က႑စုံ အသုံးျပဳနိုင္ေသာ သိုေလွာင္႐ုံ တစ္ခု ဒဂုံဆိပ္ကမ္း စက္မွုဇုံ၌ ဖြင့္လွစ္ရန္ စီစဥ္ေန

0
11

ကဏ္ဍစုံ အသုံးပြုနိုင်သော သိုလှောင်ရုံ တစ်ခု ဒဂုံဆိပ်ကမ်း စက်မှုဇုံ၌ ဖွင့်လှစ်ရန် စီစဉ်နေ

နိုဝင်ဘာ ၁၃
ဝေဝေဖြိုး

မြန်မာ-DHL Supply Chain ကုမ္ပဏီမှ ရန်ကုန်မြို့ရှိ ဒဂုံဆိပ်ကမ်းစက်မှုဇုံတွင် ကဏ္ဍစုံ အသုံးပြုနိုင်သော သိုလှောင်ရုံတစ်ခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

ယင်း ကုမ္ပဏီသည် မြန်မာကျပ်ငွေ ၁ ဒသမ ၅၈ ဘီလီယံ ( ယူရို ၁သန်း ) ခန့် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် အချိန်ပြည့်ဝန်ထမ်း ၂၀၀ ကျော်ကို ထပ်မံခန့်ထားနိုင်ရန် မျှော်မှန်းထားသည်။

“ကျွန်တော်တို့ Customer များရဲ့ သယ်ယူပို့ဆောင်ခြင်းမှ သိုလှောင်ရုံသို့ စီမံခန့်ခွဲခြင်း၊ မြှင့်တင်ပေးခြင်းတို့အတွက် ကျွန်တော်တို့ရဲ့ Supply Chain ကျွမ်းကျင်ဝန်ထမ်းများအဖွဲ့က ဦးဆောင်ပြီး သင့်လျော်တဲ့ ဖြေရှင်းချက်တွေ ပေးပို့ဖို့ ကမ်းလှမ်းပါတယ်” ဟု DHL Supply Chain, Myanmar ၏ Country Manager Shisanupong Pitidhanyasawasdi ကပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊အဓိက စက်မှုဇုန်များနှင့် ကီလိုမီတာ ၃၀ အောက် အကွာအဝေးတွင် တည်ရှိသော ယင်း သိုလှောင်ရုံသည် ကုန်းတွင်းပိုင်း သယ်ယူ ပို့ဆောင်ရေးနှင့် ချိတ်ဆက်ထားပြီး မြို့တွင်းနှင့် မလှမ်းမကမ်း နေရာတွင် တည်ရှိကြောင်းသိရသည်။

ထို့ပြင် ပစ္စည်းအတင်အချ ပြုလုပ်ရာ နေရာ ၈ ခုရှိပြီး လုပ်ငန်းလည်ပတ်မှု စွမ်းရည် မြင့်မားစေရန် နိုင်ငံတစ်ကာ စံညွှန်းထက် သာလွန်သော ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးစံနှုန်းများ အတိုင်း၂၄ နာရီ ပတ်လုံး စောင့်ကြည့် ကင်မရာများ တပ်ဆင်ပေးထားကြောင်းသိရသည်။

ရန်ကုန်မြို့ရှိ ဒဂုံဆိပ်ကမ်းစက်မှုဇုံတွင် တည်ရှိသော စတုရန်းပေ ၆၀၀၀၀ ရှိသည့် အဆိုပါ ဂိုထောင်သည် နည်းပညာလုပ်ငန်းနှင့် စားသုံးသူ/သုံးစွဲသူများ ဆိုင်ရာကဏ္ဍမှ ဒေသခံ Customer များ၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။

DHL သည် မြန်မာနိုင်ငံသို့ အမြန်ချောပို့ ဌာနခွဲ အနေဖြင့် ၁၉၈၂ ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်တိုင် လုပ်ကိုင်လာခဲ့ရာ Logistics Solutions တွင် ကုမ္ပဏီ၏ လုပ်ငန်းစုများ ဖြစ်သော Supply Chain နှင့် Forwarding ဌာနခွဲများအထိ တိုးမြှင့်လာခဲ့သည်။

ကုမ္ပဏီ၏ ကျွမ်းကျင်မှုနှင့် အဆင့်မြင့်သော စံနှုန်းများကြောင့် DHL Supply Chain သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက် ရရှိသော ၁ဝဝ ရာခိုင်နှုန်းပြည့် နိုင်ငံခြားပိုင် Logistics ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

______________________________________

(Zawgyi)

က႑စုံ အသုံးျပဳနိုင္ေသာ သိုေလွာင္႐ုံ တစ္ခု ဒဂုံဆိပ္ကမ္း စက္မွုဇုံ၌ ဖြင့္လွစ္ရန္ စီစဥ္ေန

