“သက္ေတာ္ျပည့္သျဖင့္ ပါေမာကၡခ်ဳပ္ဆရာေတာ္ အနားယူျခင္းသာျဖစ္” ဟု သာ/ယဥ္ ဝန္ႀကီး ေျဖ႐ွင္​း

0
11

“သက်တော်ပြည့်သဖြင့် ပါမောက္ခချုပ်ဆရာတော် အနားယူခြင်းသာဖြစ်” ဟု သာ/ယဉ် ဝန်ကြီး ဖြေရှင်း

နိုဝင်ဘာ ၁၄
ယဉ်ကေနွယ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒ သာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆရာတော် ဒေါက်တာနန္ဒမာလာ သည် သက်တော်ပြည့်၍ သာ တာဝန်မှ အနားယူလိုက်ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ကပြောသည်။
“ပါမောက္ခချုပ်ဆိုတာ နိုင်ငံ ဝန်ထမ်းဖြစ်ပါတယ်။အပြင်က တက္ကသိုလ်က ပါမောက္ခချုပ်တွေနဲ့ အတူတူပဲ။ နိုင်ငံဝန်ထမ်းဥပဒေ နည်းဥပဒေအရ ရဟန်းသံဃာဆိုရင် သက်တော် ၆၅ နှစ် အထိ ပေါ့ တာဝန်ထမ်းဆောင်ခွင့်ရှိတယ်။ ၆၅ နှစ် ပြည့်လို့ ကျန်းမာကြံ့ခိုင်နေတယ် ဆရာတော်ကြိးတွေကလည်း စိတ်အားထက်သန်နေတယ်ဆိုရင် နောက်ထက် တစ်နှစ် တစ်နှစ်နဲ့ နောက်ထပ် ၅ ကြိမ် ၅ နှစ် ထပ်တိုးထမ်းဆောင်ခွင့်ရှိပါတယ်။ သက်တော် ၇၀ ဆိုရင်တော့ လုံး၀ နားရမှာဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းဖြစ်ပါတယ်။ ပါမောက္ခချုပ် တယောက်ရဲ့ လစာတို့ စရိတ်တို့ ခံစားခွင့်နှုန်းတို့ ခံစားရတာဖြစ်ပါတယ်။ဆရာတော်ကြီးက အသက် ၈၀ ရှိပါပြီပင်လည်း ပင်ပန်းနေပါပြီ ။ ဆရာတော်ကြီး ကိုယ်တိုင်ကလည်း ဒီကနေ အနားယူချင်ကြောင်းပြောတာကြာပါပြီ ထေရဝါဒ တက္ကသိုလ် ရဲ့ ဥပဒေ နည်းဥပဒေ အရ အငြိမ်းစားယူ လိုက်တာဖြစ်ပါတယ်”ဟု သူရဦးအောင်ကိုကပြောသည်။

ယနေ့ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏အကြံပြုဆွေးနွေးပွဲသို့ တက်ရောက်ချိန်တွင်သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် သူရဦးအောင်ကို မှ အထက်ပါအတိုင်းပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အနားယူခြင်းသည် ဆရာတော်ကြီးအား အတင်းအကြပ်နှုတ်ထွက်ခိုင်းခြင်း မဟုတ်ဘဲ ၎င်း ကိုယ်တိုင်ကပင် နှုတ်ထွက်စေချင်ကြောင်း ပြောဆိုခြင်းဖြစ်ကြောင်း သူရဦးအောင်ကို ကပြောသည်။

ပါမောက္ခချုပ်ဆရာတော်ကြီးကို တာဝန်ထမ်းဆောင်ရန် သက်တမ်းတိုးပေးခဲ့သည် မှာ ၁၄ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

“ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ သက်တော် ၈၀ အထိ တာဝန်ထမ်းဆောင်တဲ့ နိုင်ငံ့ဝန်ထမ်းဆိုတာ မရှိပါဘူး။ အားလုံးသဘောပေါက်ကြမှာပါ။ ဒီလောက်ပါပဲ”ဟု သူရဦးအောင်ကို ကပြောသည်။

_____________________________________

(Zawgyi)

“သက္ေတာ္ျပည့္သျဖင့္ ပါေမာကၡခ်ဳပ္ဆရာေတာ္ အနားယူျခင္းသာျဖစ္” ဟု သာ/ယဥ္ ဝန္ႀကီး ေျဖ႐ွင္​း

