ဧရာဝတီႏွင့္ မေကြးတိုင္းရိွ ေက်းလက္လမ္းမ်ား ေဖာက္လုပ္ရန္ ADB က ကန္ေဒၚလာ ၄၅ သန္း ေက်ာ္ ေခ်းမည္

0
7

ဧရာဝတီနှင့် မကွေးတိုင်းရှိ ကျေးလက်လမ်းများ ဖောက်လုပ်ရန် ADB က ကန်ဒေါ်လာ ၄၅ သန်း ကျော် ချေးမည်

နိုဝင်ဘာ ၁၄
ဝေဝေဖြိုး

ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးများတွင် ရာသီမရွေး အသုံးပြုနိုင်သည့် ကျေးလက်လမ်းများ ဖောက်လုပ်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ ၄၅ ဒဿမ ၄ သန်းကို ချေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း ယင်းဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာ ၁၅၀ ကို ဖြတ်သန်းသွားသော ကျေးလက်လမ်း အရှည် စုစုပေါင်း ၁၅၂ ကီလိုမီတာအား ရာသီဥတုဒဏ် ခံနိုင်ရည်စွမ်းရှိမည့် ကျောက်ချော လမ်းများအဖြစ် အဆင့်မြှင့်တင် နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ ၅၁ ဒဿမ ၂ သန်းအား ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ADB သည် ကျေးလက်ဒေသလမ်းများနှင့် ကူးသန်း သွားလာရေး စီမံကိန်းအတွက် ကန် ဒေါ်လာ ၄၅ ဒဿမ ၄ သန်းအား ချေးငွေအဖြစ် ထုတ်ချေး မည်ဖြစ်ပြီး ကျန်ရှိသော ကန်ဒေါ်လာ ၅ ဒဿမ ၈ သန်းကို အာရှဖွံ့ဖြိုးရေး ရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ကြေးအဖြစ် ကူညီခဲ့ခြင်းဖြစ်သည်။

“ဒီစီမံကိန်းဟာ ဧရာဝတီနဲ့ မကွေးတိုင်းအတွင်း မြို့နယ် ၄ မြို့နယ်က ကျေးလက်နေ ပြည်သူတွေကိုအားကိုးအားထား ပြုနိုင်ပြီး ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်တဲ့ လမ်းတွေကို ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ကျေးလက်နေ ပြည်သူတွေအနေနဲ့ ပိုကောင်းတဲ့ဈေးကွက်၊ ပိုသာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို လက်လှမ်းမီ လာနိုင်စေမှာ ဖြစ်ပါတယ်”ဟု ADB ၏ အရှေ့တောင်အာရှဒေသ လမ်းပန်းဆိုင်ရာ ပို့ဆောင်ရေး ကျွမ်းကျင်သူ မစ္စတာ Shihiru Date က ပြောသည်။

အဆိုပါ စီမံကိန်းသည် ရှိပြီးလမ်းများ၏ မျက်နှာပြင်ကို ထပ်ပိုး၍ မြင့်တက်လာအောင် ဖောက်လုပ်ပေးခြင်းနှင့် လမ်း၏မျက်နှာပြင်ကိုမူ ဘိလပ်မြေကွန်ကရစ်ကဲ့သို့ ခံနိုင်ရည်ရှိသော ကုန်ကြမ်းများ သုံးစွဲ၍ အချောခင်း သွားမည် ဖြစ်သည်။

ယင်းစီမံကိန်းကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် ရည်မှန်းထားကာ စီမံကိန်း၏ စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅၂ ဒဿမ ၄၁ သန်းဖြစ်ပြီး မြန်မာနိုင်ငံတော်အစိုးရက အမေရိကန် ဒေါ်လာ ၁ ဒဿမ ၂၁ သန်းကို ထည့်ဝင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

“ကျေးလက်လမ်းတွေကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်တဲ့ ဆိုးကျိုးတွေပေးမယ့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာလည်း ဒီစီမံကိန်းက မြန်မာနိုင်ငံကို အကူအညီ ပြုနိုင်စေမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ယင်း စီမံကိန်းသစ်သည် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးဌာန၏ ကျေးလက်လမ်း ကွန်ရက် များအား အသုံးပြု လည်ပတ်စေမှုနှင့် ထိန်းသိမ်းမှုပိုင်းတို့၌ စွမ်းဆောင်ရည် တိုးတက် လာစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

