
0
8

မောင်တောမြို့နယ်၊ လာသာကျေးရွာ အနီး၌ ငွေကျပ်သိန်းပေါင်း ၃၃၀၀ ကျော်တန်ဖိုးရှိ WY ဆေးပြားများ ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၄

ပဉ္စမလှိုင်း

မောင်တောမြို့နယ်၊ လာသာကျေးရွာ အနီး၌ ငွေကျပ်သိန်းပေါင်း ၃၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နိုဝင်ဘာ ၁၃ ရက် က သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

လာသာကျေးရွာအရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းပြင်အနီး လူနေထိုင်ခြင်းမရှိသည့် နေအိမ်အား လုံးခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာတွင် အိမ်ရှေ့ခြံစည်းရိုးတွင် အဖြူရော် ဆာလာအိတ်အတွင်း WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေး ပြားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိသည့် ဆေးပြားအရေအတွက်မှာ ၁၆၅၇၀ ပြားဖြစ်ပြီး ( ခန့်မှန်းမြန်မာငွေကျပ် သိန်းပေါင်း ၃၃၀၀ ကျော်) ခန့်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့မ ရဲစခန်းသို့ လွှဲပြောင်းပေး ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

_______________________________________

(Zawgyi)


နိုဝင်ဘာ ၁၄

ပဉ္စမလှိုင်း




Leave a Reply