နုိ၀င္ဘာ ၁၄
ယဥ္ေကႏြယ္

ရန္ကုန္အျပည္ျပည္ဆိုင္ရာေထရ၀ါဒ သာသနာျပဳတကၠသိုလ္၏ ပါေမာကၡခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္ေနသည့္ ဆရာေတာ္ ေဒါက္တာနႏၵမာလာ သည္ သက္ေတာ္ျပည့္၍ သာ တာ၀န္မွ အနားယူလိုက္ျခင္းျဖစ္ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာနမွ ျပည္ေထာင္စု ၀န္ႀကီး သူရဦးေအာင္ကို ကေျပာသည္။
“ပါေမာကၡခ်ဳပ္ဆိုတာ နိုင္ငံ ၀န္ထမ္းျဖစ္ပါတယ္။အျပင္က တကၠသိုလ္က ပါေမာကၡခ်ဳပ္ေတြနဲ႔ အတူတူပဲ။ နိုင္ငံ၀န္ထမ္းဥပေဒ နည္းဥပေဒအရ ရဟန္းသံဃာဆိုရင္ သက္ေတာ္ ၆၅ ႏွစ္ အထိ ေပါ့ တာ၀န္ထမ္းေဆာင္ခြင့္ရွိတယ္။ ၆၅ ႏွစ္ ျပည့္လို႔ က်န္းမာၾကံ့ခိုင္ေနတယ္ ဆရာေတာ္ႀကိးေတြကလည္း စိတ္အားထက္သန္ေနတယ္ဆိုရင္ ေနာက္ထက္ တစ္ႏွစ္ တစ္နွစ္နဲ႔ ေနာက္ထပ္ ၅ ႀကိမ္ ၅ ႏွစ္ ထပ္တိုးထမ္းေဆာင္ခြင့္ရွိပါတယ္။ သက္ေတာ္ ၇၀ ဆိုရင္ေတာ့ လံုး၀ နားရမွာျဖစ္ပါတယ္။ နိုင္ငံ၀န္ထမ္းျဖစ္ပါတယ္။ ပါေမာကၡခ်ဳပ္ တေယာက္ရဲ႕ လစာတို႔ စရိတ္တို႔ ခံစားခြင့္ႏႈန္းတို႔ ခံစားရတာျဖစ္ပါတယ္။ဆရာေတာ္ႀကီးက အသက္ ၈၀ ရွိပါၿပိီပင္လည္း ပင္ပန္းေနပါၿပီ ။ ဆရာေတာ္ႀကီး ကိုယ္တိုင္ကလည္း ဒီကေန အနားယူခ်င္ေၾကာင္းေျပာတာႀကာပါၿပီ ေထရ၀ါဒ တကၠသိုလ္ ရဲ႕ ဥပေဒ နည္းဥပေဒ အရ အၿငိမ္းစားယူ လိုက္တာျဖစ္ပါတယ္”ဟု သူရဦးေအာင္ကိုကေျပာသည္။

ယေန႔ ေနျပည္ေတာ္ရွိ သဂၤဟ ဟိုတယ္တြင္ က်င္းပျပဳလုပ္သည့္ ျမန္မာနိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ဘာသာေပါင္းစံုၿငိမ္းခ်မ္းေရး (ၿငိမ္းခ်မ္းေမတၱာ) အဖြဲ႔၏အႀကံျပဳေဆြးေႏြးပြဲသို႔ တက္ေရာက္ခ်ိန္တြင္သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈအေပၚ သူရဦးေအာင္ကို မွ အထက္ပါအတိုင္းျပန္လည္ေျဖၾကား ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ အနားယူျခင္းသည္ ဆရာေတာ္ႀကီးအား အတင္းအၾကပ္နႈတ္ထြက္ခိုင္းျခင္း မဟုတ္ဘဲ ၎ ကိုယ္တိုင္ကပင္ နႈတ္ထြက္ေစခ်င္ေၾကာင္း ေျပာဆိုျခင္းျဖစ္ေၾကာင္း သူရဦးေအာင္ကို ကေျပာသည္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီးကို တာ၀န္ထမ္းေဆာင္ရန္ သက္တမ္းတိုးေပးခဲ့သည္ မွာ ၁၄ ႀကိမ္ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

“ကမၻာေပၚမွာ ဘယ္နို္င္ငံမွာမွ သက္ေတာ္ ၈၀ အထိ တာ၀န္ထမ္းေဆာင္တဲ့ နိုင္ငံ့၀န္ထမ္းဆိုတာ မရိွပါဘူး။ အားလံုးသေဘာေပါက္ၾကမွာပါ။ ဒီေလာက္ပါပဲ”ဟု သူရဦးေအာင္ကို ကေျပာသည္။

Leave a Reply