ရခိုင္အေရး နိုင္ငံတကာအဖြဲ႕အစည္းမ်ား စြပ္စြဲခ်က္​​ေတြကို လူ႔အခြင့္အေရးေကာ္မ႐ွင္ ခ်ျပရွင္းလင္းသင့္ဟု တပ္​ကိုယ္​စားလွယ္​အၾကံျပဳ

0
7

ရခိုင်အရေး နိုင်ငံတကာအဖွဲ့အစည်းများ စွပ်စွဲချက်တွေကို လူ့အခွင့်အရေးကော်မရှင် ချပြရှင်းလင်းသင့်ဟု တပ်ကိုယ်စားလှယ်အကြံပြု

နိုဝင်ဘာ ၁၃
ယဉ်ကေနွယ်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့ အ စည်း များ၏ လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်များအပေါ် မည်သို့တုံ့ပြန်ဆောင်ရွက်နေသည်ကို ချပြရှင်း လင်း သင့်ကြောင်း တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးညီညီလွင်ကအကြံပြုပြောဆိုလိုက်သည်။

“ ကော်မရှင်အနေနဲ့လည်း ပြည်ပအဖွဲ့အစည်းများ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ လူ့အခွင့်အရေးဆိုင် ရာစွပ် စွဲချက် များအပေါ်မည်သို့တုံ့ပြန်ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ချပြရှင်းလင်းသင့်ပါကြောင်း တင်ပြအပ် ပါတယ်” ဒုတိယဗိုလ်မှူးကြီး ညီညီလွင်ကပြောသည်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့် အရေးကော်မရှင်၏ ၂၀၁၉ခုနှစ်၊ဇန်နဝါရီလမှ စက်တင်ဘာလ ၂၄ရက် နေ့အထိဆောင်ရွက်ခဲ့သော လုပ်ငန်း ဆောင် ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးရာတွင် ဒုတိယဗိုလ်မှူးကြီး ညီညီလွင်က အထက်ပါအတိုင်းထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရခိုင်အရေးနှင့်ပတ်သက်၍ ပြည်ပအဖွဲ့အစည်းအချို့နှင့်ကုလသမဂ္ဂလက်အောက်ခံနိုင်ငံတကာ အဖွဲ့အစည်း အချို့က မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်းစွပ်စွဲပြောဆိုမှုများရှိနေသည့် အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ချေပဖြေရှင်းဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း ဒုတိယဗိုလ်မှူးကြီး ညီညီ လွင်ကပြောသည်။

ထို့အတူ လူ့အခွင့်အရေးသည် လူသားများ၏အရေး၊လူသားဘဝကောင်းမွန်စွာ ရှင်သန်ရန်၊ လွတ်လပ်စွာ နေထိုင် ရန်ဖြစ်ပြီး ယင်းအခွင့်အရေးများကိုဖျက်ဆီးနေကြသည့် အကြမ်းဖက်သောင်းကျန်းသူများ ၏လုပ် ရပ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ တုံ့ပြန်ချက်များကိုလည်းသိရှိ လိုကြောင်း ဒုတိယဗိုလ်မှူးကြီးညီညီလွင်က ထည့်သွင်းပြောကြားခဲ့သည်။

ကော်မရှင်အနေဖြင့် အစီရင်ခံစာပါကာလအတွင်း တိုင်တန်းချက် (၇၂၅) ချက်ကိုကိုင်တွယ် ဆောင်ရွက်ခဲ့ ကြောင်း အစီရင်ခံစာ၏ဖော်ပြချက်အရ သိရသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံအပါအဝင် ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေကြရသည့် တစ်ချို့သော မြန်မာနိုင်ငံသားအလုပ်သမားများ၏လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကိုလည်းကြားသိနေရပြီး ယင်းဖြစ်စဉ် များ အတွက် သက်ဆိုင်ရာအစိုးရအချင်းချင်းသော်လည်းကောင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ကသော်လည်းကောင်းပိုမိုထိရောက်သည့်နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်ပေးသင့်ကြောင်း ဒုတိယဗိုလ်မှူးကြီးညီညီလွင်ကအကြံပြုပြောကြားခဲ့သည်။

________________________________________

(Zawgyi)

ရခိုင္အေရး နိုင္ငံတကာအဖြဲ႕အစည္းမ်ား စြပ္စြဲခ်က္​​ေတြကို လူ႔အခြင့္အေရးေကာ္မ႐ွင္ ခ်ျပရွင္းလင္းသင့္ဟု တပ္​ကိုယ္​စားလွယ္​အၾကံျပဳ

နို၀င္ဘာ ၁၃
ယဥ္ေကႏြယ္

ျမန္မာနိုင္ငံအမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္အေနျဖင့္ ရခိုင္အေရးနွင့္ပတ္သက္၍ နိုင္ငံတကာအဖြဲ႕ အ စည္း မ်ား၏ လူ႕အခြင့္အေရးဆိုင္ရာ စြပ္စြဲခ်က္မ်ားအေပၚ မည္သို႕တုံ႕ျပန္ေဆာင္ရြက္ေနသည္ကို ခ်ျပရွင္း လင္း သင့္ေႀကာင္း တပ္မေတာ္သားျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ဒုတိယဗိုလ္မွဴးႀကီးညီညီလြင္ကအျကံျပဳေျပာဆိုလိုက္သည္။

