ဘဂၤါလီေတြကိုက်ဴးလြန္တဲ့မႈခင္းေတြအတြက္ အာဂ်င္တီးနားမွာ တရားစြဲဖို႔တင္သြင္းတဲ့အထဲ နုိင္ငံေတာ္အတိုင္ပင္ခံပါ၀င္ေန

0
7

ဘင်္ဂါလီတွေကိုကျူးလွန်တဲ့မှုခင်းတွေအတွက် အာဂျင်တီးနားမှာ တရားစွဲဖို့တင်သွင်းတဲ့အထဲ နိုင်ငံတော်အတိုင်ပင်ခံပါဝင်နေ

နိုဝင်ဘာ ၁၄
နိုင်ငံတကာသတင်း

ဒီမိုကရေစီအမှတ်အသားဟောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့ကအာဂျင်တီးနားနိုင်ငံမှာ ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) တွေအပေါ်ကျူးလွန်ခဲ့တဲ့မှုခင်းတွေအတွက် တရားစွဲဖို့တင်သွင်းလိုက်တဲ့မြန်မာထိပ်တန်းအာဏာပိုင်တွေထဲမှာပါဝင်ခဲ့ပြီး နိုဗယ်ဆုရှင်တစ်ယောက် ပဋိပက္ခတစ်ခုမှာ ပထမဆုံးပစ်မှတ်ထားခံခဲ့ရပါတယ်။

ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)နဲ့ လက်တင်အမေရိကလူ့အခွင့်အရေးအဖွဲ့တွေက အာဂျင်တီးနားနိုင်ငံမှာတရားစွဲဖို့တင်သွင်းခဲ့တာဖြစ်ပြီး နိုင်ငံတော်တော်များများမှာလက်ခံထားတဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်အရတင်သွင်းခဲ့တာပါ။

စီရင်ခွင့်မှာပါတဲ့အဆိုတွေအရ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ပြစ်မှုတွေအပါအဝင် တချို့ပုဒ်မတွေက ကြောက်စရာကောင်းလွန်းလို့ တစ်နိုင်ငံတည်းမှာမဟုတ်ဘဲ ဘယ်နေရာမှာမဆိုတရားစွဲဆိုဖို့တင်ပြနိုင်ပါတယ်။

ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) မွတ်ဆလင်တွေတည်ရှိနေမှုကိုခြိမ်းခြောက်နေတယ်ဆိုတဲ့စွဲချက်နဲ့ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်တပ်နဲ့နိုင်ငံရေးထိပ်တန်းခေါင်းဆောင်တွေကို တရားစီရင်ဖို့ တောင်းဆိုထားပါတယ်။

အာဂျင်တီးနားတရားရုံးတွေမှာ နိုင်ငံတကာစီရင်ပိုင်ခွင့်နဲ့တရားစွဲဆိုထားတဲ့အမှုတွေရှိနေပြီး စပိန်နိုင်ငံက အာဏာရှင်ဖရန်စစ်ကို ဖရန်ကိုအုပ်ချုပ်စဉ်ကာလကဖြစ်ရပ်တွေနဲ့ တရုတ်နိုင်ငံက ဖာလောင်ဂွန်းလှုပ်ရှားမှုနဲ့ဆက်စပ်တဲ့ဖြစ်ရပ်တွေလည်းပါဝင်ပါတယ်။

၂၀၁၇ ခုနှစ်က ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေထွက်ပြေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ဖိအားတွေရင်ဆိုင်နေရပါတယ်။

တနင်္လာနေ့ကလည်း ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကို အလားတူကိစ္စနဲ့ နိုင်ငံတကာဥပဒေဆိုင်ရာတရားရုံး(ICJ)မှာ တရားစွဲဆိုထားပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC)ရှေ့နေတွေကလည်း ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေခိုလှုံနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစဦးစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဘင်္ဂါလီတွေနေရပ်ပြန်နိုင်အောင် စိစစ်လက်ခံဖို့ကတိပြုထားပါတယ်။

ဒါပေမဲ့ နေရပ်ပြန်ရေးမှာ ဘင်္ဂါလီတွေရဲ့ပြန်ချင်စိတ်မရှိမှုကြောင့် ယနေ့အထိအကောင်အထည်မပေါ်သေးဘဲနဲ့ မိမိဆန္ဒအလျှောက်ပြန်လာသူ ရာဂဏန်းသာရှိပါတယ်။

Source-AFP

#ဥက္ကာ#TheFifthWaveNewsPhoto-State Counsellor Office

_______________________________________

(Zawgyi)

ဘဂၤါလီေတြကိုက်ဴးလြန္တဲ့မႈခင္းေတြအတြက္ အာဂ်င္တီးနားမွာ တရားစြဲဖို႔တင္သြင္းတဲ့အထဲ နုိင္ငံေတာ္အတိုင္ပင္ခံပါ၀င္ေန

