
0
7

ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် မြန်မာအသင်း ပထမဆုံးနိုင်ပွဲရ

နိုဝင်ဘာ ၁၄
နိုင်လင်းဦး

ငါးသင်းပါတဲ့အုပ်စုမှာ နိုင်ပွဲမရ၊ သွင်းဂိုးမရှိမရှိသေးတဲ့ မန်မာ့လက်ရွေးစင်အသင်း ဒီနေ့မှာ စတင်နိုင်ပွဲရပါတယ်။

မြန်မာနဲ့တာဂျစ်ကစ္စတန် အသင်းတို့ပွဲစဉ်ကို ညနေငါးနာရီမှာ မန္တလာသီရီကွင်းမှာကန်ပါတယ်။

သုံးပွဲဆက်ရှုံးခဲ့တဲ့ မြနိမာအသင်းဟာ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ အနီကတ်ထိထားတဲ့ မောင်မောင်လွင် ဒီပွဲမှာပြန်ပါလာခဲ့လို့ မြန်မာအသင်း တိုက်စစ် တွဲလုံးမိခဲ့ပါတယ်။

သူတို့တွဲလုံးနေကပဲ မျက်နှာသစ်ကစားကစားသမား အသွမ်လမန် ၂ ဂိုး၊ အောင်သူနဲ့ မောင်မောင်လွင်တို့က တစ်ဂိုးစီးသွင်းခဲ့တာပါ။

တာဂျစ်ကစ္စတန်ကလည်း ဖိအားပေးကစားခဲ့ပေမယ့် မြန်မာနောက်တန်းကို မကျော်နိုင်တာကြောင့် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ မြန်မာအသင်းကတော့ ပွဲပြီးဆုံးချိန်အထိ ဖိအားပေးကစားခဲ့တာ မြင်တွေ့ရပါတယ်။

မြန်မာအသင်းနည်းပြသစ် အတွက်ပထမဆုံးနိုင်ပွဲဖြစ်သလို ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်နေတဲ့ ဒီအသင်းအတွက်လည်း ပထမဆုံးနိုင်ပွဲပါ

မြန်မာအသင်းဟာ သုံးပွဲရှုံး တစ်ပွဲနိုင်ထားပါတယ်။

_____________________________________

(Zawgyi)


နိုဝင်​ဘာ ၁၄
နိုင်​လင်းဦး








Leave a Reply