႐ုရွားေရတပ္မွ စစ္ေရယာဥ္ တစ္စင္း ခ်စ္ၾကည္ေရးခရီး အလည္အပတ္ ေရာက္ရွိ

0
7

ရုရှားရေတပ်မှ စစ်ရေယာဉ် တစ်စင်း ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိ

နိုဝင်ဘာ ၁၄

ပဉ္စမလှိုင်း

ရုရှားရေတပ်မှ လေ့ကျင့်ရေး စစ်ရေယာဉ် PEREKOP သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက်ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း MITT တံတားသို့ နိုဝင်ဘာ ၁၃ ရက်တွင် ရောက်ရှိလာခဲ့ သည်။

အဆိုပါ စစ်ရေယာဉ်တွင် အဖွဲ့ခေါင်း ဆောင်ဖြစ်သူ Commander Roman V. Pahomov ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၃၉၉ဦးတို့ လိုက်ပါ လာပြီး မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက်အထိ သုံးရက် ကြာနေထိုင်၍ လေ့လာ လည်ပတ် သွားမည် ဖြစ်ကာ နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများလည်း ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်စစ်ရေယာဉ်အား တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး၊ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

_______________________________________

(Zawgyi)

႐ုရွားေရတပ္မွ စစ္ေရယာဥ္ တစ္စင္း ခ်စ္ၾကည္ေရးခရီး အလည္အပတ္ ေရာက္ရွိ

ႏို၀င္ဘာ ၁၄

ပဥၥမလိႈင္း

႐ုရွားေရတပ္မွ ေလ့က်င့္ေရး စစ္ေရယာဥ္ PEREKOP သည္ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္သုိ႔ ခ်စ္ၾကည္ေရး ခရီး လည္ပတ္ရန္ အတြက္ရန္ကုန္ၿမိဳ႕၊ သီလ၀ါ ဆိပ္ကမ္း MITT တံတားသုိ႔ ႏိုဝင္ဘာ ၁၃ ရက္တြင္ ေရာက္ရွိလာခဲ့ သည္။

အဆုိပါ စစ္ေရယာဥ္တြင္ အဖြဲ႕ေခါင္း ေဆာင္ျဖစ္သူ Commander Roman V. Pahomov ဦးစီး၍ အရာရွိ၊ စစ္သည္ စုစုေပါင္း ၃၉၉ဦးတုိ႔ လုိက္ပါ လာၿပီး ျမန္မာႏုိင္ငံတြင္ ႏို၀င္ဘာ ၁၅ ရက္အထိ သုံးရက္ ၾကာေနထုိင္၍ ေလ့လာ လည္ပတ္ သြားမည္ ျဖစ္ကာ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး အားကစား ၿပိဳင္ပြဲမ်ားလည္း ျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယင္စစ္ေရယာဥ္အား တပ္မေတာ္(ေရ) မွ အရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္မ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ႐ုရွား သံအမတ္ႀကီး၊ ႐ုရွားစစ္သံမွဴးႏွင့္ တာ၀န္ရွိ သူမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

Leave a Reply