အ​ေႂကြးကို ဘုရင္​က ယူၿပီး ျပည္​သူမ်ား ျပန္​ဆပ္​၍မဆံုး မျဖစ္​ရန္​လို ဟု တပ္​မ​ေတာ္သားလႊတ္​​ေတာ္​ကိုယ္​စားလွယ္​​ေျပာ

0
58

အကြွေးကို ဘုရင်က ယူပြီး ပြည်သူများ ပြန်ဆပ်၍မဆုံး မဖြစ်ရန်လို ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပြော

နိုဝင်ဘာ ၈
ယဉ်ကေနွယ်

နိုင်ငံတော်တည်ဆောက်ရန်အတွက် လိုအပ်၍ ချေးယူသော်လည်း နောင်ကာလတွင်အကြွေးပင်လယ်တွင် နိုင်ငံတော်မနစ်မြှုုပ်စေရန်သတိထားရမည်ဖြစ်ပြီး အကြွေး တင်ရင်ရှင်ဘုရင်ကဆပ်မဟုတ်ဘဲ ဘုရင်က အကြွေးယူပြီးပြည်သူပြည်သား ကဆပ်၍မဆုံးမဖြစ်ရန် လိုအပ် ကြောင်း တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးနိုင်မြင့်ကပြောသည်။

“အကြွေးတင်ရင်ရှင်ဘုရင်ကဆပ်မဟုတ်ဘဲ ဘုရင်က အကြွေးယူပြီးပြည်သူပြည်သား ကဆပ်လို့မဆုံးမဖြစ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို သီအိုရီအရမဟုတ်လက်တွေ့ဘဝမှာစီးပွားရေးဖွံ့ဖြိုးမှု ဆက်တိုက် ကျဆင်းနေသောနိုင်ငံအဖို့နိုင်ငံတကာချေးငွေနဲ့တိုးတက်အောင်လုပ်ဆောင်ရမှာသဘာဝကျလက်ခံပေမယ့် ဒီချေးငွေကိုဘယ်လိုသုံးစွဲမလဲဆိုတဲ့ဘက်ဂျက် Location ကအရေးကြီးပါတယ်.” ဟု ဗိုလ်မှူးနိုင်မြင့် ကပြော သည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာ ရေးလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ြ့ဖိုး ရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဗိုလ်မှူးမြင့်နိုင် ကအထက်ပါအတိုင်းထည့်သွင်း့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ ဆယ်စုနှစ်တစ်ခုအတွင်းဆက်တိုက်ဘက်ဂျက်လိုငွေပြနေခြင်း၊ လိုငွေဖြည့်တင်းရေးမူဝါဒ ခိုင် မာတောင့်တင်းမှုမရှိခြင်းတို့ဖြစ်ပေါ်နေသည့် နိုင်ငံအတွက် နိုင်ငံခြားချေးငွေကိုသတိထားချေးယုူရ မည်ဖြစ် ကြောင်း ဗိုလ်မှူးမြင့်နိုင်က ထောက်ပြပြောဆိုခဲ့သည်။

ထို့အတူ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားချေးငွေ ၂၂၁၃ဒသမ၃၃၅ဘီလီယံဖြင့် အများဆုံးချေးငွေစံချိန် ဖြစ် သည်ကို လည်းထည့်သွင်းတွက်ချက်ရမည်ဖြစ်ကြောင်းဗိုလ်မှူးနိုင်မြင့် ကပြောသည်။
ရန် လိုအပ်ကြောင်းဗိုလ်မှူးနိုင်မြင့်ကဆက်လက်ပြောသည်။

မူရင်းကောင်းမှမိတ္တူကောင်းမည်ဆိုသကဲ့သို့ရပ်ဝေးဒေသများတွင်သွားရောက်တာဝန်ထမ်းဆောင်နေရသော ဆရာဆရာမများ၊ကျောင်းတွင်ပျော်၍ စာသင်တော်စေရန် ၎င်းတို့၏စားဝတ်နေရေး ၊ သွားလာနေထိုင် ရေးကအစ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းဗိုလ်မှူးနိုင်မြင့်ကပြောသည်။

ဆရာဆရာမများ၏သင်ကြားမှုအရည်အသွေးတိုးတက်မြင့်မားစေရန်ဆောင်ရွက်ပေးမှသာ သင်ကြားခံရသော ကလေးများ၏ပညာရေးကိုလည်း မြှင့်တင်ပေးရာရောက်မယ်ဆိုတာအသေအချာဖြစ်ကြောင်း၎င်းကပြောသည်။