နိုဝင္ဘာ ၁၃
ေဝေဝၿဖိဳး

ျမန္မာ-DHL Supply Chain ကုမၸဏီမွ ရန္ကုန္ၿမိဳ႕ရွိ ဒဂုံဆိပ္ကမ္းစက္မႈဇုံတြင္ က႑စုံ အသုံးျပဳနိုင္ေသာ သိုေလွာင္႐ုံတစ္ခု ဖြင့္လွစ္ရန္ စီစဥ္လ်က္ရွိေၾကာင္း ယင္းကုမၸဏီမွ သိရသည္။

ယင္း ကုမၸဏီသည္ ျမန္မာက်ပ္ေငြ ၁ ဒသမ ၅၈ ဘီလီယံ ( ယူရို ၁သန္း ) ခန႔္ ရင္းႏွီးျမႇုပ္ႏွံသြားမည္ ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္တြင္ အခ်ိန္ျပည့္ဝန္ထမ္း ၂၀၀ ေက်ာ္ကို ထပ္မံခန႔္ထားနိုင္ရန္ ေမၽွာ္မွန္းထားသည္။

“ကြၽန္ေတာ္တို႔ Customer မ်ားရဲ႕ သယ္ယူပို႔ေဆာင္ျခင္းမွ သိုေလွာင္႐ုံသို႔ စီမံခန႔္ခြဲျခင္း၊ ျမႇင့္တင္ေပးျခင္းတို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕ Supply Chain ကၽြမ္းက်င္ဝန္ထမ္းမ်ားအဖြဲ႕က ဦးေဆာင္ၿပီး သင့္ေလ်ာ္တဲ့ ေျဖရွင္းခ်က္ေတြ ေပးပို႔ဖို႔ ကမ္းလွမ္းပါတယ္” ဟု DHL Supply Chain, Myanmar ၏ Country Manager Shisanupong Pitidhanyasawasdi ကေျပာသည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၊အဓိက စက္မွုဇုန္မ်ားႏွင့္ ကီလိုမီတာ ၃၀ ေအာက္ အကြာအေဝးတြင္ တည္ရွိေသာ ယင္း သိုေလွာင္႐ုံသည္ ကုန္းတြင္းပိုင္း သယ္ယူ ပို႔ေဆာင္ေရးႏွင့္ ခ်ိတ္ဆက္ထားၿပီး ၿမိဳ႕တြင္းႏွင့္ မလွမ္းမကမ္း ေနရာတြင္ တည္ရွိေၾကာင္းသိရသည္။

ထို႔ျပင္ ပစၥည္းအတင္အခ် ျပဳလုပ္ရာ ေနရာ ၈ ခုရွိၿပီး လုပ္ငန္းလည္ပတ္မႈ စြမ္းရည္ ျမင့္မားေစရန္ နိုင္ငံတစ္ကာ စံညႊန္းထက္ သာလြန္ေသာ ေဘးအႏၲရာယ္ ကင္းရွင္းေရးႏွင့္ လုံျခဳံေရးစံႏွုန္းမ်ား အတိုင္း၂၄ နာရီ ပတ္လုံး ေစာင့္ၾကည့္ ကင္မရာမ်ား တပ္ဆင္ေပးထားေၾကာင္းသိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ဒဂုံဆိပ္ကမ္းစက္မႈဇုံတြင္ တည္ရွိေသာ စတုရန္းေပ ၆၀၀၀၀ ရွိသည့္ အဆိုပါ ဂိုေထာင္သည္ နည္းပညာလုပ္ငန္းႏွင့္ စားသုံးသူ/သုံးစြဲသူမ်ား ဆိုင္ရာက႑မွ ေဒသခံ Customer မ်ား၏ အေျခခံ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးနိုင္မည္ ျဖစ္ေၾကာင္းသိရသည္။

DHL သည္ ျမန္မာနိုင္ငံသို႔ အျမန္ေခ်ာပို႔ ဌာနခြဲ အေနျဖင့္ ၁၉၈၂ ခုႏွစ္တြင္ စတင္ဝင္ေရာက္လာခဲ့ၿပီး ႏွစ္ေပါင္း ၃၀ ေက်ာ္တိုင္ လုပ္ကိုင္လာခဲ့ရာ Logistics Solutions တြင္ ကုမၸဏီ၏ လုပ္ငန္းစုမ်ား ျဖစ္ေသာ Supply Chain ႏွင့္ Forwarding ဌာနခြဲမ်ားအထိ တိုးျမႇင့္လာခဲ့သည္။

ကုမၸဏီ၏ ကၽြမ္းက်င္မႈႏွင့္ အဆင့္ျမင့္ေသာ စံႏွုန္းမ်ားေၾကာင့္ DHL Supply Chain သည္ ျမန္မာနိုင္ငံ ရင္းႏွီးျမႇဳပ္နွံမႈေကာ္မရွင္မွ ရင္းႏွီးျမႇုပ္ႏွံမႈ ခြင့္ျပဳခ်က္ ရရွိေသာ ၁ဝဝ ရာခိုင္ႏွုန္းျပည့္ နိုင္ငံျခားပိုင္ Logistics ကုမၸဏီျဖစ္ေၾကာင္း သိရသည္။

Leave a Reply