IORA အသင္း၀င္ဖို႔ ျမန္မာႏိုင္ငံရဲ႕ႀကိဳးပမ္းမႈ ဘဂၤလားေဒ့႐ွ္ေၾကာင့္ ပယ္ခ်ခံရ

0
10

IORA အသင်းဝင်ဖို့ မြန်မာနိုင်ငံရဲ့ကြိုးပမ်းမှု ဘင်္ဂလားဒေ့ရှ်ကြောင့် ပယ်ချခံရ

နိုဝင်ဘာ ၈
နိုင်ငံတကာသတင်း

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) တွေနေရပ်ပြန်ရေးကတိကဝတ်တွေအကောင်မဖော်သေးဘူးလို့ ပြောဆိုမှုတွေရှိနေချိန်မှာ အိန္ဒိယသမုဒ္ဒရာနှုတ်ခမ်းဝနိုင်ငံများအသင်း(IORA)အဖွဲ့ဝင်ဖြစ်ဖို့ မြန်မာနိုင်ငံကကြိုးစားမှု ငြင်းပယ်ခံခဲ့ရပါတယ်။

အခုနှစ်မှာ IORA အဖွဲ့ဝင်ဖြစ်ဖို့ မြန်မာနိုင်ငံကထပ်ပြီးလျှောက်ထားခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတချို့ကလည်း လျှောက်ထားမှုကို ထောက်ခံခဲ့ကြပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်တို့က အာရပ်စော်ဘွားများပြည်ထောင်စုမှာကျင်းပတဲ့ ၂၁ ကြိမ်မြောက် IORA အရာရှိကြီးများကောင်စီအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်လျှောက်ထားမှုကို ကန့်ကွက်ခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတာနဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေနေရပ်ပြန်ရေး ကတိကဝတ်တွေကင်းမဲ့နေတဲ့မြေပြင်အမှန်တရားက နောက်ဆုံးအကြိမ်တွေ့ဆုံမှုနောက်ပိုင်း ပြောင်းလဲသွားတာမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာထုတ်ပြန်ပါတယ်။

IORAပဋိညာဉ်စာချုပ်၊ အခြေခံမူများရဲ့ အပိုဒ် ၂ အရ အားလုံးသဘောတူညီမှုကိုအခြေခံပြီး အဆင့်တိုင်းကကိစ္စတိုင်းကို အရေးယူဆောင်ရွက်မှာဖြစ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့အတိုက်အခံလုပ်မှုကြောင့် မြန်မာနိုင်ငံရဲ့အဖွဲ့ဝင်လျှောက်ထားမှုကို ငြင်းပယ်ပြီး ရွှေ့ဆိုင်းလိုက်ပါတယ်။

အားလုံးရဲ့သဘောတူညီချက်အရ အီတလီနိုင်ငံကတော့ ကောင်စီအစည်းအဝေးမှာ ဆွေးနွေးဖက်နိုင်ငံအဖြစ်ပါဝင်ပါတယ်။

IORAဟာ အိန္ဒိသမုဒ္ဒရာတစ်ခွင်မှာရှိတဲ့ အာရှနဲ့အာဖရိကတိုက်တို့က နိုင်ငံ ၂၂ နိုင်ငံပါဝင်ဖွဲ့စည်းထားပြီး ကမ္ဘာ့GDPတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းရှိတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

Source-UNB

#ဥက္ကာ
#TheFifthWaveNews

_______________________________________

(Zawgyi)

IORA အသင္း၀င္ဖို႔ ျမန္မာႏိုင္ငံရဲ႕ႀကိဳးပမ္းမႈ ဘဂၤလားေဒ့႐ွ္ေၾကာင့္ ပယ္ခ်ခံရ

ႏို၀င္ဘာ ၈
ႏိုင္ငံတကာသတင္း

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) ေတြေနရပ္ျပန္ေရးကတိက၀တ္ေတြအေကာင္မေဖာ္ေသးဘူးလို႔ ေျပာဆိုမႈေတြ႐ွိေနခ်ိန္မွာ အိႏိၵယသမုဒၵရာႏႈတ္ခမ္း၀ႏိုင္ငံမ်ားအသင္း(IORA)အဖြဲ႔၀င္ျဖစ္ဖို႔ ျမန္မာႏိုင္ငံကႀကိဳးစားမႈ ျငင္းပယ္ခံခဲ့ရပါတယ္။

အခုႏွစ္မွာ IORA အဖြဲ႔၀င္ျဖစ္ဖို႔ ျမန္မာႏိုင္ငံကထပ္ၿပီးေလွ်ာက္ထားခဲ့ၿပီး အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံတခ်ိဳ႕ကလည္း ေလွ်ာက္ထားမႈကို ေထာက္ခံခဲ့ၾကပါတယ္။

ဒါေပမဲ့ ႏို၀င္ဘာ ၅ ရက္နဲ႔ ၆ ရက္တို႔က အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုမွာက်င္းပတဲ့ ၂၁ ႀကိမ္ေျမာက္ IORA အရာ႐ွိႀကီးမ်ားေကာင္စီအစည္းအေ၀းမွာ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက အဖြဲ႔၀င္ေလွ်ာက္ထားမႈကို ကန္႔ကြက္ခဲ့တာပါ။

ျမန္မာႏိုင္ငံရဲ႕ပူးေပါင္းေဆာင္႐ြက္မႈမ႐ွိတာနဲ႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြေနရပ္ျပန္ေရး ကတိက၀တ္ေတြကင္းမဲ့ေနတဲ့ေျမျပင္အမွန္တရားက ေနာက္ဆံုးအႀကိမ္ေတြ႕ဆံုမႈေနာက္ပိုင္း ေျပာင္းလဲသြားတာမ႐ွိဘူးလို႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ၾကာသပေတးေန႔မွာထုတ္ျပန္ပါတယ္။

IORAပဋိညာဥ္စာခ်ဳပ္၊ အေျခခံမူမ်ားရဲ႕ အပိုဒ္ ၂ အရ အားလံုးသေဘာတူညီမႈကိုအေျခခံၿပီး အဆင့္တိုင္းကကိစၥတိုင္းကို အေရးယူေဆာင္႐ြက္မွာျဖစ္လို႔ ဘဂၤလားေဒ့႐ွ္ရဲ႕အတိုက္အခံလုပ္မႈေၾကာင့္ ျမန္မာႏိုင္ငံရဲ႕အဖြဲ႔၀င္ေလွ်ာက္ထားမႈကို ျငင္းပယ္ၿပီး ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။

အားလံုးရဲ႕သေဘာတူညီခ်က္အရ အီတလီႏိုင္ငံကေတာ့ ေကာင္စီအစည္းအေ၀းမွာ ေဆြးေႏြးဖက္ႏိုင္ငံအျဖစ္ပါ၀င္ပါတယ္။

IORAဟာ အိႏၵိသမုဒၵရာတစ္ခြင္မွာ႐ွိတဲ့ အာ႐ွနဲ႔အာဖရိကတိုက္တို႔က ႏိုင္ငံ ၂၂ ႏိုင္ငံပါ၀င္ဖြဲ႔စည္းထားၿပီး ကမာၻ႔GDPတန္ဖိုးရဲ႕ ၁၀ ရာခိုင္ႏႈန္း႐ွိတဲ့အဖြဲ႔အစည္းျဖစ္ပါတယ္။

Source-UNB

#ဥကၠာ
#TheFifthWaveNews

Leave a Reply