`ဘာသာေရးကို ခုတံုးလုပ္ျပီး မတည္မၿငိမ္ျဖစ္ေအာင္ မေဆာင္ရြက္သင့္´ ဟု တပ္ခ်ဳပ္ေျပာ

0
7

`ဘာသာရေးကို ခုတုံးလုပ်ပြီး မတည်မငြိမ်ဖြစ်အောင် မဆောင်ရွက်သင့်´ ဟု တပ်ချုပ်ပြော

နိုဝင်ဘာ ၁၄
ယဉ်ကေနွယ်

ဘာသာရေးကို ခုတုံးလုပ်ပြီး မတည်မငြိမ်ဖြစ်အောင် မဆောင်ရွက်သင့်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်နေမှုများကိုလည်း အားမပေးသင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုလိုက်သည်။

“ယဉ်ကျေးမှုထုံးတမ်း၊ဓလေ့ထုံးတမ်းတွေ၊ဘာသာရေးဓလေ့ထုံးစံတွေအပေါ် မှီငြမ်းဆောင်ရွက်ရတာမျိုးရှိကောင်းရှိမှာဖြစ်ပေမယ့် မိမိအယူအဆနဲ့ မိမိ ဆောင်ရွက်တဲ့ နေရာမှာ ဘာသာရေးကု ခုတုံးလုပ်ပြီး မတည်မငြိမ်ဖြစ်အောင် မဆေင်ရွက်သင့်ပါဘူး။ လှုံ့ဆေည်မှုမျိုးကိုလည်း အားမပေးသင့်ပါဘူးလို့ ကျွန်တော်ပြောလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောသည်။

ယနေ့ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်း(ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ်မြောက် အကြံပြုဆွေးနွေးပွဲ အဖွင့်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အတူ မည်သည့် ဘာသာ ကိုးကွယ်ကြသည်ဖြစ်စေ အားလုံးသည် မြန်မာနိုင်ငံသားဖြစ်ကြသည့် အတွက် မြန်မာစိတ်မွေးကာ မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိရိုသေကြရမည်ဟု လည်း မှာကြားပြောဆိုခဲ့သည်။

ထို့ပြင် မျှော်မှန်းထားသည့် အနိမ့်ဆုံးပညာအထက်တန်းအဆင့် တတ်မြောက်ရေးနှင့် ကောင်းမွန်သည့် အသိပညာ အတတ်ပညာများရရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမှာကြားပြောဆိုခဲ့သည်။

ယခုကာလသည် ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေခြင်းဖြစ်သည့် အတွက် လိုလားချက်များကို လက်နက်ကိုင်၍ တောင်းဆိုနေလို့ မရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။

“ဒီနေ့ ကာလမှာ ကျွန်တော်တို့ နိုင်ငံဟာ ပြည်သူများရဲ့ ဆန္ဒအတိုင်း ဒီမိုကရေစီ လမ်းကြောင်း ကို လျှောက်လှမ်းနေတာဖြစ်တယ်။ကျွန်တော်တို့ရဲ့ လိုလားချက်တွေကို လက်နက်ကိုင်ပြီးတောင်းဆိုနေလို့ မဖြစ်ပါဘူး။ လက်နက်ကို ဘေးချပြီး ဆွေးနွေးမှုများနဲ့ ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု ၎င်း က မှာကြားပြောဆိုခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ဘာသာပေါင်းစ့ုမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပေါင်းစုံများမှ ကိုယ်စားလှယ်များ တက်ရောက်ကာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ မှ ၁၅ ရက်နေ့ အထိ ၂ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#TheFifthWave

_______________________________________

(Zawgyi)

`ဘာသာေရးကို ခုတံုးလုပ္ျပီး မတည္မၿငိမ္ျဖစ္ေအာင္ မေဆာင္ရြက္သင့္´ ဟု တပ္ခ်ဳပ္ေျပာ

နို၀င္ဘာ ၁၄
ယဥ္ေကႏြယ္

ဘာသာေရးကို ခုတံုးလုပ္​ၿပီး မတည္မၿငိမ္ျဖစ္ေအာင္ မေဆာင္ရြက္သင့္ေၾကာင္းႏွင့္ ထိုသို႔ လႈံ႔ေဆာ္ေနမႈမ်ားကိုလည္း အားမေပးသင့္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ကေျပာဆိုလိုက္သည္။