ႏို၀င္ဘာ ၁၄
နိုင္ငံတကာသတင္း

ဒီမိုကေရစီအမွတ္အသားေဟာင္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဗုဒၶဟူးေန႔ကအာဂ်င္တီးနားႏိုင္ငံမွာ ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) ေတြအေပၚက်ဴးလြန္ခဲ့တဲ့မႈခင္းေတြအတြက္ တရားစြဲဖို႔တင္သြင္းလိုက္တဲ့ျမန္မာထိပ္တန္းအာဏာပိုင္ေတြထဲမွာပါ၀င္ခဲ့ၿပီး ႏိုဗယ္ဆု႐ွင္တစ္ေယာက္ ပဋိပကၡတစ္ခုမွာ ပထမဆံုးပစ္မွတ္ထားခံခဲ့ရပါတယ္။

ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)နဲ႔ လက္တင္အေမရိကလူ႔အခြင့္အေရးအဖြဲ႔ေတြက အာဂ်င္တီးနားႏိုင္ငံမွာတရားစြဲဖို႔တင္သြင္းခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာလက္ခံထားတဲ့ ႏိုင္ငံတကာတရားစီရင္ပိုင္ခြင့္အရတင္သြင္းခဲ့တာပါ။

စီရင္ခြင့္မွာပါတဲ့အဆိုေတြအရ စစ္ရာဇ၀တ္မႈေတြနဲ႔ လူသားမ်ိဳးႏြယ္ကိုဆန္႔က်င္တဲ့ျပစ္မႈေတြအပါအ၀င္ တခ်ိဳ႕ပုဒ္မေတြက ေၾကာက္စရာေကာင္းလြန္းလို႔ တစ္ႏိုင္ငံတည္းမွာမဟုတ္ဘဲ ဘယ္ေနရာမွာမဆိုတရားစြဲဆိုဖို႔တင္ျပႏိုင္ပါတယ္။

ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) မြတ္ဆလင္ေတြတည္႐ွိေနမႈကိုၿခိမ္းေျခာက္ေနတယ္ဆိုတဲ့စြဲခ်က္နဲ႔ တပ္ခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ အရပ္သားေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ စစ္တပ္နဲ႔ႏိုင္ငံေရးထိပ္တန္းေခါင္းေဆာင္ေတြကို တရားစီရင္ဖို႔ ေတာင္းဆိုထားပါတယ္။

အာဂ်င္တီးနားတရား႐ံုးေတြမွာ နိုင္ငံတကာစီရင္ပို္င္ခြင့္နဲ႔တရားစြဲဆိုထားတဲ့အမႈေတြ႐ွိေနၿပီး စပိန္ႏိုင္ငံက အာဏာ႐ွင္ဖရန္စစ္ကို ဖရန္ကိုအုပ္ခ်ဳပ္စဥ္ကာလကျဖစ္ရပ္ေတြနဲ႔ တ႐ုတ္ႏိုင္ငံက ဖာေလာင္ဂြန္းလႈပ္႐ွားမႈနဲ႔ဆက္စပ္တဲ့ျဖစ္ရပ္ေတြလည္းပါ၀င္ပါတယ္။

၂၀၁၇ ခုႏွစ္က ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြထြက္ေျပးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံဟာ ဖိအားေတြရင္ဆို္င္ေနရပါတယ္။

တနလၤာေန႔ကလည္း ဂမ္ဘီယာႏုိ္င္ငံကျမန္မာႏိုင္ငံကို အလားတူကိစၥနဲ႔ ႏိုင္ငံတကာဥပေဒဆိုင္ရာတရား႐ံုး(ICJ)မွာ တရားစြဲဆိုထားပါတယ္။

၂၀၁၈ ခုႏွစ္တုန္းကလည္း ႏိုင္ငံတကာရာဇ၀တ္မႈဆိုင္ရာတရား႐ံုး (ICC)ေ႐ွ႕ေနေတြကလည္း ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)ေတြခိုလႈံေနတဲ့ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွာ အစဦးစံုစမ္းစစ္ေဆးမႈေတြလုပ္ခဲ့ပါတယ္။

ျမန္မာအစုိးရဘက္ကေတာ့ စြပ္စြဲခ်က္ေတြကို ျငင္းဆိုထားၿပီး ဘဂၤါလီေတြေနရပ္ျပန္နိုင္ေအာင္ စိစစ္လက္ခံဖို႔ကတိျပဳထားပါတယ္။

ဒါေပမဲ့ ေနရပ္ျပန္ေရးမွာ ဘဂၤါလီေတြရဲ႕ျပန္ခ်င္စိတ္မ႐ွိမႈေၾကာင့္ ယေန႔အထိအေကာင္အထည္မေပၚေသးဘဲနဲ႔ မိမိဆႏၵအေလွ်ာက္ျပန္လာသူ ရာဂဏန္းသာ႐ွိပါတယ္။

Source-AFP

#ဥကၠာ#TheFifthWaveNewsPhoto-State Counsellor Office

Leave a Reply