“ ေကာ္မရွင္အေနနဲ႕လည္း ျပည္ပအဖြဲ႕အစည္းမ်ား နုိင္ငံတကာအဖြဲ႕အစည္းမ်ားရဲ႕ လူ႕အခြင့္အေရးဆိုင္ ရာစြပ္ စြဲခ်က္ မ်ားအေပၚမည္သို႕တုံ႕ျပန္ေဆာင္ရြက္ေနတယ္ဆိုတာကိုလည္း ခ်ျပရွင္းလင္းသင့္ပါေႀကာင္း တင္ျပအပ္ ပါတယ္” ဒုတိယဗိုလ္မႉးႀကီး ညီညီလြင္ကေျပာသည္။

ယေန႔ က်င္းပျပဳလုပ္ခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝး တြင္ ျမန္မာနုိင္ငံအမ်ိဳးသားလူ႕ အခြင့္ အေရးေကာ္မရွင္၏ ၂၀၁၉ခုနွစ္၊ဇန္န၀ါရီလမွ စက္တင္ဘာလ ၂၄ရက္ ေန႕အထိ္ေဆာင္ရြက္ခဲ့ေသာ လုပ္ငန္း ေဆာင္ ရြက္ခ်က္အစီရင္ခံစာနွင့္စပ္လ်ဥ္း၍ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားေဆြးေႏြးရာတြင္ ဒုတိယဗိုလ္မႉးႀကီး ညီညီလြင္က အထက္ပါအတိုင္းထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ထို့ျပင္ ရခိုင္အေရးနွင့္ပတ္သက္၍ ျပည္ပအဖြဲ႕အစည္းအခ်ိဳ႕နွင့္ကုလသမဂၢလက္ေအာက္ခံနိုင္ငံတကာ အဖြဲ႕အစည္း အခ်ိဳ႕က ျမန္မာနိုင္ငံအေပၚ လူ႕႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားရွိေႀကာင္းစြပ္စြဲေျပာဆိုမႈမ်ားရွိေနသည့္ အတြက္ နုိင္ငံေတာ္အစိုးရအေနျဖင့္ ျပန္လည္ေခ်ပေျဖရွင္းေဆာင္ရြက္ေနသည္ကိုေတြ႕ရေႀကာင္း ဒုတိယဗိုလ္မွဴးႀကီး ညီညီ လြင္ကေျပာသည္။

ထို႕အတူ လူ႕႔အခြင့္အေရးသည္ လူသားမ်ား၏အေရး၊လူသားဘ၀ေကာင္းမြန္စြာ ရွင္သန္ရန္၊ လြတ္လပ္စြာ ေနထိုင္ ရန္ျဖစ္ျပီး ယင္းအခြင့္အေရးမ်ားကိုဖ်က္ဆီးေနႀကသည့္ အႀကမ္းဖက္ေသာင္းက်န္းသူမ်ား ၏လုပ္ ရပ္မ်ားနွင့္ပတ္သက္ျပီး ျမန္မာနို္င္ငံအမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္၏ တုံ႕ျပန္ခ်က္မ်ားကိုလည္းသိရွိ လိုေႀကာင္း ဒုတိယဗိုလ္မွဴးႀကီးညီညီလြင္က ထည့္သြင္းေျပာျကားခဲ့သည္။

ေကာ္မရွင္အေနျဖင့္ အစီရင္ခံစာပါကာလအတြင္း တိုင္တန္းခ်က္ (၇၂၅) ခ်က္ကိုကိုင္တြယ္ ေဆာင္ရြက္ခဲ့ ေႀကာင္း အစီရင္ခံစာ၏ေဖာ္ျပခ်က္အရ သိရသည္။

ထို႕ျပင္ အိမ္နီးခ်င္းနိုင္ငံအပါအ၀င္ ျပည္ပတြင္သြားေရာက္အလုပ္လုပ္ကိုင္ေနႀကရသည့္ တစ္ခ်ိဳ႕ေသာ ျမန္မာနိုင္ငံသားအလုပ္သမားမ်ား၏လူ႕အခြင့္အေရးခ်ိဳးေဖာက္ခံရမႈမ်ားကိုလည္းႀကားသိေနရျပီး ယင္းျဖစ္စဥ္ မ်ား အတြက္ သက္ဆိုင္ရာအစိုးရအခ်င္းခ်င္းေသာ္လည္းေကာင္း၊ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းျဖစ္သည့္ ျမန္မာနုိင္ငံလူ႕အခြင့္အေရးေကာ္မရွင္ ကေသာ္လည္းေကာင္းပိုမိုထိေရာက္သည့္နည္းလမ္းမ်ားရွာေဖြျပီး ေဆာင္ရြက္ေပးသင့္ေႀကာင္း ဒုတိယဗိုလ္မွဴးႀကီးညီညီလြင္ကအႀကံျပဳေျပာႀကားခဲ့သည္။

Leave a Reply