အဆိုပါ စွမ်းဆောင်ရည်များတွင် အရေးပေါ် ပြုပြင်ထိန်းသိမ်းမှုစွမ်းရည်၊ သတင်း အချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာဖြင့် ဒေတာအချက်အလက်များအား အသုံးချကာ သဘာဝဘေးအန္တရာယ် ကြိုတင် စိစစ်တွက်ချက် နိုင်မှု စွမ်းရည်များလည်း ပါဝင်မည်ဖြစ်သည်။

ထို့ပြင် စီမံကိန်း ဧရိယာများအတွင်း၌ ယာဉ်ကူးလူး သွားလာမှု ပုံစံအပြောင်းအလဲများနှင့် ပတ်သက်၍ အသိအမြင် နိုးကြားရရှိစေရန်အတွက် လူထုအခြေပြု လမ်းအန္တရာယ် ကင်းရှင်းစေရေး အစီအစဉ် တစ်ခုကိုလည်း ထည့်သွင်း အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း
သိရသည်။

ကျေးလက်ဒေသများ လမ်းလှမ်းမီမှုဆိုင်ရာ အညွှန်းကိန်း (Rural Access Index) ပါ အချက်အလက်များအရ အာရှဒေသအတွင်းတွင် မြန်မာနိုင်ငံက ကျေးလက်လမ်းများ ဆက်သွယ် လက်လှမ်း မီနိုင်မှုနှုန်း အနိမ့်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေရာ နိုင်ငံ၏ ကျေးလက်လူဦးရေ စုစုပေါင်း အနက် ၄၀ ရာခိုင်နှုန်းကသာ ရာသီမရွေး သုံးစွဲနိုင်သည့် လမ်းများကို အသုံးပြုနိုင်သော အခြေအနေတွင် ရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ပြည်သူ ၄ သန်းကျော်အတွက် လမ်းများ ဆက်သွယ် ဖောက်လုပ်ပေးရန် လိုအပ်နေသေးကာ ပြည်သူ ၁၀ သန်း ကျော်မှာမူ လမ်း အဆက်အသွယ်များ ရရှိနေသော်လည်း မိုးတွင်း ကာလများအတွင်း အသုံးပြု ဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြကြောင်း ADB က ဆိုသည်။

ADB ၏ လေ့လာချက်များအရ မြန်မာနိုင်ငံ၏ ကျေးလက်လမ်းကွန်ရက် ၉၅,၀၀၀ ကီလိုမီတာရှိသည့် အနက် ၆ ရာခိုင်နှုန်းကိုသာ ထပ်ပိုး အချောလမ်းခင်းထားပေးနိုင်ပြီး ၂၈ ရာခိုင်နှုန်းမှာ ကျောက်စရစ်လမ်း (သို့မဟုတ်) ကျောက်လမ်း အဆင့်တွင်သာ ရှိနေသေးသည် ဟုဆိုသည်။

ADB ကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ဒေသတွင်းမှ ၄၉ ဦး ပါဝင်သည်။

_______________________________________

(Zawgyi)

ဧရာဝတီႏွင့္ မေကြးတိုင္းရိွ ေက်းလက္လမ္းမ်ား ေဖာက္လုပ္ရန္ ADB က ကန္ေဒၚလာ ၄၅ သန္း ေက်ာ္ ေခ်းမည္

နိုဝင္ဘာ ၁၄
ေဝေဝၿဖိဳး

ဧရာဝတီႏွင့္ မေကြးတိုင္းေဒသႀကီးမ်ားတြင္ ရာသီမေရြး အသုံးျပဳနိုင္သည့္ ေက်းလက္လမ္းမ်ား ေဖာက္လုပ္ရန္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) က အေမရိကန္ေဒၚလာ ၄၅ ဒႆမ ၄ သန္းကို ေခ်းေငြအျဖစ္ ေပးအပ္သြားမည္ျဖစ္ေၾကာင္း ယင္းဘဏ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဧရာဝတီႏွင့္ မေကြးတိုင္းေဒသႀကီးမ်ားအတြင္းရွိ ေက်းရြာ ၁၅၀ ကို ျဖတ္သန္းသြားေသာ ေက်းလက္လမ္း အရွည္ စုစုေပါင္း ၁၅၂ ကီလိုမီတာအား ရာသီဥတုဒဏ္ ခံနိုင္ရည္စြမ္းရွိမည့္ ေက်ာက္ေခ်ာ လမ္းမ်ားအျဖစ္ အဆင့္ျမႇင့္တင္ နိုင္ရန္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) က အေမရိကန္ေဒၚလာ ၅၁ ဒႆမ ၂ သန္းအား ေထာက္ပံ့ေပးသြားမည္ျဖစ္သည္။

