ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုရန်တင်သွင်းခြင်းနှင့် နိုင်ငံအချုပ်အခြာအာဏာ ထိပါးစေ သည့် လုပ်ရပ်များကို လက်မခံဟု NLD ပြော

0
7

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုရန်တင်သွင်းခြင်းနှင့် နိုင်ငံအချုပ်အခြာအာဏာ ထိပါးစေ သည့် လုပ်ရပ်များကို လက်မခံဟု NLD ပြော

နိုဝင်ဘာ ၁၄
ကျော်သူမြင့်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်ဘက်ထိပ်တန်းခေါင်းဆောင်များကို ဘင်္ဂါလီများအပေါ် ကျူးလွန်ခဲ့သည့် မှုခင်းများအတွက် အာဂျင်တီးနားနိုင်ငံတရားရုံးတွင် တရားစွဲဆိုရန် တင်သွင်းလိုက်ပြီးနောက် နိုင်ငံအချုပ်အခြာအာ ဏာထိပါးစေသည့် လုပ်ရပ်များကိုလက်မခံနိုင်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုး ညွှန့်က ပြောသည်။

“သူတို့ရဲ့ စွဲဆိုချက်မှာ တိကျတဲ့အထောက်အထား အချက်အလက်ကို ဘယ်လိုအဖွဲ့အစည်းတွေ က ရယူတာလဲ ဘင်္ဂါလီတွေကို တိုင်းရင်သားဖြစ်ခွင့်တို့ နယ်မြေသီးခြားပေးဖို့တို့စတာတွေပြောဆို နေကြတာပါ။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့ကိစ္စတွေကို ကျွန်တော်တို့က လက်ခံမှာ မဟုတ်ပါဘူး”ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။

အဆိုပါ တရားစွဲဆိုရန်တင်သွင်းမှုကို လက်တင်အမေရိကလူ့အခွင့်အရေးအဖွဲ့တွေက အာဂျင်တီး နားနိုင်ငံမှာ တရားစွဲဆိုရန် တင်သွင်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာတရားစီရင်ပိုင်ခွင့်အရ တင်သွင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ဘင်္ဂါလီကိစ္စနှင့် နိုင်ငံတကာဥပဒေဆိုင်ရာ တရားရုံး(ICJ) တွင် တရားစွဲဆိုရန် တင်သွင်းထားသည်။

“ကျွန်တော်တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူစာချုပ်၊ ကုလသမဂ္ဂနဲ့ သဘောတူစာချုပ် တွေအရ အတိအကျလုပ်ဆောင်နေပါတယ်။ အခုလုပ်ဆောင်မှုက တိုက်ရိုက်တော့ထိခိုက်နစ်နာ မှုမရှိပေမယ့် သတင်းအချက်အလက်ကို မသိတဲ့တချို့နိုင်ငံကြီးတွေက စီးပွားရေးအရ နိုင်ငံရေးအ ရ ဆောင်ရွက်လာမယ်ဆိုရင်တော့ အနည်းနဲ့အများထိခိုက်စေနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ဒေသအတွင်းသို့ တရားမဝင်နိုင်ငံခြားသားများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဘင်္ဂါလီများ ဝင်ရောက်လာပါက အရှေ့တောင်အာရှတွင် အကြမ်းဖက်သမားများ၏ ခြေကုပ်ယူရာဒေသ ဖြစ်လာပြီး ရခိုင်လူမျိုးများ ပျောက်ကွယ်သွားနိုင်သည်ဟု ၎င်းကသုံးသပ်သည်။

_____________________________________

(Zawgyi)

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုရန်တင်သွင်းခြင်းနှင့် နိုင်ငံအချုပ်အခြာအာဏာ ထိပါးစေ သည့် လုပ်ရပ်များကို လက်မခံဟု NLD ပြော

နိုဝင်ဘာ ၁၄
ကျော်သူမြင့်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်ဘက်ထိပ်တန်းခေါင်းဆောင်များကို ဘင်္ဂါလီများအပေါ် ကျူးလွန်ခဲ့သည့် မှုခင်းများအတွက် အာဂျင်တီးနားနိုင်ငံတရားရုံးတွင် တရားစွဲဆိုရန် တင်သွင်းလိုက်ပြီးနောက် နိုင်ငံအချုပ်အခြာအာ ဏာထိပါးစေသည့် လုပ်ရပ်များကိုလက်မခံနိုင်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုး ညွှန့်က ပြောသည်။

“သူတို့ရဲ့ စွဲဆိုချက်မှာ တိကျတဲ့အထောက်အထား အချက်အလက်ကို ဘယ်လိုအဖွဲ့အစည်းတွေ က ရယူတာလဲ ဘင်္ဂါလီတွေကို တိုင်းရင်သားဖြစ်ခွင့်တို့ နယ်မြေသီးခြားပေးဖို့တို့စတာတွေပြောဆို နေကြတာပါ။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့ကိစ္စတွေကို ကျွန်တော်တို့က လက်ခံမှာ မဟုတ်ပါဘူး”ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။

အဆိုပါ တရားစွဲဆိုရန်တင်သွင်းမှုကို လက်တင်အမေရိကလူ့အခွင့်အရေးအဖွဲ့တွေက အာဂျင်တီး နားနိုင်ငံမှာ တရားစွဲဆိုရန် တင်သွင်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာတရားစီရင်ပိုင်ခွင့်အရ တင်သွင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ဘင်္ဂါလီကိစ္စနှင့် နိုင်ငံတကာဥပဒေဆိုင်ရာ တရားရုံး(ICJ) တွင် တရားစွဲဆိုရန် တင်သွင်းထားသည်။

“ကျွန်တော်တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူစာချုပ်၊ ကုလသမဂ္ဂနဲ့ သဘောတူစာချုပ် တွေအရ အတိအကျလုပ်ဆောင်နေပါတယ်။ အခုလုပ်ဆောင်မှုက တိုက်ရိုက်တော့ထိခိုက်နစ်နာ မှုမရှိပေမယ့် သတင်းအချက်အလက်ကို မသိတဲ့တချို့နိုင်ငံကြီးတွေက စီးပွားရေးအရ နိုင်ငံရေးအ ရ ဆောင်ရွက်လာမယ်ဆိုရင်တော့ အနည်းနဲ့အများထိခိုက်စေနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ဒေသအတွင်းသို့ တရားမဝင်နိုင်ငံခြားသားများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဘင်္ဂါလီများ ဝင်ရောက်လာပါက အရှေ့တောင်အာရှတွင် အကြမ်းဖက်သမားများ၏ ခြေကုပ်ယူရာဒေသ ဖြစ်လာပြီး ရခိုင်လူမျိုးများ ပျောက်ကွယ်သွားနိုင်သည်ဟု ၎င်းကသုံးသပ်သည်။

Photo : MSCO

Leave a Reply