ေျမ အသုံးျပဳမႈ ျပႆနာမ်ား ေျဖရွင္းနိုင္ရန္ ေျမယာဘဏ္ အစီအစဥ္ စတင္ေနၿပီ ဟုဆို

0
8

မြေ အသုံးပြုမှု ပြဿနာများ ဖြေရှင်းနိုင်ရန် မြေယာဘဏ် အစီအစဉ် စတင်နေပြီ ဟုဆို

နိုဝင်ဘာ ၁၃
ဝေဝေဖြိုး

ရင်းနှီးမြှုပ်နှံသူများအတွက် အဟန့်အတား ဖြစ်နေသည့် မြေ အသုံးပြုမှု ပြဿနာများ ဖြေရှင်းနိုင်ရန် မြေယာဘဏ်(Land Bank) အစီအစဉ် စတင်နေပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးသန့်စင်လွင်က ပြောသည်။

“Land Bank ဆိုတာ ကျွန်တော်တို့က နိုင်ငံတော်သမ္မတရုံးကနေ အမိန့်ထုတ်ထားတာ ရှိပါတယ်၊ ကျွန်တော်တို့က ဆိုရှယ်လစ်စနစ်နဲ့ သွားခဲ့လိုက်တော့ နိုင်ငံပိုင်စက်ရုံ ၊အလုပ်ရုံ အဆောက်အဦ ၊မြေတွေ အများကြီးရှိတယ်၊ အပိုတွေလည်း ရှိသေးတယ်၊ အဲ့ဒါတွေကို ဝန်ကြီးဌာန အစီအစဉ်တွေနဲ့ ပြုစုပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစီအစဉ်နဲ့ ပြုလုပ်ပြီးမှ ဘယ်နေရာ ဘယ်တိုင်းမှာ မြေက ဘယ်လောက် အလွတ်ရှိတယ်၊ မြေ အမျိုးအစားက တော့ ဘာ၊ အဆောက်အဦကတော့ ဘယ်လိုရှိတယ်၊ စက်ရုံက ဘယ်လိုရှိတယ်ဆိုတဲ့ Land Bank အစီအစဉ် စနေပါပြီ”ဟု ၎င်း က ပြောသည်။

အဆိုပါ Land Bank မှာ အစိုးရပိုင်မြေများကို စာရင်းအင်း ပြုစုထားခြင်းဖြစ်ပြီး ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ရင်းနှီးမြှုပ်နှံမည့် မြေတည်နေရာကို ရွေးချယ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံကာ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်သည်။

ထိုကဲ့သို့ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားကြောင်း သိရသည်။

“အဲ့ အစီအစဉ်က ဘာလုပ်မလဲဆို ကျွန်တော်တို့က ကြေညာထားမယ်၊ ဥပမာ ပဲခူးမှာလုပ်မယ်ဆိုရင် ပဲခူးနားမှာ ဘာစက်ရုံတွေ ရှိတယ်၊ လယ်ယာ စိုက်ပျိုးရေး ဆည်မြောင်းဝန်ကြီး ဌာနရဲ့ မြေအလွတ်တွေ ရှိတယ်ဆိုတာမျိုး ကျွန်တော်တို့က ကြေညာပေးမယ်၊ ဒါပေမယ့် လုပ်ငန်းရှင်က အဲ့ဒီနေရာမှာ ရွေးပြီဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ သွားတွေ့ရမယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနက သူ့ဘက်က လုပ်ရမယ့် ပရောဆက် အတိုင်း သွားရမှာ၊ သွားဖို့ ပရောဆက်ကိုလည်း နိုင်ငံတော်က ထုတ်ပြန်ထားတယ်”ဟု ဦးသန့်စင်လွင်က ပြောသည်။

ရင်းနှီးမြှုပ်နှံသူများအတွက် မြေ အသုံးပြုမှုများနှင့် ပတ်သက်၍ ပုဂ္ဂလိကပိုင်မြေနှင့် အစိုးရပိုင်မြေဟူ၍ နှစ်မျိုးရှိပြီး ပုဂ္ဂလိကပိုင်မြေတွင် လုပ်ငန်း ဆောင်ရွက်မည်ဆိုပါက ဆောင်ရွက်ရမည့်အဆင့် နည်းသော်လည်း မြေတန်ဖိုး ကြီးမြှင့်သည်ဟုဆိုသည်။

အစိုးရပိုင်မြေသည် တင်ဒါလုပ်ငန်းစဉ်များ ၊ Project Bank များနှင့် Data Bank တို့ဖြင့် အဆင့်ဆင့် လုပ်ဆောင်သွားမည်ဆိုပါက အားလုံး အဆင်ပြေနိုင်ပြီး လက်ရှိတွင်လည်း အဆိုပါအတိုင်း လုပ်ဆောင်သည့် လုပ်ငန်းများရှိကြောင်း
သိရသည်။