ADB သည္ ေက်းလက္ေဒသလမ္းမ်ားႏွင့္ ကူးသန္း သြားလာေရး စီမံကိန္းအတြက္ ကန္ ေဒၚလာ ၄၅ ဒႆမ ၄ သန္းအား ေခ်းေငြအျဖစ္ ထုတ္ေခ်း မည္ျဖစ္ၿပီး က်န္ရွိေသာ ကန္ေဒၚလာ ၅ ဒႆမ ၈ သန္းကို အာရွဖြံ႕ၿဖိဳးေရး ရန္ပုံေငြမွ ေပးအပ္ေသာ ေထာက္ပံ့ေၾကးအျဖစ္ ကူညီခဲ့ျခင္းျဖစ္သည္။

“ဒီစီမံကိန္းဟာ ဧရာဝတီနဲ႔ မေကြးတိုင္းအတြင္း ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္က ေက်းလက္ေန ျပည္သူေတြကိုအားကိုးအားထား ျပဳနိုင္ၿပီး ရာသီဥတုဒဏ္ ႀကံ့ႀကံ့ခံနိုင္တဲ့ လမ္းေတြကို ေပးအပ္သြားမွာပဲ ျဖစ္ပါတယ္။ ဒီနည္းအားျဖင့္ ေက်းလက္ေန ျပည္သူေတြအေနနဲ႔ ပိုေကာင္းတဲ့ေဈးကြက္၊ ပိုသာတဲ့ အလုပ္အကိုင္ အခြင့္အလမ္းေတြကို လက္လွမ္းမီ လာနိုင္ေစမွာ ျဖစ္ပါတယ္”ဟု ADB ၏ အေရွ႕ေတာင္အာရွေဒသ လမ္းပန္းဆိုင္ရာ ပို႔ေဆာင္ေရး ကၽြမ္းက်င္သူ မစၥတာ Shihiru Date က ေျပာသည္။

အဆိုပါ စီမံကိန္းသည္ ရိွၿပီးလမ္းမ်ား၏ မ်က္ႏွာျပင္ကို ထပ္ပိုး၍ ျမင့္တက္လာေအာင္ ေဖာက္လုပ္ေပးျခင္းႏွင့္ လမ္း၏မ်က္ႏွာျပင္ကိုမူ ဘိလပ္ေျမကြန္ကရစ္ကဲ့သို႔ ခံႏိုင္ရည္ရိွေသာ ကုန္ၾကမ္းမ်ား သံုးစြဲ၍ အေခ်ာခင္း သြားမည္ ျဖစ္သည္။

ယင္းစီမံကိန္းကို ၂၀၂၅ ခုႏွစ္ နွစ္ကုန္ပိုင္းတြင္ ၿပီးစီးရန္ ရည္မွန္းထားကာ စီမံကိန္း၏ စုစုေပါင္း ကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ ၅၂ ဒႆမ ၄၁ သန္းျဖစ္ၿပီး ျမန္မာႏိုင္ငံေတာ္အစိုးရက အေမရိကန္ ေဒၚလာ ၁ ဒႆမ ၂၁ သန္းကို ထည့္ဝင္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္းသိရသည္။

“ေက်းလက္လမ္းေတြကို ဆိုးဆိုးရြားရြား ပ်က္စီးေစႏိုင္တဲ့ ဆိုးက်ိဳးေတြေပးမယ့္ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ စိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္းရာမွာလည္း ဒီစီမံကိန္းက ျမန္မာႏိုင္ငံကို အကူအညီ ျပဳႏိုင္ေစမွာ ျဖစ္ပါတယ္” ဟု ၎ကေျပာသည္။