ယခုလက်ရှိ ပညာရေးဝန်ကြီးဌာန၏ ချေးငွေသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံ မှုဖြစ်၍ မူအားဖြင့်ထောက်ခံ သော်လည်း ယခုလိုဘက်ဂျက်လိုငွေစံချိန်တင်နေသည့် အချိန်၊တိုင်းပြည်စီးပွား ရေး ကျ ဆင်းနေချိန်တွင် မဖြစ်မနေချေးငှားရခြင်းဖြစ်သောကြောင့် ချေးငွေကိုမလိုလားအပ်သည့် သုံးစွဲမှု ၊စီမံခန့်ခွဲမှုအမှားများ မဖြစ်စေဘဲ အကျိုးရှိရှိထိထိရောက်ရောက် သုံးစွဲရန် အကြံပြု ဆွေးနွေးခဲ့သည်။

ထို့ပြင် တိုင်းရင်းသားများ၏ ဒေသဘာသာစကားသင်ကြားနိုင်ရေးများအပိုင်းတွင်တိုင်းရင်းသားဒေသများပါ သင့်တင့်မျှတစွာ ခွဲဝေသုံးစွဲနိုင် ရေးစီမံဆောင်ရွက်သင့်ကြောင်းဗိုလ်မှူးနိုင်မြင့်က အကြံပြုဆွေးနွေးခဲ့သည်။

#TheFifthWave

______________________________________

(Zawgyi)

အ​ေႂကြးကို ဘုရင္​က ယူၿပီး ျပည္​သူမ်ား ျပန္​ဆပ္​၍မဆံုး မျဖစ္​ရန္​လို ဟု တပ္​မ​ေတာ္သားလႊတ္​​ေတာ္​ကိုယ္​စားလွယ္​​ေျပာ

နို၀င္ဘာ ၈
ယဥ္ေကႏြယ္

နုိင္ငံေတာ္တည္ေဆာက္ရန္အတြက္ လိုအပ္၍ ေခ်းယူေသာ္လည္း ေနာင္ကာလတြင္အေႀကြးပင္လယ္တြင္ နုိင္ငံေတာ္မနစ္ျမွုဳပ္ေစရန္သတိထားရမည္ျဖစ္ျပီး အေႀကြး တင္ရင္ရွင္ဘုရင္ကဆပ္မဟုတ္ဘဲ ဘုရင္က အေႀကြးယူျပီးျပည္သူျပည္သား ကဆပ္၍မဆုံးမျဖစ္ရန္ လိုအပ္ ေႀကာင္း တပ္မေတာ္သားအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဗုိလ္မွဴးနိုင္ျမင့္ကေျပာသည္။

“အေႀကြးတင္ရင္ရွင္ဘုရင္ကဆပ္မဟုတ္ဘဲ ဘုရင္က အေႀကြးယူျပီးျပည္သူျပည္သား ကဆပ္လို႕မဆုံးမျဖစ္ဖို႕ လိုအပ္ပါတယ္။ က်ြန္ေတာ္တို႕နိုင္ငံလို သီအိုရီအရမဟုတ္လက္ေတြ႕ဘ၀မွာစီးပြားေရးဖံြ႕ျဖိဳးမႈ ဆက္တိုက္ က်ဆင္းေနေသာနိုင္ငံအဖို႕နိုင္ငံတကာေခ်းေငြနဲ႕တိုးတက္ေအာင္လုပ္ေဆာင္ရမွာသဘာ၀က်လက္ခံေပမယ့္ ဒီေခ်းေငြကိုဘယ္လိုသုံးစြဲမလဲဆိုတဲ့ဘက္ဂ်က္ Location ကအေရးႀကီးပါတယ္.” ဟု ဗိုလ္မွဴးနိုင္ျမင့္ ကေျပာ သည္။

ယေန႔ က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝးတြင္ နိုင္ငံေတာ္သမၼတထံမွေပးပို႕ထားေသာ ပညာေရး၀န္ႀကီးဌာနက လူတိုင္းအက်ဳံး၀င္ အရည္အေသြးမီ ပညာ ေရးလုပ္ငန္းအစီအစဥ္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္အတြက္ ကမၻာ့ဘဏ္၏ အျပည္ျပည္ဆိုင္ရာ ဖြံ႕ျ့ဖိဳး ေရးအဖြဲ႕ (IDA) ထံမွ အေမရိကန္ေဒၚလာ သန္း ၁၀၀ေခ်းေငြရယူေရးကိစၥနွင့္စပ္လ်ဥ္း၍ ေဆြးေနြးရာတြင္ ဗိုလ္မႉးျမင့္နိုင္ ကအထက္ပါအတိုင္းထည့္သြင္း႕ေျပာႀကားခဲ့ျခင္းျဖစ္သည္။