“ကျွန်တော်တို့ဆီကို တချို့ ကြာတယ်ဆိုတာ Data Bank တွေ Project Bank တွေကနေ တစ်ဆင့် သွားနေရတာကြောင့်ပါ”ဟု ၎င်းကဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက လယ်ယာလုပ်ငန်း လျော့ကျသွားမည်ကို စိုးရိမ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် လယ်ယာမြေကို တခြားနည်းသုံးစွဲခွင့် မပေးထားသောကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယင်းနေရာများကို ရှောင်၍ ရင်းနှီးမြှုပ်နှံကြသည်ဟုဆိုသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဧရိယာအကျယ်အဝန်း အကြီးဆုံးနိုင်ငံဖြစ်ပြီး စက်မှုလက်မှု လုပ်ငန်းများအတွက် မြေလွတ် အများအပြားရှိသော်လည်း မြေ အသုံးပြုမှုနှင့် ပတ်သက်၍ ပြဿနာများ ရှိနေသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြေအသုံးပြုခွင့်ကို သေချာစီစစ်ပြီး မြေယာဥပဒေနှင့် မူဝါဒများအရ မည်သို့ ငှားရမ်းရမည်၊ မည်သို့ ရယူရမည် နှင့် မြေအမျိုးအစားအလိုက် မည်သို့ ပြောင်းလဲ ဆောင်ရွက်ရမည်ကို ကျော်ဖြတ်နိုင်ရေး လုပ်ဆောင်နေကြောင်းသိရသည်။

ထို့ကြောင့် အစိုးရအနေဖြင့် မြေအခက်အခဲများကို ကျော်ဖြတ်နိုင်ရန် မြေအချက်အလက်များအတွက် Land Bank ထူထောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားသည်။

______________________________________

ေျမ အသုံးျပဳမႈ ျပႆနာမ်ား ေျဖရွင္းနိုင္ရန္ ေျမယာဘဏ္ အစီအစဥ္ စတင္ေနၿပီ ဟုဆို

နိုဝင္ဘာ ၁၃
ေဝေဝၿဖိဳး

ရင္းႏွီးျမႇုပ္ႏွံသူမ်ားအတြက္ အဟန႔္အတား ျဖစ္ေနသည့္ ေျမ အသုံးျပဳမႈ ျပႆနာမ်ား ေျဖရွင္းနိုင္ရန္ ေျမယာဘဏ္(Land Bank) အစီအစဥ္ စတင္ေနၿပီျဖစ္ေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမွဴး ခ်ဳပ္ ဦးသန့္စင္လြင္က ေျပာသည္။

“Land Bank ဆိုတာ ကြၽန္ေတာ္တို႔က နိုင္ငံေတာ္သမၼတ႐ုံးကေန အမိန္႔ထုတ္ထားတာ ရွိပါတယ္၊ ကြၽန္ေတာ္တို႔က ဆိုရွယ္လစ္စနစ္နဲ႕ သြားခဲ့လိုက္ေတာ့ နိုင္ငံပိုင္စက္႐ုံ ၊အလုပ္႐ုံ အေဆာက္အဦ ၊ေျမေတြ အမ်ားႀကီးရွိတယ္၊ အပိုေတြလည္း ရွိေသးတယ္၊ အဲ့ဒါေတြကို ဝန္ႀကီးဌာန အစီအစဥ္ေတြနဲ႕ ျပဳစုၿပီးေတာ့ သက္ဆိုင္ရာ တိုင္းေဒသႀကီးအစီအစဥ္နဲ႕ ျပဳလုပ္ၿပီးမွ ဘယ္ေနရာ ဘယ္တိုင္းမွာ ေျမက ဘယ္ေလာက္ အလြတ္ရွိတယ္၊ ေျမ အမ်ိဳးအစားက ေတာ့ ဘာ၊ အေဆာက္အဦကေတာ့ ဘယ္လိုရွိတယ္၊ စက္႐ုံက ဘယ္လိုရွိတယ္ဆိုတဲ့ Land Bank အစီအစဥ္ စေနပါၿပီ”ဟု ၎ က ေျပာသည္။

အဆိုပါ Land Bank မွာ အစိုးရပိုင္ေျမမ်ားကို စာရင္းအင္း ျပဳစုထားျခင္းျဖစ္ၿပီး ျပည္တြင္း ျပည္ပ လုပ္ငန္းရွင္မ်ားအေနျဖင့္ မိမိတို႔ ရင္းႏွီးျမႇုပ္ႏွံမည့္ ​ေျမတည္ေနရာကို ေ႐ြးခ်ယ္၍ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားႏွင့္ ေတြ႕ဆုံကာ ဆက္လက္ ေဆာင္႐ြက္သြားရမည္ျဖစ္သည္။

ထိုကဲ့သို႔ လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ားကိုလည္း နိုင္ငံေတာ္အစိုးရက ထုတ္ျပန္ထားေၾကာင္း သိရသည္။

