`​ေရြး​ေကာက္​ပြဲ​ေကာ္​မ႐ွင္​အ​ေပၚ သံသယ႐ွိပါက လာ​ေဆြး​ေႏြးႏိုင္​´ ဟု ဥကၠ႒ဖိတ္​​ေခၚ

0
7

`ရွေးကောက်ပွဲကော်မရှင်အပေါ် သံသယရှိပါက လာဆွေးနွေးနိုင်´ ဟု ဥက္ကဋ္ဌဖိတ်ခေါ်

နိုဝင်ဘာ ၁၄
ယဉ်ကေနွယ်

ရွေးကောက်ပွဲကော်မရှင် အပေါ် သံသယရှိပါက လာရောက်ဆွေးနွေးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်း က ဖိတ်ခေါ်လိုက်သည်။

“ကျွန်တော်တို့ လုပ်တာမှန်သမျှက စံ ၅ ချက် နဲ့ ကိုက်ညီအောင် ကျွန်တော်တို့ ဆောင်ရွက်နေတာ ။ ဒါကြောင့် ကျွန်တော်တို့ အပေါ် သံသယ မရှိပါနဲ့ ။ သံသယ ရှိခဲ့လည်း ကျွန်တော်တို့ လာဆွေးနွေးလို့ရပါတယ်။ ဖိတ်ခေါ်ပါတယ်။ သံသယကြီးနဲ့ပြောတာတော့ ပြောတဲ့လူလည်းမကောင်းဘူး။ ဒါပေမယ့် မသိဘဲနဲ့ ကျွန်တော်တို့ က မဆွေးနွေးနဲ့ ဆိုရင်တော့ လုပ်ပါ။ကျွန်တော်တို့ဆီ အချိန်မရွေးလာပြီးတော့ ပွင့်ပွင့်လင်းလင်း မေးမြန်းလို့ရပါတယ်။ ကျွန်တော်တို့ ဖြေရှင်းပေးမယ်”ဟု ဦးလှသိန်း ကပြောသည်။

ယနေ့ နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင် တွင် နိုင်ငံရေးပါတီနှင့် တွေ့ဆုံပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအာင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားရာတွင် ဦးလှသိန်း က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို စံ ၅ ချက်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ပြီးစီးနေပြီး ရက်သတ်မှတ်ရန်သာ လိုတော့ကြောင်း ဦးလှသိန်း ကပြောသည်။

“ရွေးကောက်ပွဲကြီးကို စံ ၅ ချက်နံဲ့ ညီအောင် လုပ်မှာပါ။ ဒီဟာ တွေပါအောင် ပြည်သူတွေက ကူညီပါ။ ကျွန်တော်တို့က ဒီစံ ၅ ချက် ပြည့်အောင်လို့ အတတ်နိုင်ဆုံးကြိုးစားသွားဆောင်ရွက်သွားပါမယ်”ဟု ဦးလှသိန်း ကပြောသည်။

ထို့ပြင် လာမည့် အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း ကြိုတင်မဲဖြင့် အနိုင်ယူခြင်းမျိုးမရှိစေရေးအတွက် လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးလှသိန်း ကပြောဆိုထားသည်။

________________________________________

(Zawgyi)

`​ေရြး​ေကာက္​ပြဲ​ေကာ္​မ႐ွင္​အ​ေပၚ သံသယ႐ွိပါက လာ​ေဆြး​ေႏြးႏိုင္​´ ဟု ဥကၠ႒ဖိတ္​​ေခၚ

နို၀င္ဘာ ၁၄
ယဥ္ေကႏြယ္

ေရြးေကာက္ပြဲေကာ္မရွင္ အေပၚ သံသယရွိပါက လာေရာက္ေဆြးေႏြးနိုင္ေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္ဥကၠဌ ဦးလွသိန္း က ဖိတ္ေခၚလိုက္သည္။

“ကၽြန္ေတာ္တို႔ လုပ္တာမွန္သမွ်က စံ ၅ ခ်က္ နဲ႔ ကိုက္ညီေအာင္ ကၽြန္ေတာ္တို႔ ေဆာင္ရြက္ေနတာ ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အ​ေပၚ သံသယ မရွိပါနဲ႔ ။ သံသယ ရွိခဲ့လည္း ကၽြန္ေတာ္တို႔ လာေဆြးေႏြးလို႔ရပါတယ္။ ဖိတ္ေခၚပါတယ္။ သံသယႀကီးနဲ႔ေျပာတာ​ေတာ့ ေျပာတဲ့လူလည္းမေကာင္းဘူး။ ဒါေပမယ့္ မသိဘဲနဲ႔ ကၽြန္ေတာ္တို႔ က မေဆြးေႏြးနဲ႔ ဆိုရင္ေတာ့ လုပ္ပါ။ကၽြန္ေတာ္တို႔ဆီ အခ်ိန္မေရြြြးလာၿပီးေတာ့ ပြင့္ပြင့္လင္းလင္း ေမးျမန္းလို႔ရပါတယ္။ ကၽြန္ေတာ္တို႔ ေျဖရွင္းေပးမယ္”ဟု ဦးလွသိန္း ကေျပာသည္။

ယေန႔ ေနျပည္ေတာ္ရွိ ေရြးေကာက္ပြဲေကာ္မရွင္ တြင္ နိုင္ငံေရးပါတီႏွင့္ ေတြ႔ဆံုၿပီး ၂၀၂၀ ျပည့္နွစ္ အေထြေထြေရြးေကာက္ပြဲအာင္ျမင္စြာ က်င္းပနို္င္ေရး ညွိႏႈိင္း အစည္းအေ၀း အဖြင့္မိန္႔ခြန္းေျပာၾကားရာတြင္ ဦးလွသိန္း က အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

လာမည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲႀကီးကို စံ ၅ ခ်က္ျဖင့္ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ေရြးေကာက္ပြဲအတြက္လည္း ႀကိဳတင္ျပင္ဆင္မႈမ်ား လုပ္ေဆာင္ၿပီးစီးေနၿပီး ရက္သတ္မွတ္ရန္သာ လိုေတာ့ေၾကာင္း ဦးလွသိန္း ကေျပာသည္။

“ေရြးေကာက္ပြဲႀကီးကို စံ ၅ ခ်က္နံဲ႔ ညီေအာင္ လုပ္မွာပါ။ ဒီဟာ ေတြပါေအာင္ ျပည္သူေတြက ကူညီပါ။ ကၽြန္ေတာ္တို႔က ဒီစံ ၅ ခ်က္ ျပည့္ေအာင္လို႔ အတတ္နိုင္ဆံုးႀကိဳးစားသြားေဆာင္ရြက္သြားပါမယ္”ဟု ဦးလွသိန္း ကေျပာသည္။

ထို႔ျပင္ လာမည့္ အေထြေထြေရြးေကာက္ပြဲႀကီးတြင္လည္း ႀကိဳတင္မဲျဖင့္ အနိုင္ယူျခင္းမ်ိဳးမရွိေစေရးအတြက္ လည္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦးလွသိန္း ကေျပာဆိုထားသည္။

Leave a Reply