AA ဖမ္​းဆီးခံ NLD အမတ္​ကိစၥ အ​ေလးထား​ေဆာင္​ရြက္​​ေန ဟုဆို

0
61

AA ဖမ်းဆီးခံ NLD အမတ်ကိစ္စ အလေးထားဆောင်ရွက်နေ ဟုဆို

နိုဝင်ဘာ ၈
ယဉ်ကေနွယ်

AAအဖွဲ့၏ဖမ်းဆီးခံထားရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကိစ္စကို လွှတ်တော်ဘက်က အန္တရာယ်မဖြစ်စေရန် အလေးထားစောင့်ကြည့်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကဦးထွန်းထွန်းဟိန်က ပြောကြားလိုက်သည်။

“အဖက်ဖက်ကစဉ်းစားရပါတယ်.သူ့ရဲ့တာဝန်တွေကိုစဉ်းစားရသလို၊သူ့ရဲ့လုံခြုံရေးကိုလည်းစဉ်းစားရပါတယ်။ဒီလိုစဉ်းစားတဲ့အခါကျတော့ အန်ကယ်တို့ဖက်ကတစ်ခုခုအမှားအယွင်းဖြစ်သွားလို့ သူ့အတွက်အန္တရာယ်ဖြစ် သွားမှာလည်းစိုးရိမ်ပါတယ်။အန်ကယ်တို့ သေချာစောင့်ပြီး သတိထားကြည့်နေပါတယ်။ သူ့ရဲ့ အသက်အန္တ ရာယ် ကိုလည်း အန် ကယ်တို့ ပူပါတယ်။ အလေးထားပြီး အန်ကယ်တို့ ဆောင်ရွက်နေတယ်။ အထူးသဖြင့် အန်ကယ်တို့ဘက် က အမှား အ ယွင်းကြောင့် တစ်ခုခုဖြစ်သွားမှာလည်း စိုးရိမ်ပါတယ် ” ဟု ဦးထွန်း ထွန်းဟိန် ကပြောသည်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးထွန်းထွန်းဟိန် မှ အထက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လွှတ်တော်အနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် အတွက် ကိုယ်စားလှယ်ထိခိုက်နစ်နာသွားမည့် ကိ စ္စများမပြုလုပ်မိစေရန် သတိထားစောင့်ကြည့်နေကြောင်းသိရသည်။

ထို့အတူ ၎င်း တို့သည် ဥပဒေအဖွဲ့အစည်းက ဖြစ်သည့်အတွက် ဥပဒေကို ချိုးဖောက်၍ မရကြောင်း ဦးထွန်းထွန်းဟိန် ကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ဦးဝှေ့တင်းအပါအဝင် (၁၀)ဦးသည် ကို AA အဖွဲ့မှ ဖမ်းဆီးထားခြင်းဖြစ်ရာ ထိုသို့ ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း အိန္ဒိယနိုင်ငံသားတစ်ဦးမှာ အမောဖောက်သေဆုံးခဲ့ ပြီးနိုဝင် ဘာ ၄ရက်တွင် ဦးဝှေ့တင်းမှလွဲ၍ ကျန်သည့်သူများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

_____________________________________

(Zawgyi)

AA ဖမ္​းဆီးခံ NLD အမတ္​ကိစၥ အ​ေလးထား​ေဆာင္​ရြက္​​ေန ဟုဆို

နို၀င္ဘာ ၈
ယဥ္ေကႏြယ္

AAအဖြဲ႕၏ဖမ္းဆီးခံထားရသည့္ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေ၀ွ႕တင္း ကိစၥကို လႊတ္ေတာ္ဘက္က အႏၱရာယ္မျဖစ္ေစရန္ အေလးထားေစာင့္ၾကည့္ေဆာင္ရြက္ေနေႀကာင္း ျပည္ေထာင္စုလႊတ္ေတာ္ ဒုတိယ နာယကဦးထြန္းထြန္းဟိန္က ေျပာႀကားလိုက္သည္။

“အဖက္ဖက္ကစဥ္းစားရပါတယ္.သူ႕ရဲ႕တာ၀န္ေတြကိုစဥ္းစားရသလို၊သူ႕ရဲ႕လုံျခဳံေရးကိုလည္းစဥ္းစားရပါတယ္။ဒီလိုစဥ္းစားတဲ့အခါက်ေတာ့ အန္ကယ္တို႕ဖက္ကတစ္ခုခုအမွားအယြင္းျဖစ္သြားလို႕ သူ႕အတြက္အႏၱရာယ္ျဖစ္ သြားမွာလည္းစိုးရိမ္ပါတယ္။အန္ကယ္တို႔ ေသခ်ာေစာင့္ၿပီး သတိထားၾကည့္ေနပါတယ္။ သူ႔ရဲ႕ အသက္အႏၱ ရာယ္ ကိုလည္း အန္ ကယ္တို႔ ပူပါတယ္။ အေလးထားၿပီး အန္ကယ္တို႔ ေဆာင္ရြက္ေနတယ္။ အထူးသျဖင့္ အန္ကယ္တို႔ဘက္ က အမွား အ ယြင္းေၾကာင့္ တစ္ခုခုျဖစ္သြားမွာလည္း စိုးရိမ္ပါတယ္ ” ဟု ဦးထြန္း ထြန္းဟိန္ ကေျပာသည္။

ယေန႔ က်င္းပျပဳလုပ္ခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀း ေခတၱနားခ်ိန္တြင္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈကို ဦးထြန္းထြန္းဟိန္ မွ အထက္ပါ အတိုင္းျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ လႊတ္ေတာ္အေနျဖင့္လည္း လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သည့္ အတြက္ ကိုယ္စားလွယ္ထိခုိက္နစ္နာသြားမည့္ ကိ စၥမ်ားမျပဳလုပ္မိေစရန္ သတိထားေစာင့္ၾကည့္ေနေႀကာင္းသိရသည္။

ထို႔အတူ ၎ တို႔သည္ ဥပေဒအဖြဲ႔အစည္းက ျဖစ္သည့္အတြက္ ဥပေဒကို ခ်ိဳးေဖာက္၍ မရေၾကာင္း ဦးထြန္းထြန္းဟိန္ ကေျပာသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၃ ရက္ေန႔က ဦးေ၀ွ႔တင္းအပါအ၀င္ (၁၀)ဦးသည္ ကို AA အဖြဲ႔မွ ဖမ္းဆီးထားျခင္းျဖစ္ရာ ထိုသို႔ ဖမ္းဆီးစစ္ေဆးေနစဥ္အတြင္း အိႏၵိယႏုိင္ငံသားတစ္ဦးမွာ အေမာေဖာက္ေသဆံုးခဲ့ ၿပီးနို၀င္ ဘာ ၄ရက္တြင္ ဦးေ၀ွ႕တင္းမွလြဲ၍ က်န္သည့္သူမ်ားကို လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

Leave a Reply