္းတိုက္ ရွင္ (၁၀၀၀) ဗိမၼာန္ေတာ္အား ဖြင့္လွစ္ေပးခဲ့သည္ ။

Unicode

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်တွင် ဆန္ဒပြသည့် ဒေသခံများ ဖမ်းဆီးခံရ

နိုဝင်ဘာ ၉
နိုင်လင်းဦး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ်မြို့ ခရီးစဉ်တွင် ဆန္ဒပြသည့် မိုးကုတ် ဒေသခံများအား ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီကျော်အချိန်မှာ ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု သိရသည်။

ဆန္ဒပြရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် မိုးကုတ်ဒေသခံများတွေ့ဆုံခွင့်ရရှိရေး၊ ကျောက်မျက်လုပ်ကွက်များ တရားမျှတစွာချထားပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်ပါစေ စသည့် ဆိုင်းဘုတ်များကိုင်၍ မိုးကုတ်မြို့ မင်းတံတားထိပ်တွင် ငြိမ်းချမ်းစွာရပ်တန့်ဆန္ဒပြကြခြင်း ဖြစ်သည်။

“ကျွန်တော့ကို အရင်အမှုဟောင်းနဲ့ ဖမ်းတာလို့ ပြောပါတယ်။ တရားမျှတမှုရအောင်လုပ်တာ အကြမ်းဖက်လုပ်ရပ်တဲ့လား။ ခုလိုဖမ်းတာက ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်ပဲ။ နိုင်ငံတော်အတိုင်ပင်ခံကို ကြိုဆိုတာ အကြမ်းဖက်လုပ်ရပ်တဲ့လား”ဖမ်းဆီးခံရသည့် ဦးစိုးဋ္ဌေးက ပြောသည်။

ဖမ်းဆီးခံရသူများတွင် ဦးစိုးဋ္ဌေး အပါအဝင် (၆) ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့အနေဖြင့် တိကျသည့် သတင်းထုတ်ပြန်မှု မရှိသေးပေ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၉ ရက်နေ့ က မိုးကုတ်မြို့သို့ လာရောက်ပြီး မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိသာမဏေကျော်ကျောင်းတိုက် ရှင် (၁၀၀၀) ဗိမ္မာန်တော်အား ဖွင့်လှစ်ပေးခဲ့သည် ။

Leave a Reply