“အဲ့ အစီအစဥ္က ဘာလုပ္မလဲဆို ကြၽန္ေတာ္တို႔က ေၾကညာထားမယ္၊ ဥပမာ ပဲခူးမွာလုပ္မယ္ဆိုရင္ ပဲခူးနားမွာ ဘာစက္႐ုံေတြ ရွိတယ္၊ လယ္ယာ စိုက္ပ်ိဳးေရး ဆည္ေျမာင္းဝန္ႀကီး ဌာနရဲ႕ ေျမအလြတ္ေတြ ရွိတယ္ဆိုတာမ်ိဳး ကြၽန္ေတာ္တို႔က ေၾကညာေပးမယ္၊ ဒါေပမယ့္ လုပ္ငန္းရွင္က အဲ့ဒီေနရာမွာ ေ႐ြးၿပီဆိုရင္ သက္ဆိုင္ရာဝန္ႀကီးဌာနနဲ႕ သြားေတြ႕ရမယ္၊ သက္ဆိုင္ရာဝန္ႀကီးဌာနက သူ႕ဘက္က လုပ္ရမယ့္ ပေရာဆက္ အတိုင္း သြားရမွာ၊ သြားဖို႔ ပေရာဆက္ကိုလည္း နိုင္ငံေတာ္က ထုတ္ျပန္ထားတယ္”ဟု ဦးသန့္စင္လြင္က ေျပာသည္။

ရင္းႏွီးျမႇုပ္ႏွံသူမ်ားအတြက္ ေျမ အသုံးျပဳမႈမ်ားႏွင့္ ပတ္သက္၍ ပုဂၢလိကပိုင္ေျမႏွင့္ အစိုးရပိုင္ေျမဟူ၍ ႏွစ္မ်ိဳးရွိၿပီး ပုဂၢလိကပိုင္ေျမတြင္ လုပ္ငန္း ေဆာင္႐ြက္မည္ဆိုပါက ေဆာင္႐ြက္ရမည့္အဆင့္ နည္းေသာ္လည္း ေျမတန္ဖိုး ႀကီးျမႇင့္သည္ဟုဆိုသည္။

အစိုးရပိုင္ေျမသည္ တင္ဒါလုပ္ငန္းစဥ္မ်ား ၊ Project Bank မ်ားနွင့္ Data Bank တို႔ျဖင့္ အဆင့္ဆင့္ လုပ္ေဆာင္သြားမည္ဆိုပါက အားလံုး အဆင္ေျပနိုင္ၿပီး လက္ရွိတြင္လည္း အဆိုပါအတိုင္း လုပ္ေဆာင္သည့္ လုပ္ငန္းမ်ားရွိေၾကာင္း
သိရသည္။

“ကြၽန္ေတာ္တို႔ဆီကို တခ်ိဳ႕ ၾကာတယ္ဆိုတာ Data Bank ေတြ Project Bank ေတြကေန တစ္ဆင့္ သြားေနရတာေၾကာင့္ပါ”ဟု ၎ကဆိုသည္။

ထို႔ျပင္ ျမန္မာနိုင္ငံ၏ အဓိက လယ္ယာလုပ္ငန္း ေလ်ာ့က်သြားမည္ကို စိုးရိမ္ေသာေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ လယ္ယာေျမကို တျခားနည္းသုံးစြဲခြင့္ မေပးထားေသာေၾကာင့္ ရင္းႏွီးျမႇုပ္ႏွံသူမ်ားအေနျဖင့္ ယင္းေနရာမ်ားကို ေရွာင္၍ ရင္းႏွီးျမႇုပ္ႏွံၾကသည္ဟုဆိုသည္။

ျမန္မာနိုင္ငံသည္ အေရွ႕ေတာင္အာရွတြင္ ဧရိယာအက်ယ္အဝန္း အႀကီးဆုံးနိုင္ငံျဖစ္ၿပီး စက္မႈလက္မႈ လုပ္ငန္းမ်ားအတြက္ ေျမလြတ္ အမ်ားအျပားရွိေသာ္လည္း ေျမ အသုံးျပဳမႈႏွင့္ ပတ္သက္၍ ျပႆနာမ်ား ရွိေနသည္။

ျမန္မာနိုင္ငံ ရင္းႏွီးျမႇုပ္ႏွံမႈ ဥပေဒတြင္လည္း ရင္းႏွီးျမႇုပ္ႏွံသူမ်ားအေနျဖင့္ ေျမအသုံးျပဳခြင့္ကို ေသခ်ာစီစစ္ၿပီး ေျမယာဥပေဒႏွင့္ မူဝါဒမ်ားအရ မည္သို႔ ငွားရမ္းရမည္၊ မည္သို႔ ရယူရမည္ နွင့္ ေျမအမ်ိဳးအစားအလိုက္ မည္သို႔ ေျပာင္းလဲ ေဆာင္႐ြက္ရမည္ကို ေက်ာ္ျဖတ္နိုင္ေရး လုပ္ေဆာင္ေနေၾကာင္းသိရသည္။

ထို႔ေၾကာင့္ အစိုးရအေနျဖင့္ ေျမအခက္အခဲမ်ားကို ေက်ာ္ျဖတ္နိုင္ရန္ ေျမအခ်က္အလက္မ်ားအတြက္ Land Bank ထူေထာင္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ေျပာၾကားထားသည္။

Leave a Reply