ယင္း စီမံကိန္းသစ္သည္ ေက်းလက္လမ္းမ်ား ဖြံ႕ၿဖိဳးေရးဌာန၏ ေက်းလက္လမ္း ကြန္ရက္ မ်ားအား အသုံးျပဳ လည္ပတ္ေစမႈႏွင့္ ထိန္းသိမ္းမွုပိုင္းတို႔၌ စြမ္းေဆာင္ရည္ တိုးတက္ လာေစရန္ ေဆာင္ရြက္ေပးသြားမည္ ျဖစ္သည္။

အဆိုပါ စြမ္းေဆာင္ရည္မ်ားတြင္ အေရးေပၚ ျပဳျပင္ထိန္းသိမ္းမွုစြမ္းရည္၊ သတင္း အခ်က္ အလက္ႏွင့္ ဆက္သြယ္ေရး နည္းပညာျဖင့္ ေဒတာအခ်က္အလက္မ်ားအား အသုံးခ်ကာ သဘာဝေဘးအႏၲရာယ္ ႀကိဳတင္ စိစစ္တြက္ခ်က္ နိုင္မႈ စြမ္းရည္မ်ားလည္း ပါဝင္မည္ျဖစ္သည္။

ထို႔ျပင္ စီမံကိန္း ဧရိယာမ်ားအတြင္း၌ ယာဥ္ကူးလူး သြားလာမႈ ပုံစံအေျပာင္းအလဲမ်ားႏွင့္ ပတ္သက္၍ အသိအျမင္ နိုးၾကားရရွိေစရန္အတြက္ လူထုအေျချပဳ လမ္းအႏၲရာယ္ ကင္းရွင္းေစေရး အစီအစဥ္ တစ္ခုကိုလည္း ထည့္သြင္း အေကာင္အထည္ ေဖာ္သြားမည္ ျဖစ္ေၾကာင္း
သိရသည္။

ေက်းလက္ေဒသမ်ား လမ္းလွမ္းမီမွုဆိုင္ရာ အညႊန္းကိန္း (Rural Access Index) ပါ အခ်က္အလက္မ်ားအရ အာရွေဒသအတြင္းတြင္ ျမန္မာနိုင္ငံက ေက်းလက္လမ္းမ်ား ဆက္သြယ္ လက္လွမ္း မီနိုင္မႈႏွုန္း အနိမ့္ဆုံး နိုင္ငံမ်ားထဲတြင္ ပါဝင္ေနရာ နိုင္ငံ၏ ေက်းလက္လူဦးေရ စုစုေပါင္း အနက္ ၄၀ ရာခိုင္ႏွုန္းကသာ ရာသီမေရြး သုံးစြဲနိုင္သည့္ လမ္းမ်ားကို အသုံးျပဳနိုင္ေသာ အေျခအေနတြင္ ရွိေနေၾကာင္းသိရသည္။

ျမန္မာနိုင္ငံတြင္ ျပည္သူ ၄ သန္းေက်ာ္အတြက္ လမ္းမ်ား ဆက္သြယ္ ေဖာက္လုပ္ေပးရန္ လိုအပ္ေနေသးကာ ျပည္သူ ၁၀ သန္း ေက်ာ္မွာမူ လမ္း အဆက္အသြယ္မ်ား ရရွိေနေသာ္လည္း မိုးတြင္း ကာလမ်ားအတြင္း အသုံးျပဳ ျဖတ္သန္းသြားလာနိုင္ျခင္း မရွိၾကေၾကာင္း ADB က ဆိုသည္။

ADB ၏ ေလ့လာခ်က္မ်ားအရ ျမန္မာနိုင္ငံ၏ ေက်းလက္လမ္းကြန္ရက္ ၉၅,၀၀၀ ကီလိုမီတာရွိသည့္ အနက္ ၆ ရာခိုင္ႏွုန္းကိုသာ ထပ္ပိုး အေခ်ာလမ္းခင္းထားေပးနိုင္ၿပီး ၂၈ ရာခိုင္ႏွုန္းမွာ ေက်ာက္စရစ္လမ္း (သို႔မဟုတ္) ေက်ာက္လမ္း အဆင့္တြင္သာ ရွိေနေသးသည္ ဟုဆိုသည္။

ADB ကို ၁၉၆၆ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး အဖြဲ႕ဝင္ ၆၈ ဦးရွိကာ ေဒသတြင္းမွ ၄၉ ဦး ပါဝင္သည္။

Leave a Reply