ျမန္မာနိုင္ငံကဲ့သို႕ ဆယ္စုနွစ္တစ္ခုအတြင္းဆက္တိုက္ဘက္ဂ်က္လိုေငြျပေနျခင္း၊ လိုေငြျဖည့္တင္းေရးမူ၀ါဒ ခိုင္ မာေတာင့္တင္းမႈမရွိျခင္းတို႕ျဖစ္ေပၚေနသည့္ နုိင္ငံအတြက္ နုိင္ငံျခားေခ်းေငြကိုသတိထားေခ်းယုူရ မည္ျဖစ္ ေႀကာင္း ဗိုလ္မႉးျမင့္နိုင္က ေထာက္ျပေျပာဆိုခဲ့သည္။

ထို႕အတူ ၂၀၁၈-၂၀၁၉ဘ႑ာနွစ္အတြင္း နုိင္ငံျခားေခ်းေငြ ၂၂၁၃ဒသမ၃၃၅ဘီလီယံျဖင့္ အမ်ားဆုံးေခ်းေငြစံခ်ိန္ ျဖစ္ သည္ကို လည္းထည့္သြင္းတြက္ခ်က္ရမည္ျဖစ္ေႀကာင္းဗိုလ္မွဴးနိုင္ျမင့္ ကေျပာသည္။
ရန္ လိုအပ္ေႀကာင္းဗိုလ္မွဴးနိုင္ျမင့္ကဆက္လက္ေျပာသည္။

မူရင္းေကာင္းမွမိတၱဴေကာင္းမည္ဆိုသကဲ့သို႕ရပ္ေ၀းေဒသမ်ားတြင္သြားေရာက္တာ၀န္ထမ္းေဆာင္ေနရေသာ ဆရာဆရာမမ်ား၊ေက်ာင္းတြင္ေပ်ာ္၍ စာသင္ေတာ္ေစရန္ ၎တို႕၏စား၀တ္ေနေရး ၊ သြားလာေနထိုင္ ေရးကအစ အဆင္ေျပေအာင္ ေဆာင္ရြက္ေပးရန္လိုအပ္ေႀကာင္းဗိုလ္မွဴးနိုင္ျမင့္ကေျပာသည္။

ဆရာဆရာမမ်ား၏သင္ႀကားမႈအရည္အေသြးတိုးတက္ျမင့္မားေစရန္ေဆာင္ရြက္ေပးမွသာ သင္ႀကားခံရေသာ ကေလးမ်ား၏ပညာေရးကိုလည္း ျမွင့္တင္ေပးရာေရာက္မယ္ဆိုတာအေသအခ်ာျဖစ္ေႀကာင္း၎ကေျပာသည္။

ယခုလက္ရွိ ပညာေရး၀န္ႀကီးဌာန၏ ေခ်းေငြသည္ လူ႕စြမ္းအားအရင္းအျမစ္ဖြံ႕ျဖိဳးတိုးတက္ေရးအတြက္ ရင္းနွီးျမွဳပ္နွံ မႈျဖစ္၍ မူအားျဖင့္ေထာက္ခံ ေသာ္လည္း ယခုလိုဘက္ဂ်က္လိုေငြစံခ်ိန္တင္ေနသည့္ အခ်ိန္၊တိုင္းျပည္စီးပြား ေရး က် ဆင္းေနခ်ိန္တြင္ မျဖစ္မေနေခ်းငွားရျခင္းျဖစ္ေသာေႀကာင့္ ေခ်းေငြကိုမလိုလားအပ္သည့္ သုံးစြဲမႈ ၊စီမံခန္႕ခြဲမႈအမွားမ်ား မျဖစ္ေစဘဲ အက်ိဳးရွိရွိထိထိေရာက္ေရာက္ သုံးစြဲရန္ အၾကံျပဳ ေဆြးေႏြးခဲ့သည္။

ထို႔ျပင္ တိုင္းရင္းသားမ်ား၏ ေဒသဘာသာစကားသင္ႀကားနုိင္ေရးမ်ားအပိုင္းတြင္တိုင္းရင္းသားေဒသမ်ားပါ သင့္တင့္မ်ွတစြာ ခြဲေ၀သုံးစြဲနိုင္ ေရးစီမံေဆာင္ရြက္သင့္ေႀကာင္းဗိုလ္မွဴးနိုင္ျမင့္က အႀကံျပဳေဆြးေႏြးခဲ့သည္။

#TheFifthWave

Leave a Reply