“ယဥ္ေက်းမႈထံုးတမ္း၊ဓေလ့ထံုးတမ္းေတြ၊ဘာသာေရးဓေလ့ထံုးစံေတြအေပၚ မွီျငမ္းေဆာင္ရြက္ရတာမ်ိဳးရွိေကာင္းရွိမွာျဖစ္ေပမယ့္ မိမိအယူအဆနဲ႔ မိမိ ေဆာင္ရြက္တဲ့ ေနရာမွာ ဘာသာေရးကု ခုတံုးလုပ္ၿပီး မတည္မၿငိမ္ျဖစ္ေအာင္ မေဆင္ရြက္သင့္ပါဘူး။ လႈ႔ံ႕ေဆည္မႈမ်ိဳးကိုလည္း အားမေပးသင့္ပါဘူးလို႔ ကၽြန္ေတာ္ေျပာလိုပါတယ္”ဟု ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ကေျပာသည္။

ယေန႔ ေနျပည္ေတာ္ရွိ သဂၤဟ ဟိုတယ္တြင္ က်င္းပျပဳလုပ္ခဲ့သည့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ဘာသာေပါင္းစံု ၿငိမ္းခ်မ္း(ၿငိမ္းခ်မ္းေမတၱာ)အဖြဲ႔၏ တတိယအႀကိမ္ေျမာက္ အၾကံျပဳေဆြးေႏြးပြဲ အဖြင့္တြင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္မွ အထက္ပါအတိုင္း ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ထို႔အတူ မည္သည့္ ဘာသာ ကိုးကြယ္ၾကသည္ျဖစ္ေစ အားလံုးသည္ ျမန္မာနို္င္ငံသားျဖစ္ၾကသည့္ အတြက္ ျမန္မာစိတ္ေမြးကာ ျမန္မာနို္င္ငံအေပၚ သစၥာေစာင့္သိရိုေသၾကရမည္ဟု လည္း မွာၾကားေျပာဆိုခဲ့သည္။

ထို႔ျပင္ ေမွ်ာ္မွန္းထားသည့္ အနိမ့္ဆံုးပညာအထက္တန္းအဆင့္ တတ္ေျမာက္ေရးႏွင့္ ေကာင္းမြန္သည့္ အသိပညာ အတတ္ပညာမ်ားရရွိ​ေအာင္ ေဆာင္ရြက္ေပးဖို႔ လိုအပ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကမွာၾကားေျပာဆိုခဲ့သည္။

ယခုကာလသည္ ဒီမိုကေရစီ လမ္းေၾကာင္းကို ေလွ်ာက္လွမ္းေနျခင္းျဖစ္သည့္ အတြက္ လိုလားခ်က္မ်ားကို လက္နက္ကိုင္၍ ေတာင္းဆိုေနလို႔ မရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ကေျပာသည္။

“ဒီေန႔ ကာလမွာ ကၽြန္ေတာ္တို႔ နိုင္ငံဟာ ျပည္သူမ်ားရဲ႕ ဆႏၵအတိုင္း ဒီမိုကေရစီ လမ္းေၾကာင္း ကို ေလွ်ာက္လွမ္းေနတာျဖစ္တယ္။ကၽြန္ေတာ္တို႔ရဲ႕ လိုလားခ်က္ေတြကို လက္နက္ကိုင္ၿပီးေတာင္းဆိုေနလို႔ မျဖစ္ပါဘူး။ လက္နက္ကို္ ေဘးခ်ၿပီး ေဆြးေႏြးမႈမ်ားနဲ႔ ၿငိမ္းခ်မ္းေရး ရရွိေအာင္ေဆာင္ရြက္ၾကရမွာျဖစ္ပါတယ္”ဟု ၎ က မွာၾကားေျပာဆိုခဲ့သည္။

အဆိုပါ ေဆြးေႏြးပြဲသို႔ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယ သမၼတ မ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ၊ဘာသာေပါင္းစ့ုမွ ကိုယ္စားလွယ္မ်ားႏွင့္ တိုင္းရင္းသားေပါင္းစံုမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ကာ ေဆြးေႏြးပြဲကို နို၀င္ဘာ ၁၄ ရက္ေန႔ မွ ၁၅ ရက္ေန႔ အထိ ၂ ရက္ၾကာ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Leave a Reply