
0
7

နိုဝင်ဘာ ၉
ပဉ္စမလှိုင်း

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်(၂)ရှိ World Jin အထည်ချုပ်စက်ရုံ အလုပ်သမားများ လူမှုဖူလုံရေးနှင့်ပတ်သက်ပြီး ဥပဒေပါအခွင့်အရေးရရှိနိုင်ရန် အောက်တိုဘာလ ၇ရက်နေ့က စတင်ပြီး စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော်တောင်းဆို နေကြသည်။

လူမှုဖူလုံရေး ထည့်ဝင်ကြေးငွေများပေးသွင်းထားသော်လည်း ဆေးကုသခံယူခွင့်နှင့် အကျိုးခံစားခွင့်များ မရရှိသည့်အတွက် အချက်(၁၃)ချက်ကို ကြွေးကြော်ကာ တောင်းဆိုနေကြသည်။

လစဉ် လူမှုဖူလုံရေးအတွက် ၅ရာခိုင်နှုန်းကို ပေးဆောင်ရပြီး အလုပ်သမားက ၃ရာခိုင်နှုန်း အလုပ်ရှင်က ၂ရာခိုင်နှုန်းပေးဆောင်ရကြောင်း၊ အလုပ်ရှင်ဘက်က လူမှုဖူလုံကြေးကို အလုပ်သမားများထံက လစဉ်ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

ဓာတ္ပံု- Mar Naw/MPA

ရွှေပြည်သာမြို့နယ် အထည်ချုပ်စက်ရုံ အလုပ်သမားလူမှုဖူလုံရေးအပြည့်အဝရရှိရေး ဆန္ဒပြတောင်းဆို

Leave a Reply