အာရွႏိုင္ငံမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျမန္မာနိုင္ငံသို႔ တိုးျမႇင့္ ဝင္ေရာက္ရန္ ရိွေန

0
20

အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ တိုးမြှင့် ဝင်ရောက်ရန် ရှိနေ

နိုဝင်ဘာ ၈
ဝေဝေဖြိုး

တောင်ကိုရီးယားအပါအဝင် အာရှနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများ ယခုနှစ်အတွင်း တိုးမြှင့် ဝင်ရောက်ရန် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောသည်။

“ကိုရီးယား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဆိုပြုထားတဲ့ လုပ်ငန်းတွေ ရှိသလို လာစုံစမ်းတဲ့ လုပ်ငန်းတွေကလည်း တိုးတက်နေပါတယ်။
မလေးရှားက စီးပွားရေးလုပ်ငန်း သုံးမျိုးလုပ်ဖို့ ကျွန်တော်တို့ကို လာတိုင်ပင်ပါတယ်” ဟု ၎င်းကပြောသည်။

ကိုရီးယားနိုင်ငံက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်း တန်ဖိုးရှိသည့် ဟိုတယ်လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရန်အတွက် MIC သို့ တင်ပြရန် ရှိသည်ဟုဆိုသည်။

မလေးရှားနိုင်ငံမှ လာရောက်တိုင်ပင်ထားသည့် စီးပွားရေးလုပ်ငန်း ၃ ခုသည် မြစ်ကြောင်းမှ ပြေးဆွဲမည့် လုပ်ငန်းတစ်ခု ၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လုပ်ဆောင်မည့် စက်မှု မြို့တော်တစ်ခု နှင့် လူနေအိမ်ရာများ တည်ဆောက်သည့် လုပ်ငန်းများကို လုပ်ဆောင်ရန် လာရောက် ဆွေးနွေးထားသည်ဟုဆိုသည်။

“ဆွေးနွေးတာတွေကတော့ ၁ ရက်ကို ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင် အယောက် ၂၀ လောက် ရှိတယ်။ သူတို့အနေနဲ့ ပြန်လာလုပ်ခြင်း၊ မလုပ်ခြင်းကတော့ သူတို့ရဲ့ သဘောထား ဖြစ်ပါတယ်။ လုပ်လာအောင်လို့ ဆွဲဆောင်တာတော့ ကျွန်တော်တို့က လုပ်ရမယ်”ဟု ဦးသန့်စင်လွင်က ပြောသည်။

အာရှနိုင်ငံများမှ လုပ်ငန်းရှင်များသည် ဟိုတယ်လုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ မော်တော်ကားလုပ်ငန်းများ၊ စက်မှုဇုန် လုပ်ငန်းများ နှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ရန် စိတ်ဝင်စားကြကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံသို့ ဝင်ရောက်ထားသည့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၇၃၆ ဘီလီယံ ဝင်ရောက်ထားပြီး အများဆုံး ဝင်ရောက်ထားသည့် နိုင်ငံမှာ စင်ကာပူနိုင်ငံ ဖြစ်ကြောင်း DICA စာရင်းများအရ သိရသည်။

______________________________________

(Zawgyi)

အာရွႏိုင္ငံမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျမန္မာနိုင္ငံသို႔ တိုးျမႇင့္ ဝင္ေရာက္ရန္ ရိွေန

နိုဝင္ဘာ ၈
ေဝေဝၿဖိဳး

ေတာင္ကိုရီးယားအပါအဝင္ အာရွႏိုင္ငံမ်ားမွ ရင္းႏွီးျမဳပ္ႏွံမႈမ်ား ယခုႏွစ္အတြင္း တိုးျမႇင့္ ဝင္ေရာက္ရန္ ရိွေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာန (DICA)မွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန႔္စင္လြင္ကေျပာသည္။

“ကိုရီးယား ရင္းႏွီးျမႇဳပ္ႏွံသူေတြအေနနဲ႔ အဆိုျပဳထားတဲ့ လုပ္ငန္းေတြ ရိွသလို လာစံုစမ္းတဲ့ လုပ္ငန္းေတြကလည္း တိုးတက္ေနပါတယ္။
မေလးရွားက စီးပြားေရးလုပ္ငန္း သုံးမ်ိဳးလုပ္ဖို႔ ကၽြန္ေတာ္တို႔ကို လာတိုင္ပင္ပါတယ္” ဟု ၎ကေျပာသည္။

ကိုရီးယားနိုင္ငံက ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္း ၿမိဳ႔နယ္တြင္ အေမရိကန္ေဒၚလာ ၅ ဒသမ ၅ သန္း တန္ဖိုးရိွသည့္ ဟိုတယ္လုပ္ငန္းတစ္ခုကို လုပ္ေဆာင္ရန္အတြက္ MIC သို႔ တင္ျပရန္ ရိွသည္ဟုဆိုသည္။

မေလးရွားနိုင္ငံမွ လာေရာက္တိုင္ပင္ထားသည့္ စီးပြားေရးလုပ္ငန္း ၃ ခုသည္ ျမစ္ေၾကာင္းမွ ေျပးဆြဲမည့္ လုပ္ငန္းတစ္ခု ၊ ျမန္မာႏိုင္ငံ အလယ္ပိုင္းတြင္ လုပ္ေဆာင္မည့္ စက္မႈ ၿမိဳ႕ေတာ္တစ္ခု နွင့္ လူေနအိမ္ရာမ်ား တည္ေဆာက္သည့္ လုပ္ငန္းမ်ားကို လုပ္ေဆာင္ရန္ လာေရာက္ ေဆြးေႏြးထားသည္ဟုဆိုသည္။

“ေဆြးေႏြးတာေတြကေတာ့ ၁ ရက္ကို ျပည္တြင္း၊ ျပည္ပ စီးပြားေရး လုပ္ငန္းရွင္ အေယာက္ ၂၀ ေလာက္ ရိွတယ္။ သူတို႔အေနနဲ႔ ျပန္လာလုပ္ျခင္း၊ မလုပ္ျခင္းကေတာ့ သူတို႔ရဲ့ သေဘာထား ျဖစ္ပါတယ္။ လုပ္လာေအာင္လို႔ ဆြဲေဆာင္တာေတာ့ ကြၽန္ေတာ္တို႔က လုပ္ရမယ္”ဟု ဦးသန႔္စင္လြင္က ေျပာသည္။

အာရွႏိုင္ငံမ်ားမွ လုပ္ငန္းရွင္မ်ားသည္ ဟိုတယ္လုပ္ငန္းမ်ား၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ လုပ္ငန္းမ်ား၊ စက္မႈကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား၊ ေမာ္ေတာ္ကားလုပ္ငန္းမ်ား၊ စက္မႈဇုန္ လုပ္ငန္းမ်ား ႏွင့္ အျခားဝန္ေဆာင္မႈ လုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံ ရန္ စိတ္ဝင္စားၾကေၾကာင္း သိရသည္။

လက္ရိွ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္ထားသည့္
ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏသည္ ၁၉၈၈ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၃၀ ရက္အထိ အေမရိကန္ေဒၚလာ ၈၃ ဒသမ ၇၃၆ ဘီလီယံ ဝင္ေရာက္ထားၿပီး အမ်ားဆံုး ဝင္ေရာက္ထားသည့္ ႏိုင္ငံမွာ စင္ကာပူႏိုင္ငံ ျဖစ္ေၾကာင္း DICA စာရင္းမ်ားအရ သိရသည္။

Leave a Reply